Home သတင်း ဝင်းဖုန်း‌တောင် ‌ဒေသကို ရပ်ရွာလူထုအ‌ခြေပြု ခရီးသွားလုပ်ငန်း ‌ဖော်‌ဆောင်ရန် လျာထား

ဝင်းဖုန်း‌တောင် ‌ဒေသကို ရပ်ရွာလူထုအ‌ခြေပြု ခရီးသွားလုပ်ငန်း ‌ဖော်‌ဆောင်ရန် လျာထား

3621

‌မေ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်း‌တောင် ပတ်ဝန်းကျင်ကို ရပ်ရွာလူထု အ‌ခြေပြု ခရီးသွားလုပ်ငန်း (CBT) ‌ဒေသအဖြစ် ‌ဖော်‌ဆောင်ရန် လျာထား‌ဆောင်ရွက်‌နေသည်ဟု မွန်ပြည်နယ်၊ လွှတ်‌တော် တိုင်းရင်းသား‌ရေးရာ ‌ကော်မတီအဖွဲ့ဝင် ‌စော‌ကျော်မိုးက ‌ကေအိုင်စီသို့ ယ‌နေ့(‌မေ ၂၁ ရက်)တွင် ‌ပြောသည်။

၎င်းက “ ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားဦးစီးဌာနက ပြည်နယ်မှူးရယ်၊ ကျ‌နော်ရယ်၊ ‌ကေအဲန်ယူက ခရိုင်တာဝန် ရှိသူရယ် ကွင်းဆင်းပြီး‌တော့ ရွာရဲ့သ‌ဘောထားကို ကျ‌နော်တို့ ‌တောင်းခံတယ်။ ရွာကလည်းလက်ခံလို့ ‌ဒေသခံ ‌ကော်မတီ-ဝင်းဖုန်းကို လွန်ခဲ့တဲ့ နှစ်ပတ်‌လောက်က ဖွဲ့စည်းလိုက်တယ်။ လုပ်ဖို့က ကိုးဆယ်ရာခိုင်နှုန်း‌လောက် အဆင်သင့်ဖြစ်‌နေပါပြီး၊ ခရီးသွား ‌အေဂျင်စီ‌တွေ ပူး‌ပေါင်းဖို့ပဲ ကျန်‌တော့တယ်” ဟု ‌စော‌ကျော်မိုးက ‌ပြောသည်။

အဆိုပါ ဝင်းဖုန်း‌တောင်သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ‌ကျေးရွာမှ ဒုံသမိ‌ချောင်းအတိုင်း တစ်နာ ရီခွဲခန့် စက်‌လှေဖြင့်သွား‌ရောက်ရမည်ဖြစ်ပြီး ‌ချောင်းတစ်‌လျှောက် သဘာဝအလှအပများကို ‌လေ့လာနိုင်သလို ဝင်းဖုန်း‌တောင်ရှိ သဘာဝထုံး‌ကျောက်ဂူကို ဝင်‌ရောက်‌လေ့လာနိုင်မည်ဖြစ်သည်။

ထို့အပြင် အနီးရှိ ဓါတ်ကျိုက်‌တောင်၊ မင်းလွင်‌တောင်တို့ရှိ ထုံး‌ကျောက်လိုဏ်ဂူများအား‌လေ့လာခြင်း၊ စွန့်စွန့် စားစား ခရီးသွားလာခြင်း၊ ‌ဒေသခံကရင်တိုင်းရင်းသားတို့၏ ယဉ်‌ကျေးမှု ဓ‌လေ့စရိုက်များအား‌လေ့လာ နိုင်သလို ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် ခရီးသွားရင်းပါဝင်‌ဆောင်ရွက်နိုင်မည့် ခရီးစဉ် ဖြစ်‌ကြောင်း ‌စော‌ကျော်မိုးက ‌ပြောသည်။

ယခုလို ရပ်ရွာလူထု အ‌ခြေပြု ခရီးသွားလုပ်ငန်း (CBT) ‌ဖော်‌ဆောင်နိုင်ပါက ‌ဒေသခံများအ‌နေဖြင့် စက်‌လှေ ‌မောင်းခြင်း၊ လမ်းပြခြင်း၊ ထမင်းချက်ခြင်းနှင့် တည်းခို‌ရေးစသည့်အပိုင်းကို ‌ဒေသခံ ‌ကော်မတီက လုပ်‌ဆောင် သွားမည်ဖြစ်ပြီး လာမည့် ‌မေ ၂၅-၂၆ ရက်‌နေ့တွင် မန္တ‌လေးမြို့ရှိ စွန့်စားခရီးသွားများ လာ‌ရောက်လည်ပတ် မည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ဝင်းဖုန်း‌တောင်‌ဒေသသည် ယခင်က နယ်‌မြေ မတည်ငြိမ်မှု‌ကြောင့် လူအ‌ရောက်နည်းကာ သဘာဝ အ လှအတိုင်းတည်ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ကွင်းဆင်း‌လေ့လာ‌ရေး ခရီးသွား‌ရောက်ခဲ့ပြီး‌နောက် ချိတ်ဆက်စီစဉ်မှုဖြင့် ယခုလို ရပ်ရွာလူထု အ‌ခြေပြု ခရီး သွားလုပ်ငန်း ‌ဖော်‌ဆောင်ရန် လျာထားလုပ်‌ဆောင်နိုင်ခဲ့ခြင်း ဖြစ်‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။