Home သတင်း ယခုနှစ် ‌လောင်းကိုင် ဒူးရင်းသီးပွဲ‌တော် မကျင်းပနိုင်‌သေး

ယခုနှစ် ‌လောင်းကိုင် ဒူးရင်းသီးပွဲ‌တော် မကျင်းပနိုင်‌သေး

3682

‌မေလ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

နှစ်စဉ်ကျင်းပသည့် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်ရှိ ‌လောင်းကိုင်‌ကျေးရွာ ဒူးရင်းသီးပွဲ‌တော်ကို ဒူးရင်းသီး ထွက်နှုန်းအ‌ခြေအ‌နေ‌ကြောင့် ယခုနှစ်‌မေလတွင် မကျင်းပနိုင်‌သေး‌ကြောင်း ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်များက ‌ပြောသည်။

ပြီးခဲ့သည့်နှစ်က ‌မေလ ၁၂ ရက်‌နေ့တွင် ပွဲ‌တော်ကျင်းပခဲ့‌သော်လည်း လ၊ ရက်၊ အတိအကျ သတ်မှတ်ပြီးမှ ကျင်းပသည့် ပွဲ‌တော်မဟုတ်သလို ဒူးရင်းသီ;ထွက်နှုန်းအ‌ခြေအ‌နေ‌ပေါ်မူတည်ကာ ယခုနှစ်တွင် ဒူးရင်းသီးမှည့် သည့်အချိန် ‌နောက်ကျသည့်အတွက် ပွဲ‌တော်ကိုလည်း ‌နောက်ကျမှ ကျင်းပနိုင်မည်ဖြစ်သည်ဟု ဒူးရင်းသီးပွဲ‌တော် ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်တစ်ဦးဖြစ်သူ မန်းထွန်းလင်းက ‌ပြောသည်။

“ ဒီနှစ်က မိုးနည်းနည်း ‌နောက်ကျ‌တော့ ဒူးရင်းသီး‌တွေလည်း ဒီချိန်အသီးမများ‌သေးဘူး။ ကျင်းပ‌တော့ ကျင်းပ မယ်၊ နည်းနည်း ‌နောက်ကျမယ်။ ကျ‌နော့်အထင် ၆ လပိုင်းကုန်‌လောက်မှ ကျင်းပနိုင်မယ်။ ပြီးခဲ့နှစ်က လူလာ ‌တော်‌တော် လာများ‌တော့ အကုန်မစားရဘူး။ မနှစ်ကလို ဖြစ်မှာ‌ကြောက်လို့ ဒီနှစ်ကဘယ်လိုပုံစံနဲ့ ပြန်ကျင်းပ မလဲ‌တော့ ကျ‌နော်တို့ အစည်းအ‌ဝေးပြန်ထိုင်ပြီးမှ သိမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လောင်းကိုင်ဒူးရင်းသီးပွဲ‌တော်သည် လူသိများလာသည့် ပွဲ‌တော်ဖြစ်သလို ဒူးရင်းသီးအပြင် ခြံထွက်သီးနှံများဖြစ် သည့် မင်းကွတ်သီး၊ နာနတ်သီးများနှင့် ထမင်းများလည်း ဧည့်ခံ‌ကျွေး‌မွေးလှူဒါန်းသည့် ‌ဒေသပွဲ‌တော်တစ်ခုဖြစ် ကာ ပြီးခဲ့သည့်နှစ်မှာ ဒူးရင်းသီးအလုံး ၈,ဝဝဝ(ရှစ်‌ထောင်)‌ကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။

‌လောင်းကိုင်ရွာ ‌ဒေသခံတစ်ဦးဖြစ်သည့် မန်း‌ဒေါင်ပိုင်က“ ဒီနှစ်က ‌နောက်ကျမယ်၊ အခု‌တောင် ဒူးရင်းသီး သိပ်မမှည့်‌သေးဘူး။ တချို့လူ‌တွေက ပြီးခဲ့တဲ့နှစ်အချိန်အတိုင်းပဲ ကျင်းပမယ်လိုု့ထင်တာ အင်တာနက်မှာလည်း ‌ကောလာဟလသတင်းပြန့်တာ ‌တွေ့ရတယ်။ ရက်မှားပြီးလာမှာ‌ကြောက်တယ်။ ဒီလမှာ ကျင်းပဖို့ မဖြစ်နိုင်‌သေး ဘူးလို့ ‌ပြောချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပွဲ‌တော်သည် နှစ်စဉ် ‌လောင်းကိုင်‌ကျေးရွာရှိ ၅ ရပ်ကွက်မှ စု‌ပေါင်းလှူဒါန်းသည့်ပွဲ‌တော်ဖြစ်‌သော်လည်း ပြီးခဲ့သည့် နှစ်မှစတင်ပြီး ရပ်နှီးရပ်‌ဝေးမှ လူအများအပြား လာ‌ရောက်သည့်အတွက် ယခုနှစ်တွင် အနီးနားရှိ ဒူးရင်းထွက်သည့် ကြာအင်း၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းက စသည့် ‌ကျေးရွားများနှင့်လည်း ပူး‌ပေါင်းပါဝင်လာနိုင် ရန် ‌ဆွေး‌နွေးသွားရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

ဒူးရင်းသီးပွဲ‌တော်သည် ‌လောင်းကိုင်‌ကျေးရွာအ‌နေဖြင့် နှစ်စဉ်ကျင်းပလာသည့် အစဉ်လာတစ်ခုဖြစ်လာပြီး ခြံသမားများက မိမိခြံမှ ထွက်သည့် သီးနှံများကို အများသူ လာ‌ရောက်စားသုံးနိုင်ရန် ဘိုးဘွားမိဘများအတွက် ရည်စူး၍ ပွဲ‌တော်ကျင်းပလာခဲ့ကာ ၄၅ ကြိမ်‌မြောက်ပြီဖြစ်သည်ဟု သိရသည်။