Home သတင်း မြန်မာနိုင်ငံ၏ သတင်းမီဒီယာဥပ‌ဒေပြင်ဆင်‌ရေး အကြိတ်အနယ် ‌ဆွေး‌နွေးခဲ့

မြန်မာနိုင်ငံ၏ သတင်းမီဒီယာဥပ‌ဒေပြင်ဆင်‌ရေး အကြိတ်အနယ် ‌ဆွေး‌နွေးခဲ့

2266

‌ဖေ‌ဖော်ဝါရီ ၁၇ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံ သတင်းမီဒီယာ‌ကောင်စီ(MPC)က ကြီးမှူးကျင်းပသည့် သတင်းမီဒီယာပြင်ဆင်‌ရေး ‌ဆွေး‌နွေးပွဲကို ရန်ကုန်မြို့၊ Green Hill hotel တွင် ‌ဖေ‌ဖော်ဝါရီလ ၁၇ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ရာတွင် တက်‌ရောက်လာကြသည့် သတင်းမီဒီယာ အသိုင်း အဝိုင်း အပါအဝင် မိတ်ဖက်အဖွဲ့များ၊ ဥပ‌ဒေပညာရှင်များက အကြိတ်အနယ် ‌ဆွေး‌နွေး ဖြည့်စွက် အကြံပြုခဲ့ကြသည်။

‌ဆွေး‌နွေးပွဲကို MPC ၏ ဥက္ကဌ ဦးအုန်းကြိုင်နှင့် ဒုတိယဥက္ကဌ ‌ဒေါက်တာမျိုးသန့်တင်တို့က နှုတ်ခွန်းဆက်စကားနှင့် အဖွင့်အမှာ စကား ‌ပြောကြားခဲ့ကြရာ ‌ဒေါက်တာမျိုးသန့်တင်က သတင်းမီဒီယာဥပ‌ဒေပြင်ဆင်‌ရေးအတွက် ‌ဆွေး‌နွေးရရှိလာမည့် အချက်များ ကို မူကြမ်း‌ကော်မတီက လွှတ်‌တော်သို့တင်ပြနိုင်ရန် ပြန်ကြား‌ရေးဝန်ကြီးဌာနနှင့် တိုင်ပင်ထား‌ကြောင်း ထည့်သွင်း‌ပြောကြားခဲ့ သည်။

အဆိုပါ‌ဆွေး‌နွေးပွဲတွင် ပြင်ဆင်ရမည့် သတင်းမီဒီယာဥပ‌ဒေကို တက်‌ရောက်လာကြသူများက အခန်းလိုက် ‌ဆွေး‌နွေးတင်ပြ ခြင်း၊ အခန်း(၁၁)ခန်းပါ သတင်းမီဒီယာဥပ‌ဒေပြင်ဆင်ချက်မူကြမ်းကို နည်းဥပ‌ဒေနှင့်ယှဉ်၍ ‌ထောက်ပြ၊ ‌ဆွေး‌နွေး၊ ‌မေးမြန်း၊ အကြံပြုခြင်း၊ အထူးသဖြင့် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များ၊ ‌ကောင်စီဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များကို အ‌ကျေအလည် ‌ဆွေး‌နွေးခဲ့ကြကာ မှတ်တမ်းတင်၍ အချက်အလက် စု‌ဆောင်းရယူခဲ့ကြသည်။

ပါဝင်‌ဆွေး‌နွေးသူတစ်ဦးဖြစ်သည့် လွတ်လပ်‌သောထုတ်‌ဖော်‌ပြောဆိုခြင်း-မြန်မာ(Free Expression Myanmar)မှ မရင်ရတနာ သိန်းက ယခုကဲ့သို့ ‌ဆွေး‌နွေး‌ပြောဆိုလိုက်ခြင်းအားဖြင့် သတင်းမီဒီယာ‌ကောင်စီ၏ အခန်းကဏ္ဍနှင့် လိုအပ်ချက်များကို သိရှိလာ ခဲ့ရပြီး ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်းများနှင့် ‌ရှေ့ဆက် ဖြည့်ဆည်း‌ဆောင်ရွက်သွားရမည့်အချက်များကို သိရှိလာခဲ့ရသည်ဟု ‌ပြောသည်။

“ပထမပိုင်းအ‌နေနဲ့က‌တော့ MPC ကို တကယ့် Advocacy role မှာ မြင်‌တွေ့ရလို့ ဒါက strong ဖြစ်တယ်။ ‌နောက်ပိုင်းမှာ‌တော့ ဝန်ကြီးဌာနနဲ့၊ စီအက်စ်အို‌တွေ မီဒီယာသမား‌တွေကြားမှာ ညှိကြနှိုင်းကြပြီး‌တော့မှ ‌အောင်မြင်‌ရေး၊ မ‌အောင်မြင်‌ရေးဆိုတာ ‌နောက်တစ်ပိုင်း‌ပေါ့။ ဒီ‌နေ့တစ်ရက်တည်းနဲ့‌တော့ ပြည့်စုံမှာမဟုတ်ဘူး။ follow up အ‌နေနဲ့ မီတင်‌တွေ၊ ဝပ်‌ရှော့‌တွေ လုပ်သွား သင့်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌ဆောင်ရွက်သွားမှသာလျှင် သတင်းမီဒီယာ‌ကောင်စီ၏ Media reform ကာလတစ်‌လျှောက် MPC သည် မည်သည့်အ ဆင့်သို့‌ရောက်ရှိ‌နေ‌ကြောင်း၊ ၎င်းတို့ကို တပ်ဆင်‌ပေးရမည့် သ‌ကေင်္တ(Tools) ‌တွေကိုလည်း သိမြင်လာခြင်းမှ တဆင့် လက်တွဲလုပ်‌ဆောင်မှုများကို ထပ်မံ ‌ဆောင်ရွက်သင့်‌ကြောင်း မရင်ရတနာသိန်းက ထပ်‌လောင်း မှတ်ချက်ပြုခဲ့သည်။

‌ဒေါက်တာမျိုးသန့်တင်က “အခု ကျ‌နော်တို့ ကြိုးစားခဲ့တဲ့ ပြင်ဆင်ချက်မူကြမ်းဟာ ဆရာတို့ရဲ့ အားစိုက်မှု‌တွေ၊ ‌စေတနာ‌တွေ ‌ကြောင့် ဒီ့ထက်ပိုပြီး‌ကောင်းတဲ့ အချက်အလက်‌တွေ ရမှာပါ။ ရတဲ့မူကြမ်းက‌နေပြီး‌တော့မှ တကယ့်ဥပ‌ဒေဖြစ်‌မြောက်ဖို့အတွက် သက်ဆိုင်ရာ ဥပ‌ဒေ နားလည်၊ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်‌တွေနဲ့ ညှိနှိုင်းမှာပါ။ ညှိနှိုင်းတယ်ဆိုတာ ‌အောင်မြင်ဖို့ပါ။ ဒီဟာကို လွှတ် ‌တော်က အတည်ပြုနိုင်တဲ့ အဆင့်၊ အ‌ခြေအ‌နေရှိတဲ့ အ‌နေအထား‌ရောက်‌အောင် ကျ‌နော်တို့ ကြိုးစားပါမယ်။”ဟု အပိတ်မိန့်ခွန်း တွင် ‌ပြောဆိုသွားခဲ့သည်။

အဆိုပါ‌ဆွေး‌နွေးပွဲသို့ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများမှ မီဒီယာသမားများ၊ မီဒီယာအဖွဲ့အစည်းကိုယ်စားပြုသူများ၊ မီဒီယာမိတ် ဖက်အဖွဲ့များ၊ ပြန်ကြား‌ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များနှင့် မီဒီယာဆိုင်ရာ ဥပ‌ဒေပိုင်းပညာရှင်များ စုစု‌ပေါင်း ၁၁ဝခန့် တက် ‌ရောက်ခဲ့ကြသည်ဟု MPC ရုံးအဖွဲ့၏ မှတ်တမ်းပြုစုထားချက်အရ သိရသည်။

မီဒီယာသမားများ ပါဝင်‌သော သတင်းမီဒီယာဥပ‌ဒေပြင်ဆင်ခြင်း အစည်းအ‌ဝေးကို MPC အ‌နေဖြင့် ရန်ကုန်၊ မန္တ‌လေးနှင့် ‌မော် လမြိုင်မြို့များတွင် ပြုလုပ်ပြီးစီးခဲ့ပြီး ယခု ‌ဆွေး‌နွေးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်‌သော အလွှာအသီးသီးမှ သတင်းမီဒီယာကိုယ် စားပြုသူများပါ တက်‌ရောက်ခဲ့ကြသည့်အပြင် ထပ်မံ အကြံပြုလိုသည်များကိုလည်း အချိန်ဆယ်ရက်‌ပေးကာ ဆက်၍ လက်ခံရ ယူသွားမည်ဖြစ်သည်။