Home သတင်း ကရင်‌ကျောင်းဆရာများအတွက် ဂီတပွဲ‌တော်ဖြင့် ရံပုံ‌ငွေရှာ‌ဖွေ

ကရင်‌ကျောင်းဆရာများအတွက် ဂီတပွဲ‌တော်ဖြင့် ရံပုံ‌ငွေရှာ‌ဖွေ

1961

‌ဖေ‌ဖော်ဝါရီ ၉ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကရင်ပညာ‌ရေးဌာန-KED လက်‌အောက်ခံစာသင်‌ကျောင်းများတွင် ပညာသင်ကြား‌နေသည့် ကရင်‌ကျောင်း ဆရာ၊ ဆရာမ အများအတွက် တစ်ဖက်တစ်လှမ်းမှ ‌ထောက်ပံ့နိုင်ရန် ရည်ရွယ်၍ နယ်စပ်အ‌ခြေစိုက် First Church ၊ Growth Music Band နှင့်အတူ နာမည်ကြီးနယ်စပ် ကရင်အဆို‌တော်များစု‌ပေါင်း၍ ဂီတရံပုံ‌ငွေပွဲ‌တော်တစ်ခုကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ တွင် ယမန်‌နေ့(‌ဖေ‌ဖော်ဝါရီ ၈ရက်)ညက ပြုလုပ်ခဲ့သည်။

ဒုက္ခသည်စခန်းနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေအတွင်း KED ပညာ‌ရေး‌ကျောင်းများ၌ ပညာသင်ကြား‌နေသည့် ကရင်‌ကျောင်းဆရာ၊ ဆရာမများအ‌နေဖြင့် ‌ထောက်ပံ့‌ကြေး အနည်းငယ်သာ ရရှိကြ ခြင်းနှင့် က‌လေးသူငယ်များ၏ ပညာ‌ရေးအတွက် ဆက်လက်ရပ်တည်သွားနိုင်ရန် ရည်ရွယ်၍ ၎င်းတို့တတ်ကျွမ်းသည့် ဂီတပညာ များနှင့် ရံပုံ‌ငွေရှာ‌ဖွေ‌ပေးခြင်းဖြစ်သည်ဟု ယင်းပွဲ‌တော်ကိုဦး‌ဆောင်သူ Growth Music Band မှ ‌စောအယ်ခူက ‌ပြောသည်။

“ကျ‌နော်တို့ ကိုယ့်ကိုယ်ကို ဘာလုပ်နိုင်သလဲဆိုတာကြည့်ရမယ်။ သီချင်းဆိုတတ်ရုံနဲ့ ကိုယ့်အမျိုးသား‌တွေ အတွက် မကူညီနိုင်ဘူးဆိုတာ မဟုတ်ဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့ လုပ်နိုင်တဲ့ အရာတိုင်းက ကျ‌နော်တို့ အမျိုးသား‌ရေးအတွက် လိုအပ်တဲ့လိုအပ်ချက်‌တွေကို ဖြည့်ဆည်း‌ပေးနိုင်တဲ့ လက်နက်‌တွေပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းရံပုံ‌ငွေပွဲ‌တော် အ‌ခြေခံဖြစ်‌ပေါ်လာရခြင်းမှာလည်း အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိ‌နေသည့် နာမည်ကြီး ကရင်အဆို‌တော် ‌စောသာကို့လို့မှ နယ်စပ်တွင် ပြန်‌ရောက်လာချိန် နယ်စပ်အ‌ခြေစိုက် ကရင်ဂီတပညာရှင်၊ အဆိုရှင်များနှင့်ပူး‌ပေါင်း၍ အမျိုးသား‌ရေးအတွက် အကျိုးပြုနိုင်သည့် အစီအစဉ်တစ်ခုလုပ်‌ဆောင်ရန် အ‌ခြေခံစဉ်းစားချက်မှ စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ‌စောအယ်ခူက ဆက်‌ပြောသည်။

အဆိုပါ ရံပုံ‌ငွေပွဲ‌တော်အတွက် ဂီတပွဲ‌တော်ဝင်ခွင့်လက်မှတ် တစ်‌စောင်ကိုဘတ်‌ငွေ (၅၀)ဖြင့် ‌ရောင်းချပြီး First Church၊ Growth Music Band မှ ဦး‌ဆောင်သည့် နယ်စပ်နာမည်ကြီး ကရင်အဆို‌တော်များ၊ ထိုင်း-ကရင်အဆို‌တော်များ၊ ပြည်တွင်း အဆိုရှင်အချို့လည်းပူး‌ပေါင်းပါဝင်‌ဖျော်‌ဖြေ‌ပေးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်သည့် အလွှာစုံ ကရင်လူထုများ၊ ‌ကျောင်းသား၊ ‌ကျောင်းသူများ တက်‌ရောက်အား‌ပေးခဲ့ကြသည်။

အဆို‌တော် ‌စောသာကို့လို့က “ကနဦး ကျ‌နော်ပြန်လာတဲ့ ရည်ရွယ်ချက်က အ‌မေဆီကိုပါပဲ။ ဒါ‌ပေမဲ့ရတဲ့ အချိန်က‌လေးမှာ ကိုယ့်လူမျိုးအတွက် အကျိုးပြုနိုင်မဲ့ အစီအစဉ် တစ်ခု‌လေး လုပ်ချင်တာနဲ့ ဒီကသူငယ်ချင်း ‌တွေနဲ့‌ပေါင်းပြီး‌တော့ ဒီလိုအစီအ စဉ်‌လေးလုပ်ဖြစ်တာ‌ပေါ့။ ဘာဖြစ်လဲဆိုရင် အခုဆိုရင် ကျ‌နော်တို့ KED ပညာ‌ရေးအတွက် လိုအပ်ချက်‌တွေအများကြီး ရှိ‌နေတယ်။ စိန်‌ခေါ်မှု‌တွေလည်း များစွာကြုံ‌တွေ့‌နေရတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းဂီတရံပုံ‌ငွေပွဲ‌တော်မှ ရရှိလာမည့် ‌ငွေ‌ကြေး ရံပုံ‌ငွေများအားလုံးကို KED ပညာ‌ရေးဌာနသို့ အပ်နှံသွားမည်ဖြစ်သလို ‌ကျောင်းဆရာ၊ ဆရာမများအတွက် တစ်ဖက်တစ်လှမ်းတွင် စိတ်ဓာတ်ခွန်အားမြှင့်တင်‌ပေးနိုင်ရန်လည်း ‌မျှော်လင့်‌ကြောင်း ‌စောသာကို့လို့က ဆက်‌ပြောသည်။

ပြီးခဲ့သည့်နှစ်မှစ၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီ‌ထောက်ပံ့မှု‌လျော့နည်းလာခြင်း‌ကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ် အတွက် ပညာ‌ရေး‌ထောက်ပံ့မှုများ ‌လျော့နည်းလာသည့်အ‌ပေါ် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်‌နေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ကရင်ပညာ‌ရေးဌာန-KED‌ကျောင်းများအပါအဝင် ကရင်‌ကျောင်းများတွင် သင် ‌ထောက်ကူပစ္စည်းဆိုင်ရာ‌ထောက်ပံ့မှု အ‌ရေးတကြီး လိုအပ်‌နေ‌ကြောင်း ကရင်ပညာ‌ရေးဌာန-KED နှင့် ကရင်‌ကျောင်းဆရာ ပူး‌ပေါင်းလှုပ်ရှားမှုအဖွဲ့-KTWGမှ အကူအညီ‌တောင်းခံစာ ထုတ်ပြန်ခဲ့ရသည်။

အစိုးရနှင့် တိုင်းရင်းသား‌တော်လှန်‌ရေး လက်နက်ကိုင်အင်အားစုများအကြား အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့်‌နောက် နယ်စပ်ဒုက္ခသည်စခန်းများအပါအဝင် နယ်စပ်‌ဒေသတစ်‌လျှောက် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ စားနပ် ရိက္ခာကူညီ‌ထောက်ပံ့မှုများ ယခင်နှစ်မှစ၍ သိသိသာသာကျဆင်းလာပြီး ကူညီ‌ထောက်ပံ့‌ပေးသည့် နိုင်ငံတကာ ကူညီ‌ပေး‌ရေးအဖွဲ့များအ‌နေဖြင့် မြန်မာနိုင်ငံပြည်တွင်းသို့ ဝင်‌ရောက်သွားမှု အများအပြားရှိလာခဲ့သည်ဟု သိရသည်။

အလားတူ ဂီတရံပုံ‌ငွေပွဲ‌တော်များကို ‌စောအယ်ခူဦး‌ဆောင်သည့် Growth Music Band နှင့် အတူ နယ်စပ် ကရင်အဆို ‌တော်များပူး‌ပေါင်း၍ ယခင်နှစ်များတွင်လည်း ဒုက္ခသည်စခန်းများနှင့် နယ်စပ်‌ဒေသများတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။