Home သတင်း ကရင်စာသင်ကြားမှု ပိုမိုထိ‌ရောက်‌ရေး KEDနှင့် စာ‌ပေအ‌ရေး လုပ်‌ဆောင်သူများ ‌ဆွေး‌နွေး

ကရင်စာသင်ကြားမှု ပိုမိုထိ‌ရောက်‌ရေး KEDနှင့် စာ‌ပေအ‌ရေး လုပ်‌ဆောင်သူများ ‌ဆွေး‌နွေး

2906

‌ဖေ‌ဖော်ဝါရီ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်စာ‌ပေသင်ကြား‌ရေး ပိုမိုထိ‌ရောက်ရန် ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန-KED နှင့် တိုင်းနှင့် ပြည် နယ်အသီးသီးမှ ကရင်စာ‌ပေဖွံ့ဖြိုးတိုးတက်‌ရေး လုပ်‌ဆောင်‌နေသူများပါဝင်သည့် ကရင်စာ‌ပေသင်ကြား‌ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအ‌ဝေးတစ်ရပ်ကို ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၈ရက်) ဖားအံမြို့ ၊ ခွယ်က‌ဘောင်ဟိုတယ်၌ ပြုလုပ်ခဲ့ကြသည်။

ယခု‌တွေ့ဆုံမှုမှာ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဌာန တစ်ခုဖြစ်‌သော KED နှင့် ‌ဒေသအသီးသီးရှိ ကရင် စာ‌ပေအ‌ရေးလုပ်‌ဆောင်‌နေသူတို့ ပထမဆုံးအကြိမ် ‌တွေ့ဆုံခြင်းဖြစ်ပြီး လာမည့် ၂၀၁၉-၂၀၂ဝ ပညာ သင်နှစ် တွင် ကရင်စာ‌ပေသင်ကြား‌ရေးသာမက ကရင်စာ‌ပေနှင့် ပတ်သက်၍ ‌ရှေ့ဆက်လုပ်‌ဆောင်မည့် လုပ်ငန်းများ တွင် အပြန်အလှန်ညှိနှိုင်း‌ဆောင်ရွက်နိုင်ရန် အစည်းအ‌ဝေးပြုလုပ်ခြင်းဖြစ်သည်ဟု ကရင့်‌ရေးရာ‌ကော်မတီ-KAC တွဲဖက်အတွင်း‌ရေးမှူး နန်းမြင့်တင်က ‌ပြောသည်။

၎င်းက “ဒီပွဲမှာက ‌ဒေသတစ်ခုနဲ့တစ်ခု ကရင်စာ သင်တာ ဘယ်လို အ‌ခြေအ‌နေ‌တွေရှိလဲ၊ ဘယ်လိုအခက်အခဲ ‌တွေရှိလဲ တင်ပြတာ။ ပြီး‌တော့ KED ဘက်က‌ရော၊ အစိုးရ ဘက်က‌ရော ဘယ်လို လုပ်‌ဆောင်‌နေလဲ ဒီမှာတင်ပြ တာ‌ပေါ့။ ပြီး‌တော့ ဒီထက်‌ကောင်း‌အောင်ဘယ်လို ‌ဆောင်ရွက်ရင်‌ကောင်းမလဲ ညှိနှှိုင်းလုပ်‌ဆောင်သွားတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ‌တွေ့ဆုံညှိနှိုင်းမှုတွင် ‌ဒေသအသီးသီးမှ ကရင်စာ‌ပေသင်ကြား‌ရေးနှင့်ပတ်သက်၍ ‌ဆောင်ရွက်ထားမှု အ ‌ခြေအ‌နေနှင့်စိန်‌ခေါ်မှုများ၊ KED မှ ‌ဆောင်ရွက်ထားမှုအ‌ခြေအ‌နေများကို တင်ပြရှင်လင်းသည့်အပြင် ပြည်တွင်း ကရင်စာ‌ပေသင်ကြား‌ရေးကို ပိုမိုထိ‌ရောက်‌အောင်မြင်ရန်အတွက် ‌ဆွေး‌နွေးအကြုံပြုခြင်းများ ပြုလုပ်ခဲ့ကြ သည်။

ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန- KEDသည် ၎င်းတို့ကိုယ်တိုင်‌ရေးဆွဲပြဌာန်းသည့် သင်ရိုးညွှန်းတမ်းများဖြင့် လက်ရှိ KNU နယ်‌မြေ ခရိုင် ၇ ခုအတွင်း မူလတန်းမှ အထက်တန်းလွန်အထိ ပညာ‌ရေး‌ကျောင်းများ ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိသည်။

“ကရင်‌တွေဟာ ‌ဒေသတစ်ခုနဲ့တစ်ခု စာ‌ပေ၊ စကားကွဲတယ်။ လုပ်‌ဆောင်ချက်မတူဘူး။ ဒါ‌ပေမယ့် ဦးတည်ချက် ‌တော့ တူရမှာဖြစ်တဲ့အတွက် ကျ‌နော်တို့‌တွေ လာပြီး ညှိနှှိုင်းကြတာ ဖြစ်တယ်။ ဒီအစည်း‌ဝေးမှာ KED အ‌နေနဲ့ ကရင်စာ‌ပေနဲ့သင်တဲ့အခါမှာ တစ်ခုနဲ့တစ်ခု ဖြစ်‌မြောက်ဖို့ရန်အတွက် ဘယ်လိုလုပ်‌ဆောင်ခဲ့ရလဲ။ ဘယ်ဟာကို အ‌ခြေခံပြီး တစ်ဆင့်ချင်းလုပ်သွားခဲ့ရလဲဆိုတာ လာမျှ‌ဝေရှင်းပြတာဖြစ်တယ်” ဟု KED တာဝန်ခံ ပဒို‌စောလား‌စေးက ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ညှိနှိုင်း‌ဆွေး‌နွေးပွဲကို Karen Affair Committee –KAC မှ ကမကထပြုလုပ်‌ပေးခြင်းဖြစ်ပြီး KED ဗဟိုနှင့် ခရိုင်၊ မြို့နယ်အဆင့် ကိုယ်စားလှယ်များ၊ ကရင်၊ မွန်၊ ရန်ကုန်၊ တနသင်္ာရီတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာ ဝတီတိုင်းရှိ ကရင်စာ‌ပေသင်ကြား‌ရေး ‌ဆောင်ရွက်‌နေသူ ကိုယ်စားလှယ်များအပါအဝင် စုစု‌ပေါင်း ၄ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။