Home သတင်း KNU ဘိတ်-ထားဝယ်ခရိုင်၊ တရားသူကြီး ပဒို‌စောဘီးလယ် ကွယ်လွန်

KNU ဘိတ်-ထားဝယ်ခရိုင်၊ တရားသူကြီး ပဒို‌စောဘီးလယ် ကွယ်လွန်

3274

ဇန်နဝါရီ ၂၇ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄)၊ တရားသူကြီး တာဝန်ထမ်း‌ဆောင်‌နေသူ ပဒို‌စောဘီးလယ် သည် ထိုင်းနိုင်ငံ ရတ်ဘူရီ‌ဆေးရုံ၌ အဆုတ်ကင်ဆာ‌ရောဂါဖြင့် ဇန်နဝါရီ ၂၆ ရက်၊ ည ၈ နာရီအချိန်တွင် ‌တော်လှန်‌ရေးတာဝန်များကို ထမ်း‌ဆောင်ရင်း ကွယ်လွန်သွား‌ကြောင်း ခရိုင် တာဝန်ရှိသူများက ‌ပြောသည်။

ပဒို‌စောဘီးလယ်သည် ခရိုင်ဥက္ကဌ တာဝန်ကို ထမ်း‌ဆောင်ခဲ့ဖူးသူ ဖြစ်သလို ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီးကာ KNU ဗဟို‌ကော် မတီဝင်၊ ဘိတ်-ထားဝယ်ခရိုင် တရားသူကြီးတာဝန်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီး JMC-S ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာပူး တွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ ဒုတိယဥက္ကဌ(၁) စသည့် တာဝန်အများအပြားကို ထမ်း‌ဆောင်‌နေသူ ဖြစ်သည်။ လက်ရှိတွင် သူ၏ ဈာပန အခမ်းအနားကို ကျင်းပရန် ခရိုင်တာဝန်ရှိသူများများနှင့် ကျန်ရစ်သူ မိသားစုက စီစဉ်‌နေ‌ကြောင်း ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောဆာပိတု က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“‌ဖေ‌ဖေါ်ဝါရီ ၁ ရက်‌နေ့ ဈာပနပွဲလုပ်မယ်လို့ကြားတယ်။ ညှိနှိုင်းတုန်းပဲရှိတယ်။ အားလုံးက သူ့မိသားစုအ‌ပေါ်မှာ မူတည်တယ်‌ပေါ့‌နော်။ ကျ‌နော်တို့က တပ်မဟာ ၄ မှာပဲ သူ့ဈာပနအခမ်းအနားလုပ်‌ပေး‌စေချင်တယ်။ သူက အမျိုးသား‌ရေးတာဝန်ထမ်း‌ဆောင်ရင်း ‌ရောဂါ‌ဝေဒနာခံစားရပြီး ဆုံးသွားတာပါ။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ သူဟာစိတ်‌ရောကိုယ်ပါ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်တယ်။ အလုပ်အ‌ပေါ်မှာ ပွင့်လင်းမြင်သာမှုနဲ့ လုပ်‌လေ့ရှိတယ်။ ငြိမ်းချမ်း‌ရေးခရီးစဉ်မှာ အမျိုးသား‌ရေးအတွက် ‌ပြောရဲတဲ့သတ္တိရှိတာကို ‌လေးစားမိတယ်။ ကျ‌နော်တို့အတွက် ဆုံးရှုံးမှုကြီးတစ်ခုပါ” ဟု ဥက္ကဌပဒို‌စောဆာပိတုက ‌ပြောသည်။

ကွယ်လွန်သူပဒို‌စောဘီးလယ်သည် စစ်ကိုင်းတိုင်း ပြည်‌ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးသိပ္ပံ‌ကျောင်းတွင် ပညာသင်ယူ ‌အောင်မြင်ခဲ့ပြီး တနသင်္ာရီမြို့နယ်၊ သကျက်‌ကျေးရွာတွင် ‌ကျောင်းအုပ်ဆရာ တာဝန်ထမ်း‌ဆောင်‌နေရင်း နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ၁၉၇၈ ခုနှစ်တွင် ‌တော်လှန်‌ရေး နယ်‌မြေသို့ ‌ရောက်ရှိကာ ‌တော်လှန်‌ရေးတာဝန်များစတင်ထမ်း‌ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ဘိတ်ထားဝယ်ခရိုင်တွင် မြို့နယ်ဥက္ကဌ၊ ခရိုင်တွဲဖက်ဥက္ကဌ စသဖြင့် အဆင့်ဆင့်တာဝန်ထမ်း‌ဆောင်ခဲ့ပြီး လက်ရှိ KNU ဗဟို‌ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

ဘိတ်‌ဒေသခံ ကရင်‌ရှေ့‌နေများကွန်ရက်မှ စဧရာဝင်းက “‌ဒေသအတွက်‌ရော အမျိုးသား‌ရေးအတွက်‌ရော KNU အတွက်‌ရော အားကိုးရတဲ့ ပုဂ္ဂိုလ်တစ်‌ယောက် ဆုံးရှုံးသွားတာ အများကြီးဝမ်းနည်းရပါတယ်။ အနာဂတ်လူငယ်‌တွေ ‌ခေါင်း‌ဆောင်‌ကောင်းဖြစ်ဖို့ ‌မျှော်လင့်ချက်‌တွေနဲ့ အများကြီးသူ‌မွေးထုတ် ‌ပေးခဲ့တယ်။ ပထမဦးဆုံး NCA လမ်း‌ကြောင်း‌ပေါ်တက်ဖို့ အဖိုးဘီးလယ်တို့က စပြီး‌ဆောင်ရွက်ခဲ့တယ်။ အဲ့ကတည်းက ‌နေ‌တောက်‌လျှောက် ငြိမ်းချမ်း‌ရေး အတွက်‌ရော၊ အမျိုးသား‌ရေးမှာ‌ရော ‌ပေးဆပ်သူပါ။ ငြိမ်းချမ်း‌ရေးကိစ္စမှာ လိုလိုလားလား‌ဆောင်ရွက်တယ်။ အမျိုးသား‌ရေးမှာလည်း စွမ်းစွမ်းတမံ ‌ဆောင်ရွက် ပြီး‌တော့ သ‌ဘောထားပြည့်ဝတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်” ဇန်နဝါရီ ၂၇ ရက်‌နေ့ ‌ကေအိုင်စီ သို့‌ပြောသည်။

ပဒို‌စောဘီးလယ်သည် တနသင်္ာရီမြို့နယ် သာရဘွင်းအ‌ရှေ့ကမ်းရွာဇာတိဖြစ်ပြီး ‌မောင်နှမ ၆ ဦးထဲတွင် အကြီးဆုံးသားဖြစ်ကာ ၎င်းကွယ်လွန် ချိန်တွင် သားသမီး ၅ ဦးနှင့် ဇနီးတို့ ကျန်ရစ်ခဲ့ပြီး သူ၏ဈာပန အခမ်းအနားကို ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် ကျင်းပသွားမည်ဟု ခရိုင်တာဝန်ရှိ သူများထံမှ သိရသည်။