Home သတင်း အ‌ရေးကြီးချိန် ‌သွေးနီးကြရန် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ တိုက်တွန်း

အ‌ရေးကြီးချိန် ‌သွေးနီးကြရန် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ တိုက်တွန်း

3477

ဇန်နဝါရီ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

အ‌ရေးကြီးချိန် ‌သွေးနီးကြရန် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ယ‌နေ့ (ဇန်နဝါရီလ ၆ ရက်) ပိုင်ကျုံမြို့နယ်(လှိုင်းဘွဲမြို့နယ်-ခွဲ)၊ ကစို‌ကျေးရွာ၌ ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်အခမ်းအနားတွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက “အခု ဘယ်သူ့ကိုမှ အားနာစရာမလိုဘူး။ ‌ကြောက်စရာလည်းမလိုဘူး။ ကိုယ့်အမျိုးသားအတွက် ပြတ်ပြတ်သားသားရပ်တည်ကြဖို့လိုတယ်။ ကိုယ့်အခွင့်အ‌ရေး ကိုယ်ရရှိဖို့က မင်းတို့ ငါတို့ လက်ထဲမှာပဲရှိတယ်။ အခု အစိုးရ အုပ်ချုပ်‌ရေးထဲမှာပဲဖြစ်ဖြစ်၊ ဘယ်‌နေရာမှာပဲဖြစ်ဖြစ် ကိုယ့်အမျိုးသား‌ရေးအတွက် အများကြီးမလုပ်‌ပေးနိုင်‌ပေမဲ့ အ‌ရေးကြီးတဲ့အချိန် ‌သွေးနီးဖို့က အဓိကပါပဲ”ဟု အခမ်းအနား၏ အပိတ်အမှာစကားတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

ထို့အပြင် ကရင်‌ခေါင်း‌ဆောင်များ၏ စည်းလုံးညီညွတ်မှုအားနည်းမှုများ‌ကြောင့် အမျိုးသား၏ ရည်မှန်းချက်များနှင့် ‌ဝေးကွာလျက်ရှိ‌နေပြီး မည်သည့်အချိန်ကာလအထိ ‌ရှေ့ဆက်သွားရမည်ကိုမသိ‌သေးဘဲ ‌နောင်လာမည့် မျိုးဆက်သစ်များအတွက် တာဝန်များစွာရှိ‌နေ‌သေး‌ကြောင်းကိုလည်း ဖြည့်စွက်‌ပြောဆိုခဲ့သည်။

ကစိုရွာတွင် ယ‌နေ့ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကရင်ပြည်နယ်၊ နယ်ခြား‌စောင့် တပ်(BGF)နှင့်‌ဒေသခံ ရပ်မိရပ်ဖတို့ ဦး‌ဆောင်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ နယ်ခြား‌စောင့်တပ်‌ခေါင်း‌ဆောင်များနှင့် အခြားကရင်လက်နက်ကိုင်‌ခေါင်း‌ဆောင်များအပြင် လွှတ်‌တော်အမတ်အချို့၊ နယ်‌မြေခံ အစိုးရတပ်မ‌တော်‌ခေါင်း‌ဆောင်များနှင့် ‌ဒေသခံလူထုများစုစု‌ပေါင်း(၃ဝဝဝ)သုံး‌ထောင်ခန့် တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ ပွဲ‌တော်၌ နံနက်ခင်းအာရုံမတက်ခင်တွင် အမျိုးသားအလံ‌တော်ကို ကရင်အမျိုးသားသီချင်းဖြင့် လွှင့်ထူခဲ့ပြီး‌နောက် သက်ဆိုင်ရာ‌ခေါင်း‌ဆောင်များက အမှာစကား‌ပြောကြားခြင်း၊ နှစ်သစ်ကူးသမိုင်း‌ကြောင်း ဖတ်ပြခြင်းနှင့် နှစ်သစ်ကူးအတွက် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် BGF တပ်ဖွဲ့တို့မှ‌ပေး ပို့လာ‌သော သဝဏ်လွှာအသီးသီးကိုဖတ်ကြားခဲ့ပြီး ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာ(ဖီဖူ‌ယော်)စပါးနတ်ပူ‌ဇော်ပွဲများကို ထည့်သွင်းကျင်းပခဲ့သည်။

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို နိုင်ငံ‌တော်မှ တရားဝင် အသိအမှတ်ပြုမှုရရှိရန် ဥပ‌ဒေကြမ်းကို ကရင်အမျိုးသား ‌အောက်လွှတ်‌တော်အမတ် ၁၂ဦး၊ အထက်လွှတ်‌တော်အမတ် ၃ ဦးတို့ လက်မှတ်‌ရေးထိုးခဲ့ကြပြီး ၁၉၃၇ခုနှစ်၊ ဇူလိုင်လ ၂၃ရက်‌နေ့တွင် လွှတ်‌တော်သို့ တင်သွင်းပြီး ပြာသိုလဆန်း ၁ ရက်‌နေ့ကို ကရင်နှစ်သစ်ကူး‌နေ့အဖြစ် နိုင်ငံ‌တော်က တရား ဝင် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

အလားတူ ယ‌နေ့ကျ‌ရောက်‌သော ကရင်နှစ် ၂၇၅၈ ခုနှစ်၊ သ‌လေး(ပြာသို)လဆန်း ၁ ရက် ကရင်အမျိုးသားနှစ် သစ်ကူးပွဲ‌တော်ကို ပြည်တွင်းရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနသင်္ာရီတိုင်း၊ အထက်မြန်မာပြည်အပြင် နိုင်ငံတကာနှင့် နယ်စပ်‌ဒေသအသီးသီးတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။