Home သတင်း ကရင်အမျိုးသားသမိုင်းပြုစု‌ရေး ၈ဝရာခိုင်နှုန်း ပြီးစီး

ကရင်အမျိုးသားသမိုင်းပြုစု‌ရေး ၈ဝရာခိုင်နှုန်း ပြီးစီး

3447

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၉ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ပြုလုပ်သည့် ကရင်အမျိုးသား သမိုင်းပြုစု‌ရေးမှာ ၈ဝရာခိုင်နှုန်းအထိ ပြီးစီး‌နေပြီဖြစ်‌ကြောင်း သမိုင်းပြုစု‌ရေး ဦး‌ဆောင်ပြုစုသူ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ကထိက ‌ဒေါက် တာနန်းလှိုင်က ‌ပြောသည်။

‌ဒေါက်တာနန်းလှိုင်က “‌တော်‌တော်‌လေးပြီး‌နေပြီ။ ၈ဝရာခိုင်နှုန်း‌လောက်ထိပြီး‌နေပြီ။ နည်းနည်း‌လေး အ‌ချောကိုင်‌နေတာ။ ကျ‌နော်တို့က အစိုးရနဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းကို ဗဟိုပြုမှာ မဟုတ်ဘူး။ ပြည်သူကို ဗဟိုပြုမယ့် သမိုင်းတစ်‌စောင် ဖြစ်‌အောင် ကျ‌နော်တို့ ကြိုးစား‌နေတယ်။ ‌တော်‌တော်‌လေးကို ထွက်ဖူးတဲ့ဟာ‌တွေထက် ပို‌ကျေနပ်မယ်လို့ ထင်ပါတယ်။”ဟု ဇန်နဝါရီလ ၁၈ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားသမိုင်းပြုစု‌ရေးကို ၂၀၁၇ခုနှစ် ဩဂုတ်လတွင် စတင် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခင် သတ်မှတ်ထားသည့်အတိုင်း လာမည့် ၂၀၁၉ ခုနှစ် ဇွန်လအတွင်း အပြီးသတ် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ‌ဒေါက် တာနန်းလှိုင်က ဆက်လက်‌ပြောဆိုသည်။

ယခု ပြုစု‌ရေးသားသည့် ကရင်အမျိုးသား သမိုင်းစာအုပ်တွင် အနည်းဆုံး (မဂ္ဂဇင်းဆိုဒ်) စာမျက်နှာ ၅၀ဝ ပါဝင်မည်ဖြစ်ပြီး ကရင် လူမျိုးများ မြန်မာနိုင်ငံအတွင်း စတင်ပြန့်ပွားလာပုံမှစတင်ကာ မျက်‌မှောက်‌ခေတ် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA လက်မှတ်‌ရေးထိုးပြီးချိန်အထိ သမိုင်း‌ကြောင်းများ ပါဝင်မည့်အပြင် ကရင်မျိုးနွယ်စုအ‌ကြောင်း စုံလင်စွာ ပါဝင်မည်ဟုလည်း သိရသည်။

ထို့အပြင် ကရင်အမျိုးသားသမိုင်းကို ပြုစုရာတွင် သမိုင်းအ‌ထောက်အထား ပိုမိုခိုင်လုံ‌စေ‌ရေးအတွက် ကွင်းဆင်း ‌လေ့လာခြင်း၊ ‌ရှေ့မှီ‌နောက်မှီ သက်ရှိထင်ရှား ပုဂ္ဂိုလ်များအား လူ‌တွေ့ကွင်းဆင်း‌မေးမြန်းခြင်း၊ သမိုင်းအ‌ထောက်အထား စာအုပ်များကို မှီငြမ်း ကိုးကားခြင်းများဖြင့် ပြုစု‌ရေးသားထားခြင်းဖြစ်သည်ဟုလည်း ‌ဒေါက်တာနန်းလှိုင်က ‌ပြောသည်။

လက်ရှိကာလအထိ ကရင်အမျိုးသားသမိုင်းကို စုံလင်စွာ ပြုစု‌ရေးသားထားခြင်း မရှိ‌သေး‌သော်လည်း ကရင်ရိုးရာယဉ်‌ကျေးမှုနှင့် ပတ်သက်သည့် စာအုပ်များ အပါအဝင် KNU-ကရင်အမျိုးသားအစည်းအရုံးက ပြုစု ထုတ်‌ဝေသည့် ကရင့်‌တော်လှန်‌ရေးသမိုင်း စာအုပ်များသာ ‌ရေးသားထုတ်‌ဝေမှုများ ရှိခဲ့သည်။