Home သတင်း တပ်မ‌တော်၏ လက်နက်ကြီး‌ကြောင့် ရွာသားများ ‌ဘေးလွတ်ရာ ‌ရှောင်‌ပြေး၊ အိမ်‌မွေးကျွဲများ‌သေဆုံးဟု ‌ကေအဲန်ယူ‌ပြော

တပ်မ‌တော်၏ လက်နက်ကြီး‌ကြောင့် ရွာသားများ ‌ဘေးလွတ်ရာ ‌ရှောင်‌ပြေး၊ အိမ်‌မွေးကျွဲများ‌သေဆုံးဟု ‌ကေအဲန်ယူ‌ပြော

3954

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် (တပ်မဟာ-၅) နယ်‌မြေအတွင်း ဇန်နဝါရီလ ၂၅-၂၆ရက်‌နေ့များတွင် မြန်မာအစိုးရ တပ်မ‌တော်ဘက်မှ ရွာသားများ‌နေထိုင်ရာ ‌နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခြင်း ‌ကြောင့် မိခင်နှင့် က‌လေးများပါဝင်သည့် ‌ဒေသခံရွာသားများ‌ဘေးလွတ်ရာကို ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး အိမ်‌မွေးကျွဲတိ ရိစ္ဆာန်များ‌သေဆုံးမှုရှိသည်ဟု KNU တပ်မဟာ ၅ စစ်‌ရေးချုပ် ဗိုလ်မှူး ‌စောကလယ်ဒို့က ‌ပြောသည်။

၎င်းက “၂၆ ရက်‌နေ့၊ ည‌နေ ၅နာရီ‌လောက်က ‌စောမူပ‌လော‌ကျေးရွာက ‌ဒေသခံရွာသား‌တွေ သူတို့ကျွဲ‌တွေကို လမ်း‌ပေါ် ဖြတ်‌မောင်းကူးလာတဲ့အခါ လမ်းလုံခြုံ‌ရေးယူ‌နေတဲ့ အစိုးရစစ်တပ်နဲ့တိုးပြီး အဲ့မှာ သူတို့က ကျွဲ‌ကော၊ လူ‌ကော အကုန်ပစ် လိုက်တာ။ ဒါ‌ပေမဲ့ လူ‌တွေ‌တော့ ထိခိုက်တာမျိုးမရှိဘူး။ ဒါ‌ပေမဲ့ ကျွဲ‌တွေက‌တော့ အဲ့မှာ အကုန်ကျန်ခဲ့တယ်။ ကျွဲဘယ်နှစ် ‌ကောင်‌သေသွားလဲဆိုတာ‌တော့ မသိဘူး။ အခုချိန်ထိလည်း သွားမကြည့်ရဲ‌သေးဘူး။”ဟု ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၅ရက်‌နေ့ မနက်ပိုင်းတွင်လည်း ‌ပေါ်‌ဟေးခို့ ‌ဒေသတွင်ရှိ‌နေသည့် အစိုးရစစ်တပ်မှ လက်နက်ကြီး များဖြင့် ‌ကျေးရွာတွင်းသို့ ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်း‌ကြောင့် တာ့ကူသန်း‌ကျေးရွာရှိ ‌ဒေသခံရွာသား ၂၉ ဦး‌ကြောက်လန့်၍ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး ၂၆ ရက်‌နေ့တွင်လည်း ထပ်မံပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် ‌ဒေသခံရွာသား ၃၅ ဦးခန့် ထပ်မံထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု ဗိုလ်မှူး ‌စောကလယ်ဒို့က ဆက်‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုကိုပြုလုပ်သွားသည့် အစိုးရစစ်တပ်မှာ မည်သည့် တပ်မ၊ တပ်ရင်းများဖြစ်‌ကြောင်း မသိရှိရ‌သေး‌သော် လည်း ၎င်း‌စောမူပ‌လော‌ဒေသတွင် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) လက်‌အောက်ခံတပ်ရင်းများသာရှိပြီး လက်ရှိတွင် လမ်းလုံခြုံ‌ရေးများရယူ‌နေပြီး မည်သည့်အတွက်‌ကြောင့် ပစ်ခတ်ခဲ့သည်ကိုလည်း မသိရှိရဘဲ ယခင်ပြုလုပ်‌နေကျပုံစံမျိုးနှင့် အလားသဏ္ဍာန်တူလုပ်‌ဆောင်‌နေခြင်းသာဖြစ်သည်ဟု ဗိုလ်မှူး ‌စောကလယ်ဒို့ ထပ်‌လောင်း‌ပြောဆိုသည်။

၎င်းပစ်ခတ်မှုပြုသည်ဟူ‌သော ‌ကေအဲန်ယူ၏ ‌ပြောဆိုချက်အ‌ပေါ် ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မျိုး‌အောင်အား ‌ကေအိုင်စီမှ ကြိုးစားဆက်သွယ်ခဲ့‌သော်လည်း ဆက်သွယ်၍ မရရှိခဲ့‌ပေ။

သို့‌သော် တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့၏ ယခုလ ၂၅ ရက်‌နေ့တွင် ပစ်ခတ်တိုက်ခိုတ်မှုရပ်စဲ‌ရေးနှင့် ထားဝရငြိမ်း ချမ်း‌ရေးအတွက် ထုတ်ပြန်ထားသည့် သတိ‌ပေးသတင်းထုတ်ပြန်ရာတွင် ‌တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်‌မြေ၊ လယ်မူပ‌လောလမ်းနယ်‌မြေတွင် ‌ကေအဲန်ယူ၊ တပ်မဟာ(၅)မှ ‌ချောင်း‌မြောင်းပစ်ခတ်မှု (၉)ကြိမ်နှင့် ကားမိုင်းဖြစ် စဉ်(၂)ကြိမ်ဖြစ်ပွားမှုပြုလုပ်ခဲ့ပြီး NCAကို ချိုး‌ဖောက်‌နေသည်ဟူ၍ ‌ဖော်ပြထားသည်။

ထိုသို့ ‌ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အား ထိခိုက်‌စေသည့် လုပ်ရပ်များ မလုပ် ‌ဆောင်ရန်နှင့် နယ်‌မြေ‌ကျော်လွန်လှုပ်ရှားလျက် နယ်‌မြေလုတိုက်ပွဲများဖြစ်‌နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းအသီးသီးသည် ကတိကဝတ်ပါ သတ်မှတ်နယ်‌မြေအတွင်းသို့ ၂၀၁၉ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၂ ရက်‌နေ့ ‌နောက်ဆုံး ထား၍ ဆုတ်ခွာကြရန် သတိ‌ပေး‌ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာနနှင့် တပ်မ‌တော်၏ ညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့တို့ဖြင့် ငြိမ်းချမ်း‌ရေးအတွက် ညှိနှိုင်း‌ဆွေး‌နွေးခြင်းများကို အမြန်ဆုံးပြုလုပ်သွားရန်လည်း တပ်မ‌တော်မှ သတင်းထုတ်ပြန်တိုက်တွန်းထားသည်။