Home သတင်း ပြည်နယ်‌နေ့တွင် ပြိုင်ပွဲဝင် ဒုံး ၁၄ ဖွဲ့ ယှဉ်ပြိုင်မည်

ပြည်နယ်‌နေ့တွင် ပြိုင်ပွဲဝင် ဒုံး ၁၄ ဖွဲ့ ယှဉ်ပြိုင်မည်

2778

နိုဝင်ဘာ ၂ ရက်၊ ၂၀၁၈ ခုုနှစ်။ ‌စောရှား

နိုဝင်ဘာလ ၇ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၃ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားတွင် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲအတွက် ယဉ်‌ကျေးမှုဒုံးအဖွဲ့‌ပေါင်း ၁၄ ဖွဲ့ ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ယ‌နေ့(နိုဝင်ဘာ ၂ ရက်)တွင် ပြုလုပ်သည့် ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီနှင့် ပြိုင်ပွဲဝင် ဒုံးအဖွဲ့ အုပ်ချုပ်သူ၊ ဒုံးဆရာများ အစည်းအ‌ဝေး ‌တွေ့ဆုံပွဲတွင် အပြီးသတ် ဒုံးစာရင်းများထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဒုံးအဖွဲ့များမှာ ဖားအံမြို့‌တော်၊ ကရင်‌ကျောင်းသားများရိပ်သာ၊ သာမည၊ ချစ်သူမြိုင်၊ ‌နောင်ပလိန်၊ မုက္ကဒိ၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌ကော့ကရိတ် နယ်ခြား‌စောင့်တပ် တပ်နယ်(၃)၊ ‌ကော့ကရိတ် ‌ကော့ပ ရံ၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ မြဝတီခရိုင်၊ ဖူးတ‌ခေတ်နှင့် ‌ကော့ထမ္မလိန်း-ထုံးအိုင်တိုက်နယ်ကိုယ်စားပြု ဖူးတ‌ခေတ်ဒုံးအဖွဲ့ တို့ပါဝင်ကြသည်။

တနသင်္ာရီတိုင်း‌ဒေသကြီးကိုယ်စားပြု ပု‌လောမြို့နယ်စု‌ပေါင်းယဉ်‌ကျေးမှုဒုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စော‌ကျော်လွင်က “တနသင်္ာရီတိုင်း‌ဒေသကြီးကိုယ်စားပြုအ‌နေနဲ့ ကရင်ပြည်နယ်‌နေ့အထိမ်းအမှတ် ဒုံးအက ပြိုင် ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်တာ ဒါပထမဦးအဆုံးအကြိမ်ပါပဲ။ ဒါဟာ ပု‌လောကရင်စာ‌ပေ၊ ယဉ်‌ကျေးမှုအသင်း အ‌နေနဲ့ သမိုင်းဝင်မှတ်တိုင် စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်နှစ် အစီအစဉ်အတိုင်းပင် ဇကာတင်ပြိုင်ပွဲများကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ၃ ညတိုင် ယှဉ်ပြိုင်ပြီး ‌နောက် နိုဝင်ဘာ ၁ဝ ရက်‌နေ့ညတွင် ဖိုင်နယ်အဖြစ် လက်‌ရွေးစင် ဒုံးအဖွဲ့ ၁ဝ ဖွဲ့ ယှဉ်ပြိုင်ရမည်ဖြစ်‌ကြောင်း ပြိုင်ပွဲဖြစ် ‌မြောက်‌ရေး ‌ကော်မတီ တာဝန်ရှိသူများမှ ‌ပြောသည်။

ယခုနှစ် ကရင်ရိုးရာဒုံးအက ပြိုင်ပွဲတွင် ဒိုင်ချုပ်အဖြစ် ‌စောခင်‌မောင်မြင့် ၊ ဒုဒိုင်ချုပ်အဖြစ် လှိုင်းဘွဲမြို့နယ်မှ ဆရာဦး‌စောအုန်းတင်နှင့် ‌စောဝင်း‌ကျော်‌ကျော်တို့မှ အကဲဖြတ်‌ပေးမည်ဖြစ်ပြီး ပထမဆု ကျပ်သိန်း(၂၀) ၊ ဒုတိယဆု ကျပ်(၁၅)သိန်း၊ တတိယဆု ကျပ်(၁၀)သိန်း အပါအဝင် နှစ်သိမ့်ဆုနှင့် အခြားဆုများကိုလည်း ချီးမြှင့်‌ပေးသွားမည်ဟု ပြိုင်ပွဲ တာဝန်ရှိသူများက ‌ပြောသည်။

ယခင်နှစ် ၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့အခမ်းအနားတွင် ကရင်ရိုးရာဒုံးအက ဝင်‌ရောက်ယှဉ်ပြိုင်သည့် ဒုံးအဖွဲ့ ၁၆ ဖွဲ့ ရှိခဲ့ပြီး ‌ကော့ပရံ‌ကျေးရွာ ယဉ်‌ကျေးမှုစု‌ပေါင်းဒုံးအဖွဲ့မှ ပထမဆု ရရှိခဲ့ခြင်းဖြစ်သည်။