Home သတင်း “ငြိမ်းချမ်းပါ‌စေ ‌ဒေါန‌မြေ ” ‌ဖျော်‌ဖြေ‌ရေးအစီအစဉ် ကရင်ပြည်နယ် ‌ဒေသ ၇ ခုတွင် ပြုလုပ်သွားမည်

“ငြိမ်းချမ်းပါ‌စေ ‌ဒေါန‌မြေ ” ‌ဖျော်‌ဖြေ‌ရေးအစီအစဉ် ကရင်ပြည်နယ် ‌ဒေသ ၇ ခုတွင် ပြုလုပ်သွားမည်

2446

နိုဝင်ဘာ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်တစ်ဝှမ်း အနာဂတ် မျိုးဆက်သစ်များအတွက် “ ငြိမ်းချမ်းပါ‌စေ ‌ဒေါန‌မြေ” ဟု ‌ခေါင်းစဉ်‌ပေးထား ‌သော ငြိမ်းချမ်း‌ရေး မျိုး‌စေ့ချ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်ကို ပြည်နယ်တွင်း ‌ဒေသ ၇ ခုတွင် နိုဝင်ဘာလ ၂ဝရက်မှ ၂၈ရက်‌နေ့အထိ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်ကို ငြိမ်းချမ်း‌ရေး ‌တေးသံရှင် ‌စောဖိုးခွား နှင့် ONE LOVE BAND အဖွဲ့မှ ဦး‌ဆောင်ကာ ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဒုတိယ အကြိမ်‌မြောက် နယ်လှည့် ‌ဖျော်‌ဖြေခြင်းဖြစ် သည်ဟု ငြိမ်းချမ်း‌ရေး ‌တေးသံရှင် ရ‌ဂေးအဆို‌တော် ‌စောဖိုးခွားက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ကျ‌နော်တို့ရဲ့ Target (ဦးတည်ချက်)က‌တော့ ဘယ်က‌လေး မဆိုပါ။ အဓိက Mind set ‌တွေကို က‌လေး ‌တွေနဲ့ ‌ပြောင်းလဲပစ်ချင်တယ်။ ငြိမ်းချမ်း‌ရေး မျိုး‌စေ့‌တွေကို ဂီတနဲ့ သူတို့ဆီ ချ‌ပေးတာ‌ပေါ့‌နော်။ ကျ‌နော်တို့ရဲ့ ဒီအ စီအစဉ်ကို မြင်‌တွေ့ပြီး‌တော့မှ ဆက်လုပ်နိုင်တဲ့သူ‌တွေက ဆက်လုပ်ကြမယ်။ ငြိမ်းချမ်း‌ရေးမျိုး‌စေ့‌တွေကို ရှင်သန်ကြီးထွား‌စေမယ်။ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာလည်း ဖြစ်တယ်။” ဟု ‌ပြောသည်။

ယခုပြုလုပ်မည့် ငြိမ်းချမ်း‌ရေး မျိုး‌စေ့ချ ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်ကို မြဝတီ(ထီးဝါပ‌လော)၊ ‌ကော့ကရိတ် (သုံးဆယ့်သုံးဆူ)၊ ကျုံဒိုး(‌ကော့လားဝယ်)၊ လှိုင်းဘွဲ့ (မက်စမိတ်) ၊ ဖားအံ (‌ကျောက်တစ်လုံး)၊ ‌တောင်ငူ (ထိုလွီဝါး) နှင့် ‌ကျောက်ကြီး (လယ်ဝါး) စသည့် ‌ဒေသ ၇ ခုတွင် တစ်ရက်စီ နံနက် ၉နာရီမှ ‌နေ့လည် ၁၂နာရီအထိ ‌ဖျော်‌ဖြေသွားမည် ဖြစ်သည်ဟု သိရသည်။

“ဘယ်လိုပုံစံနဲ့ ‌ဖျော်‌ဖြေမလဲဆို‌တော့ အဓိကက‌တော့ ငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်တဲ့ Message ‌တွေ‌ပေးတယ်။ ကျ‌နော်တို့ဆီမှာ လူမျိုး‌ရေး ပဋိပက္ခ‌တွေ၊ ဘာသာ‌ရေး ပဋိပက္ခ‌တွေရှိတယ်။ အဲ့ဒါ‌တွေကို ‌လျော့ကျသွား‌အောင် ဆိုပြီး‌တော့ သက်‌သေ‌တွေ ‌ခေါ်သွားတယ်။ အမူအရာထဲမှာ ကြုံခဲ့တဲ့သူ‌တွေ‌ပေါ့။ တကယ်‌တော့ ကျ‌နော်တို့ဆီ က စနစ်မ‌ကောင်းတာ။ လူ‌တွေ ၊ ဘာသာ‌တွေ မ‌ကောင်းတာ မဟုတ်ဘူး။ ကျ‌နော်တို့ရဲ့ အစီအစဉ်မှာ အဲ့ message ‌လေး‌တွေ ပါပါတယ်။ ပြီး‌တော့ Human Right ‌ပေါ့။” ‌တေးသံရှင် ‌စောဖိုးခွားက ဆက်လက်‌ပြောဆိုသည်။

အနာဂတ် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်း‌ရေး မျိုး‌စေ့ချ ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်ကို “ ငြိမ်းချမ်းပါ‌စေ ရှမ်း‌မြောက်‌မြေ ” ‌ခေါင်းစဉ်ဖြင့် ၂၀၁၆ ခုနှစ်တွင် ရှမ်းပြည်နယ် ‌မြောက်ပိုင်းတစ်ဝှမ်း၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကာ ယခုကရင်ပြည်နယ်တွင် ဒုတိယအကြိမ် ‌ဖျော်‌ဖြေသွားမည်ဖြစ်ပြီး ကချင်ပြည်နယ် နှင့် ရခိုင်ပြည် နယ်တစ်ဝှမ်း၌လည်း ဆက်လက် ပြုလုပ်သွားရန်လည်း အစီအစဉ်ရှိ‌ကြောင်း သိရသည်။

ထို့အပြင် ယခု အနာဂတ် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်း‌ရေး မျိုး‌စေ့ချ ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်ကို DVB ရုပ်သံ Channel မှ လိုက်ပါ ရိုက်ကူးပြီး ပြန်လည် ထုတ်လွှင့်ပြသသွားမည်ဟုလည်း သိရှိရသည်။