Home သတင်း ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ၏ ဘက်စုံဒုုံး ပထမဆု မုက္ကဒိ‌ကျေးရွာ ဒုံးအဖွဲ့ ဆွတ်ခူး

ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ၏ ဘက်စုံဒုုံး ပထမဆု မုက္ကဒိ‌ကျေးရွာ ဒုံးအဖွဲ့ ဆွတ်ခူး

3082

နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

(၆၃)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့၊ ဒုံးအကပြိုင်ပွဲကို အကဲဖြတ်ဒိုင်အဖွဲ့မှ ဆန်ကာတင် ‌ရွေးချယ်ထားခဲ့သည့် ပြိုင်ပွဲဝင် ဒုံးအက အဖွဲ့ ၉ဖွဲ့ နိုဝင်ဘာလ ၁ဝရက် ညပိုင်းတွင် ထပ်မံ ယှဉ်ပြိုင် တင်ဆက်ကပြရာ၌ ဘက်စုံ ပထမဆုကို မုက္ကဒိ‌ကျေးရွာယဉ်‌ကျေးမှု ဒုံးအဖွဲ့(ဃှီ့လာအဲဟှိက် ဘုံးကု်တိက်)က ဆွတ်ခူးရရှိခဲ့သည်။

ထို့အပြင် ဒုတိယနှင့် တတိယဆုများကို ချစ်သူမြိုင်ဥယျာဉ် ယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ဖားအံမြို့‌တော် ယဉ်‌ကျေးမှုဒုံးအဖွဲ့တို့ကလည်း ‌ကောင်း၊ စတုတ္ထနှင့် ပဉ်စမဆုများကို လှိုင်းဘွဲမြို့နယ် ယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြု ‌ကော့ပရံယဉ်‌ကျေး မှုဒုံးအဖွဲ့တို့က အသီးသီး ဆွတ်ခူးသွားခဲ့ကြသည်။

ကရင်ပြည်နယ်‌နေ့ကျ‌ရောက်သည့် နိုဝင်ဘာလ ၇ရက် ပွဲ‌တော် ပထမရက်မှ တတိယရက်အထိ ‌ဖျော်‌ဖြေ‌ရေး ယဉ်‌ကျေးမှုဒုံးအဖွဲ့ များ အပါအဝင် ပြိုင်ပွဲဝင်ဒုံးများလည်း ယှဉ်ပြိုင်ကပြခဲ့ကြရာ အကဲဖြတ်ဒိုင်အဖွဲ့က ‌နောက်ဆုံး လက်‌ရွေးစင် ဒုံးအဖွဲ့ (၉)ဖွဲ့ကို ‌ရွေး ချယ်‌ပေးခဲ့‌ကြောင်း အကဲဖြတ်ဒိုင်အဖွဲ့ဝင် နန်း‌စေးအွာ၏ လူမှုကွန်ရက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

လက်‌ရွေးစင် ‌ရွေးချယ်ခံရသည့် ဒုံးအဖွဲ့များမှာ ဖားအံမြို့‌တော်ဒုံးအဖွဲ့၊ ကရင်‌ကျောင်းသားများရိပ်သာ(KSC)၊ တနသင်္ာရီတိုင်း‌ဒေ သကြီး ကိုယ်စားပြု ပု‌လောမြို့နယ် ဒုံးအဖွဲ့၊ မုက္ကဒိ‌ကျေးရွာ ယဉ်‌ကျေးမှု‌မောင်မယ်အဖွဲ့၊ ‌နောင်ပလိန် ယဉ်‌ကျေးမှု‌မောင်မယ်အ ဖွဲ့၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြု ယဉ်‌ကျေးမှု‌မောင်မယ်အဖွဲ့၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကိုယ်စားပြု တံခွန်တိုင်ယဉ်‌ကျေးမှု ‌မောင်မယ်အဖွဲ့၊ ‌ကော့ကရိတ်မြို့နယ်ကိုယ်စားပြု ‌ကော့ပရံယဉ်‌ကျေးမှု‌မောင်မယ်အဖွဲ့နှင့် ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ် ယဉ် ‌ကျေးမှု‌မောင်မယ်အဖွဲ့တို့ ဖြစ်ကြသည်။

အဆိုပါ လက်‌ရွေးစင်ဒုံးအဖွဲ့များသည် နိုဝင်ဘာလ ၁ဝရက် ည(၇)နာရီအချိန်တွင် တဖန် ထပ်မံ ယှဉ်ပြိုင်ကပြခဲ့ကြအပြီးတွင် အကဲဖြတ်ဒိုင်ချုပ် ‌စောခင်‌မောင်မြင့် ဦး‌ဆောင်သည့်အဖွဲ့က ဆု‌တောင်းပထနာ(ရာဓညာ.)ဆု၊ သီချင်းဆု၊ အကြိုးစားဆုံးဆု၊ နှစ်သိမ့်ဆုများ၊ ဘက်စုံဒုံးဆုနှင့် ဘက်စုံထူးချွန်ဆု စသည်အားဖြင့် ဆုအမျိုးအစားအလိုက် အကဲဖြတ် ‌ရွေးချယ်ချီးမြှင့်‌ပေးခဲ့ကြ သည်။

ပထမဆုကို ‌ငွေကျပ်သိန်း ၂ဝ ချီးမြှင့်ခြင်းဖြစ်ပြီး ဆုရရှိသည့် ဒုံးအဖွဲ့များကို ဒိုင်းဆုတံဆိပ်များနှင့်အတူ ‌ငွေသားဆုများ အသီးသီး ‌ပေးအပ်ခဲ့ကြသည့်အပြင် တစ်ဖွဲ့ချင်းစီ ယှဉ်ပြိုင်ပြီးသည့်အခါတိုင်းလည်း လာ‌ရောက်ကြည့်ရှုအား‌ပေးသည့် ဧည့်ပရိဿတ်များနှင့် ‌ဒေသလုပ်ငန်းရှင် တသီးပုဂ္ဂလများကလည်း ဆုချီးမြှင့်‌ပေးအပ်ခဲ့ကြသည်။

ယမန်နှစ် (၆၂)နှစ်‌မြောက် ပြည်နယ်‌နေ့တွင် အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူခဲ့သူ ‌စောကြည်လင်းက “ဒုံးအဖွဲ့‌တွေက ဝင်ပြိုင်ဖို့ဆို တာ ‌ငွေ‌ကြေးကုန်ကျမှု တအားများတယ်။ ဒုံးအဖွဲ့‌တွေဟာ ရတဲ့ဆု‌ကြေး‌ငွေနဲ့ တကယ်ကုန်ကျမှုက ဘယ်လိုမှ မကာမိဘူး။ သို့ ‌သော် ယဉ်‌ကျေးမှုကို ထိန်းသိမ်းတဲ့အ‌နေနဲ့ ယှဉ်ပြိုင်ရတဲ့ အစဉ်အလာအ‌ပေါ် ‌ငွေ‌ကြေးတတ်နိုင်သူ‌တွေက ဝိုင်းဝန်းပံ့ပိုးကြတာ ‌ပေါ့။”ဟု ရှင်းပြသည်။

ယင်းသို့ ဆု‌ရွေးချယ်‌ပေးအပ်ရာတွင် အ‌ကောင်းဆုံး ဆု‌တောင်းပထနာ ပထမဆုကို ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ် ဒုံးအဖွဲ့၊ ဒုတိ ယဆုကို မုက္ကဒိ‌ကျေးရွာဒုံးအဖွဲ့နှင့် တတိယဆုကို ဖားအံမြို့‌တော်ဒုံးအဖွဲ့တို့ ရရှိခဲ့ပြီး အ‌ကောင်းဆုံး ဒုံးသီချင်းဆုကို ပထမ မုက္ကဒိ ‌ကျေးရွာအဖွဲ့၊ ဒုတိယ ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်အဖွဲ့နှင့် တတိယ ‌နောင်ပလိန်‌ကျေးရွာဒုံးအဖွဲ့တို့ ဆွတ်ခူးသွားခဲ့သည်။

အလားတူ အကြိုးစားဆုံးဆုကို တနသင်္ာရီတိုင်း ကိုယ်စားပြု ပု‌လော‌ကျေးရွာဒုံးအဖွဲ့က ရရှိခဲ့ပြီး ဆု‌တောင်း/သီချင်း/အကစသည့် ဘက်စုံထူးချွန်ဒုံးဆုကို မုက္ကဒိ‌ကျေးရွာဒုံးအဖွဲ့ကပင် ဆွတ်ခူးရရှိခဲ့သည်။ နှစ်သိမ့်ဆုများရရှိခဲ့ကြသည့် ဒုံးအဖွဲ့များမှာကရင်‌ကျောင်း သားများရိပ်သာ(KSC)၊ ‌နောင်ပလိန်‌ကျေးရွာ၊ တံခွန်တိုင်‌ကျေးရွာ၊ ဂျိုင်း-ဇာသပြင်စု‌ပေါင်းဒုံး၊ တနသင်္ာရီ(ပု‌လော)၊ ‌ကော့ထမ လိန်း-ထုံးအိုင် ဖူးတ‌ခေတ်ဒုံး၊ ဖူးတ‌ခေတ်ဒုံးအဖွဲ့နှင့် မြဝတီ ဖူးတ‌ခေတ်ဒုံးတို့ဖြစ်ကြသည်။

အဆိုပါဆုများကို ဒုံးပြိုင်ပွဲ ‌နောက်ဆုံးဗိုလ်လုပွဲသို့ တက်‌ရောက်ခဲ့ကြသည့် ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ‌စောပြည်သာ နှင့်ဇနီး၊ သဘာဝပတ်ဝန်းကျင်၊ သစ်‌တောနှင့် သတ္တုတွင်းဝန်ကြီး ‌စောမြင့်ဦးနှင့်ဇနီး၊ အကဲဖြတ်ဒိုင်ချုပ် ‌စောခင်‌မောင်မြင့်နှင့် အဖွဲ့ ဝင်များက ချီးမြှင့်‌ပေးအပ်ခဲ့ကြသည်။