Home သတင်း ‌ဘေးစကားနားမ‌ယောင်မိ‌စေရန် လွန်းညရွာသားများကို ပြည်နယ်ဝန်ကြီးချုပ် သတိ‌ပေး‌ပြောဆို

‌ဘေးစကားနားမ‌ယောင်မိ‌စေရန် လွန်းညရွာသားများကို ပြည်နယ်ဝန်ကြီးချုပ် သတိ‌ပေး‌ပြောဆို

2889

နိုဝင်ဘာလ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ဒေသခံများ၏ ကန့်ကွက်မှု‌ကြောင့် ရပ်နားထားလိုက်ရသည့် လွန်းည‌တောင် ‌ကျောက်ထုတ်လုပ် စီမံကိန်းနှင့် ပတ်သက်ပြီး ‌ဘေးလူများ၏ ‌ပြောစကားကို ဆက်လက်နားမ‌ယောင်မိရန် လိုအပ်‌ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်က နန်းခင်‌ထွေး မြင့်က ယမန်‌နေ့(နိုဝင်ဘာ ၁ရက်)တွင် သတိ‌ပေး‌ပြော ဆိုလိုက်သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါ်နန်းခင်‌ထွေးမြင့်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်‌နေ့တွင် လွန်းညရွာသို့ သွား‌ရောက်ပြီး ‌ဒေသခံများ၏ လိုအပ်ချက်များကိုဖြည့်ဆည်း‌ပေးနိုင်ရန်ပြုလုပ်သည့် လူထုနှင့်‌တွေ့ဆုံပွဲတွင် ၎င်းမှ ထိုသို့ ‌ပြောဆိုလိုက်ခြင်း လည်း ဖြစ်သည်။

ဝန်ကြီးချုပ်က “ဒီ‌နေရာက ကျမမဲဆန္ဒနယ်က အခု အာရှလမ်း ‌ဖောက်တာလည်းဒီ‌နေရာ၊ ကျမတို့‌ပြောတဲ့စကားကိုမယုံဘဲ မ‌နေ့တစ်‌နေ့က လာတဲ့လူ‌ပြောစကားကို ယုံမိလို့ ဒီကလူ‌တွေပဲနာသွားတယ်။ အဲဒါ‌ကြောင့် ကျမ စိတ်မ‌ကောင်းဘူး ။ ကျမ အခုလာတာကလည်း လိုအပ်ချက်ရှိရင်‌ပြော မလုပ်‌ပေးနိုင်ရင် လုပ်‌ပေးနိုင် သူကိုရှာ‌ပေးမယ်။ လုပ်‌ပေးနိုင်ရင် လုပ်‌ပေး မယ်။ လုပ်‌ပေးစရာအ‌ကြောင်းအများကြီးရှိတယ်။ နည်းနည်း‌လေးစဉ်းစားလိုက်ပါ ။ သူများလာ‌ပြောတိုင်းမယုံနဲ့ ဖြစ်နိုင်တဲ့ ဟာ ‌ရွေးချယ်ပါ”ဟု ‌ပြောဆိုသည်။

ထို့အပြင် လွန်ည‌တောင်‌ကျောက်ထုတ်လုပ်မှု စီမံကိန်းရပ်နားလိုက်ရပြီး‌နောက် အခြား‌နေရာအသစ်တစ်ခုတွင် အာရှလမ်းမအတွက် ဆက်လက်ထုတ်ယူရန် တရားဝင်ထုတ်ခွင့် ရရှိပြီးဖြစ်‌သော်လည်း ခရီး‌ဝေး၍ ကုန်ကျစ ရိတ်ပို များလာမည်ဖြစ်သည့်အတွက် တာဝန်ယူ‌ဖောက်လုပ်မည့် ကုမ္မဏီဘက်မှ အဆင်မ‌ပြေမှုဖြစ် ‌ပေါ်ပြီး လမ်းပြီးစီးရန် အချိန်မကြာသင့်ဘဲ ကြာသွားရခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်က ဆက်လက်‌ပြောဆိုသည်။

China Road and Bridge Corporation (CRBC) ကုမ္ပဏီမှ တာဝန်ယူ‌ဆောက်လုပ်မည့် အာရှလမ်းစီမံကိန်းအတွက် လိုအပ်သည့်‌ကျောက်များကို လွန်းည ‌တောင်တွင် ‌ကျောက်အကျင်း‌ပေါင်း ၁၃၀,၀၀၀(တစ်သိန်းသုံး‌သောင်း)ထုတ်ယူရန် (၃) နှစ်စီမံကိန်းဖြင့် အစိုးရမှ ခွင့်ပြုထားခဲ့‌သော်လည်း ‌ဒေသခံများကန့်ကွက်မှု‌ကြောင့် အာရှဖွံ့ဖြိုး‌ရေးဘဏ်မှ ‌ချေး‌ငွေမထုတ်‌ပေး‌တော့ဘဲ လွန်းည‌တောင် ‌ကျောက်ထုတ်လုပ်သည့်စီမံကိန်းကို ရပ်ဆိုင်းလိုက်ရခြင်းလည်းဖြစ်သည်။

လွန်းညရွာတွင်‌နေထိုင်သည့် နန်းခင်ချိုချိုသန်းက “ အာရှလမ်းအတွက် ‌ကျောက်ထုတ်တာက စီမံကိန်းကြီးဆို‌တော့ ကျမတို့ရွာသား‌တွေနဲ့လည်း အဆင်‌ပြေဖို့လိုတယ် ။ ရွာကလူ‌တွေ ‌တောင်းဆိုတဲ့ဟာ လိုအပ်တဲ့ဟာ လုပ်‌ပေးနိုင်ရင်‌တော့ ကျမတို့ဘက်က ဆက်ထုတ်ဖို့ လက်ခံချင်တယ်။ အားလုံးသ‌ဘောထားက‌တော့ ကျမတို့ မသိ‌သေးဘူး ။ ကျမတို့ရွာ အ တွက် လိုအပ်တဲ့ဟာ ‌တောင်းဆိုရင်ဖြည့်ဆည်း‌ပေးမယ်‌တော့ ဝန်ကြီး ချုပ်‌ပြောတယ်။ ပြဿနာမဖြစ်ရင်‌တော့ စီမံကိန်း ဆက်လုပ်ဖို့ ကျမအ‌နေနဲ့ သ‌ဘောတူနိုင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ကပြုလုပ်သည့် ဝန်ကြီးချုပ်နှင့်‌တွေဆုံပွဲတွင်လည်း ‌ဒေသခံများဘက်မှအတိုးမဲ့‌ငွေ‌ချေးယူခြင်း၊ က‌မော့ပိုရွာတွင် မီးရရှိ‌ရေး၊ လွန်းည‌ဆေး‌ပေးခန်း ‌မြေဂရမ် ထုတ်‌ပေးခြင်း၊ လွန်းညရွာရှိ တရားစွဲဆိုခံရ‌သော လယ်သမား ၅ ဦးကို အမှုရုပ်သိမ်း‌ပေးခြင်းနှင့် ခနိမ်းဒို‌ကျောင်း‌နောက်လမ်းတွင် ကတ္တရာခင်း‌ပေးခြင်းစသည့် အချက်များကို ‌တောင်းဆိုထားသည်ဟုလည်း သိရသည်။