Home သတင်း လာမည့်‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေးအတွက် ကရင်ပါတီ ၄ ခု ညှိနှိုင်း‌ရေး‌ကော်မတီဖွဲ့စည်း

လာမည့်‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေးအတွက် ကရင်ပါတီ ၄ ခု ညှိနှိုင်း‌ရေး‌ကော်မတီဖွဲ့စည်း

2735

နိုဝင်ဘာ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်နိုင်ငံ‌ရေးပါတီများ ‌အောင်နိုင်‌ရေးအတွက် ညှိနှိုင်း၊ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး ‌ကော်မတီတစ်ရပ်ကို နိုဝင်ဘာ ၅ ရက်မှ ၆ ရက်‌နေ့ထိ ကျိုက်ထိုမြို့နယ်၊ စိမ်းလဲ့တင် ရီ‌ဆော့၌ ပြုလုပ်သည့် ကရင်နိုင်ငံ‌ရေးပါတီ ၄ ခု အစည်းအ‌ဝေးတွင် ဖွဲ့စည်းလိုက်သည်ဟု ပါတီတာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးတွင် ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် ‌ရေရှည်လုပ်ငန်းစဉ်အဖြစ် ပါတီ‌လေးခု ‌ပေါင်းစည်း ‌ရေးလုပ်‌ဆောင်သွားမည် ဖြစ်သလို ‌ရေတိုလုပ်ငန်းစဉ်အ‌နေဖြင့် ၂၀၂ဝ ပြည့်နှစ်တွင် ကျင်းပရန်ရှိသည့် အ‌ထွေ ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ‌အောင်နိုင်‌ရေးအတွက် ယခုလို ‌ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု အစည်းအ‌ဝေး တက်‌ရောက်ခဲ့သူ ကရင်ပြည်သူ့ပါတီ(KPP) ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ပြောသည်။

ကရင်အမျိုးသားပါတီ(KNP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းကလည်း“ ကျ‌နော်မ‌နေ့က အစည်းအ‌ဝေး မှာ ကရင်ပါတီ အချင်းချင်း ‌ရွေး‌ကောက်ပွဲမှာညှိနှိုင်းလုပ်‌ဆောင်ဖို့ ‌ကော်မတီတစ်ခုအဆိုပြုတယ်။ ဒီ‌နေ့ အစည်း အ‌ဝေးမှာ ပါတီအသီးသီးက ကိုယ်စားလှယ်‌တွေ ‌ဆွေး‌နွေးသ‌ဘောတူလိုက်တယ်” ဟု ‌ကေအိုင်စီသို့ နိုဝင်ဘာ ၆ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ‌ကော်မတီတွင် ကရင်ပါတီ‌လေးခုမှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ ဦးစီ စုစု‌ပေါင်း ၁၂ ဦးနှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC)မှ ကိုယ်စားလှယ် ၇ ဦး စုစု‌ပေါင်းကိုယ်စားလှယ် ၁၉ ဦးတို့ ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နှစ်ရက်တာ ပြုလုပ်သည့် အစည်းအ‌ဝေးတွင် ရိုးရာဓ‌လေ့ ပွဲ‌တော်များကို ထုံးတမ်းစဉ်လာနှင့် အညီ စည်းလုံးညီညွတ်မှုမပြိုကွဲ‌စေဘဲ ပြုလုပ်သွားရန် ‌ဆွေး‌နွေးခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ပြောသည်။

ကရင်‌လေးပါတီ ညှိနှိုင်းအစည်းအ‌ဝေးသို့ ပါတီတစ်ခုစီမှ ကိုယ်စားလှယ် ၇ ဦး စုစု‌ပေါင်း ၂၈ ဦးတက်‌ရောက် ခဲ့ရာ နှစ်ရက်တာ အစည်းအ‌ဝေးတွင် ညှိနှိုင်း‌ရေး‌ကော်မတီ ဖွဲ့စည်း‌ရေးအပါအဝင် အချက်သုံးချက်ကို သ‌ဘော တူ ခဲ့ပြီး ယင်းသ‌ဘောတူညီချက်ကို မကြာမှီထုတ်ပြန်သွားရန် ရှိ‌ကြောင်း ပါတီတာဝန်ရှိသူအချို့က‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် ၂၀၁ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုက ရက် တစ်ပါတီက ၉ ‌နေရာ၊ ကရင်ပြည်သူ့ ပါတီက ၆ ‌နေရာ အနိုင်ရရှိခဲ့ဖူးသည်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်မူ ကရင်ပြည်သူ့ပါတီက တစ်‌နေရာ အနိုင်ရခဲ့ကာ လာမည့်‌ရွေး‌ကောက်ပွဲတွင် ပါတီအချင်းချင်း‌နေရာမထပ်‌ရေး စသဖြင့် အ‌ထွေ‌ထွေညှိနှိုင်းလုပ်‌ဆောင်သွားမည်ဖြစ်သည်။