Home သတင်း ကရင်စာ‌ပေသင်ယူမှု ပီပြင်စွာရရှိ‌ရေး တွန်းအား‌ပေးသွားရန် စာ‌ပေနှင့် ယဉ်‌ကျေးမ ှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဆုံးဖြတ်

ကရင်စာ‌ပေသင်ယူမှု ပီပြင်စွာရရှိ‌ရေး တွန်းအား‌ပေးသွားရန် စာ‌ပေနှင့် ယဉ်‌ကျေးမ ှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဆုံးဖြတ်

2256

နိုုဝင်ဘာ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

အစိုးရစာသင်‌ကျောင်းများတွင် ကရင်စာ‌ပေသင်ကြားသင်ယူမှု ပီပြင်စွာရရှိရန်အတွက် တွန်းအား‌ပေးလုပ် ‌ဆောင်သွားမည်ဟု ဖားအံမြို့၊ ကရင်‌ကျောင်းသားများ ရိပ်သာ (KSC)၌ ယ‌နေ့(နိုဝင်ဘာ ၉ ရက်) ပြုလုပ်သည့် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း၏ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ဆုံးဖြတ်လိုက်သည်။

ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဒု ဥက္ကဌ ‌စောချစ်သန်းက “စာ‌ပေ က ‌တော့ စာသင်‌ကျောင်း‌တွေမှာ တရားဝင်သင်ကြားခွင့်ရခဲ့‌ပေမယ့် ဒီထက်ပိုသင်နိုင်‌အောင် အားလုံး ဝိုင်းဝန်းပူး ‌ပေါင်းပြီး လုပ်‌ဆောင် တွန်းအား‌ပေးသွားကြဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။ တချို့ကလည်း ဆရာအခက်အခဲ၊ ‌ဒေသအခက်အခဲ‌တွေ‌ကြောင့် မသင်ကြားဖြစ်ဘူး။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

စာ‌ပေသည် လူမျိုး၏အသက်‌သွေး‌ကြောဖြစ်သည်နှင့်အညီ ကရင်စာ‌ပေကို သင်ကြား တတ်‌မြောက်ပါမှ ကရင် လူမျိုးလည်း ‌ရေရှည်ရပ်တည်နိုင်မည်ဖြစ်ပြီး အချို့ ကရင်စာ‌ပေသင်ကြား‌ပေးရန် တာဝန်ကျ‌သော ဆရာ/မ များ သည် ကရင်စာ‌ပေကို မတတ်‌သော‌ကြောင့် သင်ယူရာတွင် တိုးတက်ဖြစ်ထွန်းမှုမရှိ‌သေး‌ကြောင်းလည်း စာ/ယဉ် တာဝန်ရှိသူများက ‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတွင် စာ‌ပေသင်ကြား‌ရေးကိစ္စရပ်များအပြင် ယဉ်‌ကျေးမှု(တူရိယာ၊ ‌တေးသီချင်း၊ အက၊ ဝတ်စားဆင်ယင်မှု)၊ ရိုးရာဓ‌လေ့ထုံးတမ်းများကို ထိန်းသိမ်း‌စောင့်‌ရှောက်ခြင်းများ၊ ကရင်အမျိုးသားအ လံ‌တော် နှင့်သီချင်းကိစ္စရပ်များကိုလည်း ထည့်သွင်း‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်၊ မြို့နယ်များမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းဝင်များ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများအပါအဝင် စုစု‌ပေါင်း ၂ဝ ဦး‌ကျော် ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။