Home သတင်း ကမ္ဘာ့ လမ‌စေ့‌မွေးဖွားခြင်း‌နေ့ (WPD)ကို နယ်စပ်ရှိ မယ်‌တော်‌ဆေးခန်းတွင် ပြုလုပ်ကျင်းပ

ကမ္ဘာ့ လမ‌စေ့‌မွေးဖွားခြင်း‌နေ့ (WPD)ကို နယ်စပ်ရှိ မယ်‌တော်‌ဆေးခန်းတွင် ပြုလုပ်ကျင်းပ

2542

နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ယ‌နေ့နိုဝင်ဘာလ (၁၇)ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့လမ‌စေ့ ‌မွေးဖွားခြင်း‌နေ့(World Prematurity Day)ကို နယ်စပ် ‌ဒေသ ကျန်းမာ‌ရေးပညာ‌ပေး အကူအညီ‌ပေး‌နေသည့် Community Partners International မှ ဦး‌ဆောင်၍ ထိုင်းနိုင်ငံ၊ မဲ ‌ဆောက်မြို့ရှိ ယခင် မယ်‌တော်‌ဆေးခန်း‌ဟောင်း‌နေရာ၌ ပြုလုပ်ကျင်းပခဲ့သည်။

‌မွေးကင်းစ က‌လေးငယ် ‌သေဆုံးမှုများခြင်းနှင့် (၅)နှစ်‌အောက်က‌လေးငယ်များ ‌သေဆုံးမှုနှုန်း ‌လျော့ကျ‌စေရန်အတွက် ဒီက‌နေ့ ကျ‌ရောက်သည့် WPD‌နေ့ကို မိခင်များ ၊ နယ်စပ်‌ဒေသတွင်း အ‌ခြေခံကျန်းမာ‌ရေးလုပ်သားများ သိရှိ‌စေရန် ရည်ရွယ်၍ ပြုလုပ်ရ ခြင်းဖြစ်သည်ဟု CPI ၏ နည်းပညာအကြံ‌ပေး ‌ဒေါက်တာသိန်းဝင်းက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ‌မွေးကင်းစ က‌လေး ‌သေနှုန်း ‌လျော့ချနိုင်မှ ၅နှစ်‌အောက်က‌လေး ‌သေနှုန်း‌လျော့ချနိုင်မှာ။ ဒါ‌ကြောင့် ၅နှစ် ‌အောက် က‌လေး‌သေနှုန်းက ကျ‌နော်တို့ရဲ့ နိုင်ငံရဲ့ကျန်းမာ‌ရေး စီးပွား‌ရေးကို တိုင်းတဲ့အတွက် အများကြီး အ‌ထောက်အကူပြုပါ တယ်။ တစ်‌ယောက်ချင်းအ‌နေနဲ့ကြည့်လည်း မိခင်‌တွေက မိသားစု‌တွေက ကိုယ့်က‌လေး‌သေတဲ့နှုန်း ကျသွားတဲ့အတွက် ဒါဟာ မဂင်္လာတစ်ပါးပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေး အဖွဲ့အစည်းများ၏ ဆန်းစစ်ချက်အရ ‌နေ့မ‌စေ့ လမ‌စေ့ ‌မွေးဖွားနှုန်းအ‌နေဖြင့် ၁၈ရာခိုင်နှုန်းခန့်မှ ၁၂ရာခိုင်နှုန်းခန့် ကျဆင်းသွားသည့် အ‌ခြေအ‌နေတွင်ရှိ‌နေပြီး မြန်မာနိုင်ငံအ‌နေဖြင့် ‌နေ့မ‌စေ့ လမ‌စေ့ ‌မွေးဖွား နှုန်းအ‌နေဖြင့်လည်း ကျဆင်းသွားသည့်အ‌ခြေအ‌နေတွင် ရှိ‌နေ‌သော်လည်း သိသိသာသာ ကျဆင်းသွားခြင်းမျိုး မရှိ‌သေး‌ကြောင်း လည်း ‌ဒေါက်တာသိန်းဝင်းက ဆက်‌ပြောသည်။

ထိုသို့လမ‌စေ့ ‌မွေးဖွားနှုန်းကျဆင်းရန်အတွက်လည်း နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် လိုအပ်သည့် ပညာ‌ပေးလုပ်ငန်းများ၊ ကုသမှုများအပြင် ‌မွေးကင်းစက‌လေး ‌သေဆုံးမှုနှုန်းကျဆင်း‌ရေးအတွက် လိုအပ်သည့် ကျန်းမာ‌ရေးလုပ် သားများကိုလည်း ‌မွေးထုတ်‌ပေးလျက်ရှိ‌နေသည်ဟုလည်း နယ်စပ်ကျန်းမာ‌ရေးအဖွဲ့များက ဆိုသည်။

မယ်‌တော်‌ဆေးခန်းကို ဦး‌ဆောင်‌နေသူ ‌ဒေါက်တာစင်သီယာ‌မောင်က “အများအားဖြင့်‌တော့ ကိုယ်ဝန်‌ဆောင် ‌စောင့်‌ရှောက်မှု ‌တွေ ပုံမှန် မခံယူတာတို့၊ ‌နောက်‌တော့ တချို့လည်း ဆယ်‌ကျော်သက် အမျိုးသမီးငယ်‌တွေနဲ့ များ‌သောအားဖြင့် ‌ရွှေ့‌ပြောင်းလူ ထုကြားထဲမှာဆိုရင် ပုံမှန်ကိုယ်ဝန်‌ဆောင် ‌စောင့်‌ရှောက်မှုခံယူဖို့အတွက် အခက်အခဲ‌တွေရှိ‌နေတဲ့အချိန်‌တွေမှာ ‌မွေးဖွားခါနီးမှ ‌ရောက်လာတဲ့ အမျိုးသမီး‌တွေ‌ပေါ့‌နော်။ အဲ့လိုမျိုးကြားထဲမှာ‌တော့ ‌တွေ့ရှိရပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အလားတူ မဲ‌ဆောက်မြို့တွင် Community Partners International မှဦး‌ဆောင်၍ WPD ကို ၂၀၁၆ခုနှစ်တွင် ပထမဦးဆုံးအ ကြိမ် ပြုလုပ်ခဲ့ပြီး ယ‌နေ့ပြုလုပ်သည့် အခမ်းအနားသို့ မယ်‌တော်‌ဆေးခန်းရှိ ကျန်းမာ‌ရေးလုပ်သားများနှင့် သင်တန်းလာ‌ရောက် တက်‌ရောက်‌နေသည့် ကျန်းမာ‌ရေးလုပ်သားသင်တန်းသူ/သားများ စုစု‌ပေါင်း ၂၀ဝနီးပါးတက်‌ရောက်ခဲ့ကြသည်။

ဥ‌ရောပမိဘအဖွဲ့အစည်းကြီးမှ ဦး‌ဆောင်၍ ၂၀၀၈ခုနှစ်တွင် နိုဝင်ဘာလ ၁၇ရက်‌နေ့ကို လမ‌စေ့‌မွေးဖွားခြင်းအတွက် ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာစည်းရုံးလှုံ့‌ဆော်မှု‌နေ့အဖြစ် ဖန်တီးခဲ့ပြီး‌နောက် ၂၀၁၁ခုနှစ်မှစ၍ ကမ္ဘာ့လမ‌စေ့ ‌မွေးဖွားခြင်း‌နေ့အဖြစ် ကျင်းပ လာခဲ့သည်။