Home သတင်း မြိုင်ကြီးငူ ဆရာ‌တော်၏ ရုပ်ကလာပ်‌တော်ကို သဂြုႋဟ်‌တော့မည်

မြိုင်ကြီးငူ ဆရာ‌တော်၏ ရုပ်ကလာပ်‌တော်ကို သဂြုႋဟ်‌တော့မည်

4203

နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မြိုင်ကြီးငူဆရာ‌တော် ဘဒ္ဒန္တ ဦးသုဇန ရုပ်ကလာပ်‌တော်ကို နိုဝင်ဘာလ ၂၇ ရက်(နံနက်ဖြန်)‌နေ့ည၊ ၉ နာရီ ၁၂ မိနစ်အချိန်တွင် လှှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ၌ သဂြုႋဟ်‌တော့မည်ဟု သိရသည်။

ဘဝနတ်ထံပျံလွန်‌တော်မူသွားပြီဖြစ်သည့် ဆရာ‌တော်၏ ရုပ်ကလာပ်‌တော်ကို ၄၅ ရက်ကြာ အပူ‌ဇော်ခံပြီး ‌နောက် နံနက်ဖြန်ညတွင် အနိ္တမဈာပန အခမ်းအနားပြုလုပ်သွားမည်ဖြစ်‌ကြောင်း ‌ဇော်ဂျီပြဿဒ်ထမ်းပြိုင်ပွဲ၏ လက် ‌ထောက်ဒိုင်ချုပ် ‌စောဝင်းစိုးက ယ‌နေ့ (နိုဝင်ဘာ ၂၆ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

“မနက်ဖြန်ည ၆ နာရီက‌နေ ၉ နာရီအထိက ‌ဇော်ဂျီပြဿဒ်ထမ်းနဲ့ ဧယာဉ်ကျူးဆု‌ပေးပွဲအစီအစဉ်၊ ၉ နာရီ ၁၂ မိနစ်အချိန်မှာက အနိ္တမဈာပနအခမ်းအနားပဲဖြစ်ပါတယ် ”ဟု ‌စောဝင်းစိုး(လ်ုပဝ်အွာ) က‌ပြောသည်။

ဆရာ‌တော်၏ အနိ္တမ ဈာပနအခမ်းအနားသို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်‌ထောင် စုနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ တာဝန်ရှိသူများအပါအဝင် အနယ်နယ်အရပ်ရပ်မှ လူပရိဿတ်များ လည်း လာ‌ရောက်ကြမည်ဖြစ်‌ကြောင်း ‌စောဝင်းစိုးမှ ဆက်‌ပြောသည်။

အနိ္တမ ဈာပနမကျင်းပမီ ရက်‌ပေါင်း ၄၅ ရက်အတွင်း ဈာပနကျင်းပနိုင်‌ရေးလုပ်ငန်းအစီအစဉ်များ၊ ‌ကျွေး‌မွေး ဧည့်ခံ‌ရေးနှင့်‌ပျော်ပွဲရွှင်ပွဲ အစီအစဉ်များထည့်သွင်းကျင်းပခဲ့ကြပြီး အခမ်းအနားအစီအစဉ် အားလုံးအတွက် ကျပ် သိန်း‌ပေါင်း တစ်‌သောင်း‌ကျော် ကုန်ကျမည်ဖြစ်‌ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။

မြိုင်ကြီးငူဆရာ‌တော်ဘုရားကြီး ဦးသုဇနသည် ယခုလ ၁၃ရက်၊ ထိုင်းစံ‌တော်ချိန် ည ၉ နာရီ ၁၂ မိနစ် အချိန်တွင် ဘန်‌ကောက်မြို့ ၊ Bumrungrad International Hospital ‌ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်‌တော်မူခဲ့ခြင်း ဖြစ်ပြီး ပျံလွန်‌တော်မူသည့်အချိန်တွင် သက်‌တော် ၇၁ နှစ်၊ ဝါ‌တော် ၅၁ ဝါရှိသည်ဟု သိရသည်။