Home သတင်း ဖာလာအသီး‌ပေါ်ချိန် ဝယ်‌ဈေးနှုန်းကျ‌သော‌ကြောင့် ‌တောင်သူများစားဝတ်‌နေ‌ရေး အခက်‌တွေ့

ဖာလာအသီး‌ပေါ်ချိန် ဝယ်‌ဈေးနှုန်းကျ‌သော‌ကြောင့် ‌တောင်သူများစားဝတ်‌နေ‌ရေး အခက်‌တွေ့

4824

‌အောက်တိုဘာ ၁၇ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်တွင် ယခုနှစ် ဖာလာအသီးထွက်ချိန်၌ တရုတ် ဝယ်‌ဈေးနှုန်းကျ‌သော ‌ကြောင့် ဖာလာ
စိုက်‌တောင်သူအများစုမှာ စားဝတ်‌နေ‌ရေး အခက်‌တွေ့‌နေရသည်ဟု ‌ဒေသခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလက ဖာလာအသီးစခူး‌နေပြီး‌ပေါ့‌နော်။ ၁ ပိဿာ တစ်‌သောင်းကျပ်ပဲ ‌ပေးတယ်။ ဖာလာမ‌ပေါ်ခင်က စားဝတ်‌နေ‌ရေး အတွက် ‌ငွေကိုယူသုံးထားရတာပါ။ ဒီနှစ်အသီးထွက်‌ကောင်းတယ်။ ကြွက်၊ ‌တောဝက်‌တွေ လာကိုက်စားသွားတာ၊ အသီး မှည့်‌နေပြီး အလုပ်သမား ရှာမရတာ‌တွေနဲ့ပဲ အသီးအ‌တော်ပျက်စီးခဲ့တယ်။ ကျမတို့က ‌တောင်ယာ‌တွေအစား ဒီဖာလာပင် ကိုပဲ အစားထိုးစိုက်ပျိုးပြီး စားဝတ်‌နေ‌ရေး‌ဖြေရှင်း‌နေရတာပါ။ အလုပ်သမားခနဲ့ဆို ‌ဈေးမကိုက်ဘူး‌ပေါ့‌နော်” ဟု သံ ‌တောင်ကြီးမြို့မှ ‌နော်ခူးခူးက ‌ပြောသည်။

ယခင်နှစ်က ဖာလာအသီး‌ပေါ်ချိန်တွင် ၁ ပိဿာလျှင် ကျပ် ၁၃,ဝဝဝ မှ ကျပ် ၁၅,ဝဝဝ အထိ ‌တောင်သူများ‌ဈေးဦးရရှိခဲ့ပြီး တ ရုတ်ဝယ်လက်ကိုသာ မှီခိုအားထား‌နေရသည့်အတွက် ‌ဈေး‌ပေးသမျှသာ ‌ရောင်း‌ပေး‌နေရသည်ဟု ‌တောင်သူများက ‌ပြောဆိုသည်။

‌ဘောဂလိ(ခလယ်လာ)မြို့‌နေ ဖာလာအဝယ်ဒိုင် ‌နော်သီရိစံက “ ဒီနှစ်အသီး‌ပေါ်စ‌တော့ ၁ပိသာ တစ်‌သောင်းကျပ်ပဲ‌ဈေး ရှိတယ်။ ခုမှစခူး‌နေကြတယ်ဆို‌တော့ လာ‌ရောင်းတာမျိုး‌တော့ မရှိ‌သေးဘူး။ အဓိက ‌ဈေးကွက်ပြိုင်မှု မရှိတာ ‌ပေါ့‌နော်။ ဖာလာက တရုတ်‌တွေပဲ ဆင်းဝယ်တယ်။ ၂ဝ၁၆ ခုနှစ်ကဆို ‌ဈေး ၂ဝ,ဝဝဝ (ကျပ်) ‌ကျော်အထိ ရတယ်။ ‌ဈေးမ‌ကောင်းတဲ့ နှစ်ဆို ‌တောင်သူ‌တွေအ‌ကြွေးတင်ပြန်‌ရော” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် သံ‌တောင်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်များတွင် ဖာလာစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိကာ ဖာလာ‌စေ့ကို ကွမ်းယာ ထည့်သုံးစားရတွင်လည်း‌ကောင်း၊ ‌ဆေးဝါး‌ဖော်စပ်မှုနှင့် ဟင်းခတ်အ‌မွှေးကြိုင်များတွင် အများဆုံးအသုံးပြုသည်ဟု သိရသည်။