Home သတင်း Miss Tourism Queen Worldwide ၏ လှပ‌ကျော့ရှင်းဆုံးဆု Miss နန်းထက်ထက်လင်းရရှိ

Miss Tourism Queen Worldwide ၏ လှပ‌ကျော့ရှင်းဆုံးဆု Miss နန်းထက်ထက်လင်းရရှိ

2693

‌အောက်တိုဘာ ၂၄ ရက်၊ ၂၀၁၈ခုနှစ်၊ ‌ကေအိုင်စီ

လက်ရှိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပ‌နေသည့် Miss Tourism Queen Worldwide 2018 ၏ ‌အောက်တိုဘာလ ၂၂ ရက်‌နေ့က ယှဉ်ပြိုင်သည့် Long Gown Competition တွင် Most Elegant Award (လှပ‌ကျော့ရှင်းဆုံးဆု)ကို မြန်မာနိုင်ငံကိုယ် စားပြု ကရင်တိုင်းရင်သူ Miss နန်းထက်ထက်လင်းမှ ရရှိခဲ့သည်။

အဆိုပါ Miss Tourism Queen Worldwide 2018 ပြိုင်ပွဲ၏ Long Gown Competition တွင် Most Eleg ant Award (လှပ‌ကျော့ရှင်းဆုံးဆု)နှင့် Star Of The Night Special Award ဆု နှစ်ခုကို ချီးမြှင့်ရာတွင် နန်းထက်ထက်လင်းက ယင်းဆုတစ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

“ဒီဆုက‌တော့ ဒီဇိုင်နာရဲ့ တီထွင်မှုရယ်၊ Miss ရဲ့ လိုက်ဖက်မှုရယ်ကို ‌ပေါင်းစပ်ပြီး‌တော့မှ ရခဲ့တဲ့ဆုပါ”ဟု နန်း ထက်ထက်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

Miss Tourism Queen Worldwide 2018 ၏ Grand Final ပွဲစဉ်ကို လာမည့် ‌အောက်တိုဘာလ ၂၈ရက်‌နေ့ တွင် ကျင်းပသွားမည်ဖြစ်ပြီး ကရင်လူမျိုးအတွက်သာမက မြန်မာနိုင်ငံအတွက်ပါ ဂုဏ်‌ဆောင်နိုင်‌အောင် အ ‌ကောင်းဆုံး ကြိုးစားပြင်ဆင်ပြီး ယှဉ်ပြိုင်‌နေသည်ဟုလည်း နန်းထက်ထက်လင်းက ဆက်လက်‌ပြောဆိုသည်။