Home သတင်း မြိုင်ကြီးငူ ဆရာ‌တော် ကျန်းမာ‌ရေး အ‌ခြေအ‌နေ ဆိုးရွားလာပြီး အ‌ရေး‌ပေါ် ကုသမှုခံယူ‌နေ

မြိုင်ကြီးငူ ဆရာ‌တော် ကျန်းမာ‌ရေး အ‌ခြေအ‌နေ ဆိုးရွားလာပြီး အ‌ရေး‌ပေါ် ကုသမှုခံယူ‌နေ

4067

‌အောက်တိုဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၏ အထင်ကရ ဆရာ‌တော်ကြီး တစ်ပါးဖြစ်သည့် မြိုင်ကြီးငူ ဆရာ‌တော်ဦးသုဇနသည် လက်ရှိ ကျန်းမာ‌ရေး အ‌ခြေအ‌နေ ဆိုးရွားလာသည့်အတွက် ဘန်‌ကောက်မြို့၌ အ‌ရေး‌ပေါ်‌ဆေးကုသမှု ခံယူ‌နေရ သည်ဟု ဆရာ‌တော်အား အနီးကပ်ပြုစု ‌စောင့်‌ရှောက်‌နေသည့် ဒါယကာများက ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော ဆရာ‌တော်၏ ကျန်းမာ‌ရေးအ‌ခြေအ‌နေအ‌ပေါ် အနီးကပ်ပြုစု‌နေသူ ဒါယကာတစ်ဦးက “ဆရာ‌တော်က အခုထိ‌တော့ မပျံလွန်‌တော်မူ‌သေးပါဘူး။ ICU အခန်းထဲမှာပဲ ရှိ‌နေတယ်။ ‌ဆေးထိုးထားပြီး အသက်ရှူ‌နေပါတယ်။ အ‌ခြေအ‌နေက သက်သာလိုက်၊ ဆိုးရွားလိုက်ဖြစ်‌နေပါတယ်။” ဟု ရှင်းပြသည်။

ထို့အပြင် ဆရာ‌တော်၏ လက်ရှိ အ‌ခြေအ‌နေသည် အလွန်စိုးရိမ်ရပြီး ဆရာဝန်များ၏ ‌ပြောပြချက်အရ ပြန်လည် ‌ကောင်းမွန်လာမည့် အလားအလာ မရှိ‌တော့‌ကြောင်း ဆရာ‌တော်၏ တပည့်ရင်းတစ်ဦးကလည်း ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း သာသနာပြုလုပ်ငန်းများ အများအပြားလုပ်ကိုင်ခဲ့သည့် မြိုင်ကြီးငူ ဆရာ‌တော်သည် အနယ်နယ်အရပ်ရပ်ရှိ ဒါယကာ၊ ဒါယိကာမ အများအပြား၏ ကြည်ညိုခြင်း ခံရသူဖြစ်သည်။

ဆရာ‌တော် ဦးသုဇနသည် ၁၉၉၄ ခုနှစ်၊ ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ခဲ့သည့် တိုးတက် ‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)ကို ဦး‌ဆောင်လမ်းညွှန်ခဲ့သူဖြစ်သည်။