Home သတင်း မြဝတီ ကရင်နှစ်သစ်ကူးကွင်းကို ၂၀၂ဝ တွင် အပြီး‌ဆောက်မည်

မြဝတီ ကရင်နှစ်သစ်ကူးကွင်းကို ၂၀၂ဝ တွင် အပြီး‌ဆောက်မည်

3344

‌အောက်တိုဘာ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မြဝတီမြို့တွင် တည်‌ဆောက်‌နေသည့် ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်းကို ၂၀၁၉-၂၀၂ဝ ခုနှစ်တွင် အ ပြီး‌ဆောက်လုပ်သွားရန် လျာထား‌ကြောင်း ကွင်းဖြစ်‌မြောက်‌ရေး အလုပ်အမှု‌ဆောင်‌ကော်မတီ ဥက္ကဌဖြစ်သူ က ရင်နယ်ခြား‌စောင့်တပ် (BGF) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူက ‌အောက်တိုဘာ ၉ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“လက်ရှိအချိန်မှာ မုဒ်ဝတို့၊ ဒုံးစင်တို့ကို တည်‌ဆောက်‌နေပါပြီ။ (‌မြေမညီလို့) တချို့‌နေရာ‌တွေဆို တူးရတယ်၊ မိုင်းနဲ့ပါ‌ဖောက်ရတယ်။ ‌ရှေ့ဆက်ပြီး စတုဒီသာရုံ၊ ‌ရေချိုးခန်း၊ အိမ်သာ‌တွေ ဆက်‌ဆောက်သွားမယ်။ ကွင်း ‌နေ ရာက မြို့ထဲမှာလည်းဖြစ်တယ်။ နယ်စပ်လည်းဖြစ်တဲ့အတွက် အဆင့်မှီ‌ဆောက်လုပ်ဖို့ အနည်းဆုံး သိန်း ၇ ‌ထောင် ၈ ‌ထောင်‌လောက်ကုန်မယ်။ ၂၀၁၉-၂ဝ ခုနှစ် အပြီး‌ဆောက်မယ်လို့ ခန့်မှန်းထားတယ်↔ဟု‌ပြောသည်။

ကွင်းဖြစ်‌မြောက်ရန် ကရင်လက်နက်ကိုင် အဖွဲ့အစည်း(၄)ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ က ရင်ငြိမ်းချမ်း‌ရေး ‌ကောင်စီ-KNU/KNLA(PC)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA နှင့် ကရင်နယ်ခြား ‌စောင့်တပ်ဖွဲ့-BGFတို့အပြင် ကရင်ရဟန်း‌တော်အသင်း၊ မြဝတီစာ‌ပေနှင့်ယဉ်‌ကျေးမှု‌ခေါင်း‌ဆောင်များမှ စု‌ပေါင်း ၍ ဦးစီး‌ဆောင်ရွက်‌နေသည်ဟု သိရသည်။

မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ ‌မြေဧက ၁၄ ဧက‌ကျော် အကျယ်အဝန်း‌ပေါ်တွင် တည်‌ဆောက်မည့် အဆိုပါ ကွင်း ဖြစ်‌မြောက်‌ရေးအတွက် လိုအပ်သည့်‌ငွေ‌ကြေးများကို ကရင်လက်နက်ကိုင်အဖွဲ့အစည်း(၄)ဖွဲ့ တို့အပြင် မြဝတီစာ‌ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့ဝင်များ၊ ‌စေတနာရှင်များကလည်း ထည့်ဝင်လှူဒါန်း‌ပေး‌နေ‌ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ‌စောချစ်သူက “ကရင်လူမျိုး‌တွေဟာ ထိုင်းနိုင်ငံအပါအဝင် ‌နေရာအနှံ့အပြားမှာ ‌နေထိုင်ကြတယ်။ မြဝတီမြို့ဟာ နယ်စပ်မြို့ ဖြစ်တဲ့အတွက် ‌နေရာစုံက ကရင်အမျိုးသား‌တွေ ‌တွေ့ဆုံဖို့လွယ်တယ်။ တစ်‌နေ့ကျရင် ကရင်နှစ်သစ်ကူးဖြစ်‌စေ၊ ချည်ဖြူဖွဲ့ပွဲဖြစ်‌စေ၊ အခြားကရင်နဲ့သက်ဆိုင်တဲ့ အလုပ်‌တွေ၊ ပွဲ‌တွေကို ပြုလုပ်ဖို့ ကရင် ‌တွေရဲ့ ကိုယ်ပိုင်‌နေရာ‌လေးရှိဖို့ လိုအပ်တဲ့အတွက် ခုလို ‌ဆောက်လုပ်ရတာဖြစ်တယ်။ ကရင်တစ်မျိုးသားလုံးရဲ့ ‌မြေး မြစ်‌တွေအထိ အကျိုး‌ကျေးဇူး ဖြစ်ထွန်းဖို့အတွက် ကြိုးစား‌ဆောင်ရွက်‌နေတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

၂၀၁၅ ခုနှစ်၊ ‌မေလမှ စတင်၍ ကရင်အမျိုးသားထာဝရ နှစ်သစ်ကူးကွင်းဖြစ်‌မြောက်‌ရေးအတွက် စတင် ‌ဆွေး ‌နွေး ခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ‌အောက်တိုဘာ ၅ ရက်‌နေ့တွင် ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်း အတည်ပြု ‌ရေး (၅) ကြိမ်‌မြောက်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ အခမ်းအနားကို မြဝတီမြို့တွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။