Home သတင်း ပြည်နယ်‌နေ့ အထိမ်းအမှတ်အဖြစ် ရိုးရာလက်‌ဝှေ့ တွဲဆိုင်း‌ပေါင်း ၁၀ဝ ‌ကျော် ယှဉ်ပြိုင်ထိုးသတ်မည်

ပြည်နယ်‌နေ့ အထိမ်းအမှတ်အဖြစ် ရိုးရာလက်‌ဝှေ့ တွဲဆိုင်း‌ပေါင်း ၁၀ဝ ‌ကျော် ယှဉ်ပြိုင်ထိုးသတ်မည်

3181

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

လာမည့် နိုဝင်ဘာလ ၇ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၃ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်အဖြစ် နာမည်‌ကျော် လက်‌ဝှေ့သမားများပါဝင်သည့် မြန်မာ့ရိုးရာလက်‌ဝှေ့ပြိုင်ပွဲများအပါအဝင် စုစု‌ပေါင်းလက်‌ဝှေ့ တွဲဆိုင်း‌ပေါင်း ၁ဝဝ ‌ကျော် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်‌ကြောင်း ပွဲစီစဉ်သူများက ‌ပြောသည်။

အဆိုပါ မြန်မာ့ရိုးရာလက်‌ဝှေ့ပြိုင်ပွဲကို သီရိကွင်း၌ နိုဝင်ဘာ ၇ရက်မှ ၁၁ ရက်‌နေ့အထိ ငါးရက်တာ ယှဉ်ပြိုင် သွားမည် ဖြစ်ပြီး ဖျံ‌သွေး(‌ရွှေမိုးထိ ငြိမ်းချမ်း‌ရေး)၊ ‌ရွှေရာမာန်(‌ရွှေ‌ဒေါပုံ)၊ ‌သွေးသစ်‌အောင် (သုံးပန်လှ)၊ ‌သွေးသစ် ဝင်းလှိုင် (အဘန်းချား)၊ ‌စောဘဦး(‌ရွှေဘားလား) စသည့် နာမည်‌ကျော် ရိုးရာလက်‌ဝှေ့သမားများလည်း ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်‌ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦးစတင် ‌အောင်မြင့်က ‌ပြောသည်။

ဦးစတင်‌အောင်မြင့်က “ စာချုပ်စိန်‌ခေါ်ပြိုင်ပွဲက ၃၈ ပွဲအပြင်ကို ရိုးရာ‌အောင်လံအဖြစ် ကျပ် ၇သိန်း‌အောင်လံနဲ့ ကျပ် ၁ဝ သိန်း‌အောင်လံမှာ တစ်လံကို ၇ ပွဲနဲ့ ၁၄ ပွဲပါမယ်။ နယ်ကလာတဲ့ လက်‌ဝှေ့သမား‌တွေ‌ရော၊ ထိုးချင်တဲ့ က‌လေးငယ်ငယ်‌လေး‌တွေ‌ရော စုစု‌ပေါင်း ‌မောင်‌ကျော်(ဦး)တို့ မှန်းထားတာက‌တော့ ပွဲစဉ်‌ပေါင်း ၁၃ဝ ပတ်ဝန်း ကျင်‌လောက်ဖြစ်မယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စိန်‌ခေါ်ပြိုင်ပွဲတွင် ထိုး‌ကြေးအမြင့်ဆုံး ကျပ်သိန်း ၆ဝ နှင့် အနှိမ့်ဆုံး ၃ သိန်း အထိရှိပြီး စာချုပ်ပွဲနှင့် ရိုးရာ‌အောင် လံပြိုင်ပွဲအတွက် ဆု‌ကြေး‌ငွေ ကျပ်သိန်း ၈၀ဝ ခန့် ကုန်ကျမည့်အပြင် ကြားပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည့် အတွက် စုစု‌ပေါင်း ကျပ်သိန်း ၁,၀၀ဝ ခန့် ကုန်ကျမည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

ပြည်နယ်‌နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်‌ဝှေ့ ပြိုင်ပွဲအပြင် ကာယဗလ‌မောင်ပြိုင်ပွဲ၊ ကာယ အလှမယ်ပြိုင်ပွဲ၊ အမျိုးသမီးကာယ ကြံ့ခိုင်မှုပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲ ၊ Ground တင်းနစ်ပြိုင်ပွဲ ၊ ‌ဂေါက် ရိုက်ပြိုင်ပွဲများ နှင့် ‌လှေ‌လှော် ပြိုင်ပွဲစသည့် အားကစားများပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာလ ၇ရက်နှင့် ၈ရက်‌နေ့ညပိုင်းတွင်လည်း မြန်မာနိုင်ငံအတွင်းရှိ ခြင်းမင်းသား၊ ခြင်းမင်း သမီးများဖြင့် ခြင်းအလှခတ်ပြမည့်အစီအစဉ်လည်း ပါဝင်မည်ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။