Home သတင်း ‌ကောက်သစ်စားပွဲကို နှစ်သစ်ကူး‌နေ့နှင့်ယှဉ်တွဲကျင်းပရန် အစိုးရအဖွဲ့ထံ ကရင်စာယဉ်များတင်ပြ‌တောင်းဆို မည်

‌ကောက်သစ်စားပွဲကို နှစ်သစ်ကူး‌နေ့နှင့်ယှဉ်တွဲကျင်းပရန် အစိုးရအဖွဲ့ထံ ကရင်စာယဉ်များတင်ပြ‌တောင်းဆို မည်

3168

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ကြီး ‌ကျေးရွာ၌ လာမည့် ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ပြုလုပ် မည့် ပြည်‌ထောင်စုအဆင့် ကရင်ရိုးရာ ‌ကောက်သစ်စားပွဲ‌တော်ကို ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့နှင့် ယှဉ်တွဲ ကျင်းပသွားရန် မြို့နယ်စာယဉ်များက ဧရာဝတီတိုင်းဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာများထံ စာတင်ပြ ‌တောင်းဆိုသွားမည်ဟု ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများက ‌ပြောသည်။

‌အောက်တိုဘာလ ၂၃ ရက်‌နေ့က ပန်းတ‌နော်မြို့နယ်၊ ကရင်ယဉ်‌ကျေးမှုပြတိုက်၌ ပြုလုပ်သည့် ကရင်လူငယ် စွမ်းရည်မြှင့်အစီအစဉ်များ ‌ဆွေး‌နွေးပွဲအပြီးတွင် မြို့နယ် ၁၂ မြို့နယ်ရှိ ကရင်စာယဉ်အဖွဲ့များ၊ ကရင်နှစ်သစ်ကူး ကျင်းပ‌ရေး ဗဟို‌ကော်မတီဝင်များ (မဟာရန်ကုန်) နှင့် လူငယ်များအပါအဝင် လူဦး‌ရေ ၆ဝ ဝန်းကျင် မှ သ‌ဘော တူလက်မှတ်‌ရေးထိုး၍ ယခုကဲ့သို့ စာတင်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ စာတင်‌တောင်းခံသွားမည့်ကိစ္စနှင့် ပတ်သက်ပြီး ‌မြောင်းမြမြို့နယ် စာယဉ် ဥက္ကဌ မန်းထွန်းလင်းက“ မ လုပ်ရဘူးလို့‌ပြောတာ မဟုတ်ဘူး။ သို့‌သော် ခွဲခြားလုပ်တာက နှစ်သစ်ကူးရဲ့ သမိုင်းတန်ဖိုးနဲ့ နိုင်ငံ‌ရေးအစဉ် အ လာ ကြီးမားမှုကို ပိုပြီးထိပါး‌အောင်လုပ်တာ။ ကရင်အမျိုးသား‌တွေကြားမှာ အယူဆကွဲ‌တွေ ဖြစ်လာနိုင်တဲ့ အတွက် ခွဲလုပ်တာကို‌တော့ စာယဉ်‌တွေက လက်မခံကြဘူး။ လုပ်မယ်ဆိုရင် နှစ်သစ်ကူး‌နေ့မှာပဲ အစီအ စဉ် တစ်ခု အ‌နေနဲ့လုပ်ဖို့ အဓိကအ‌ရေးကြီးဆုံး အ‌နေနဲ့‌ရေးပြီးတင်မှာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြို့နယ်စာယဉ်အဖွဲ့များ၏ ဆန္ဒသ‌ဘောတူညီမှုအရ တိုင်းရင်းသား‌ရေးရာဝန်ကြီးထံ လိပ်မူပြီး လူဦး‌ရေ ၆ဝ ‌ကျော် လက်မှတ်‌ရေးထိုးထား‌သော စာရင်းနှင့်တကွ ဂါ့မိုးမြတ်မြတ်သူ အပါအဝင် တိုင်းဝန်ကြီးချုပ် ဦးလှမိုး‌အောင် ၊ လွှတ်‌တော်ဥက္ကဌ၊ တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးထံ စာတင်‌တောင်းခံသွား မည်ဖြစ်ပြီး လိုအပ်လျှင် အမျိုးသားလွှတ်‌တော် ဥက္ကဌ မန်းဝင်းခိုင်သန်းထံ ဆက်လက် ‌တောင်းဆိုသွားမည်ဖြစ် ‌ကြောင်း စာယဉ်‌ကော်မတီများက ‌ပြောသည်။

‌ကောက်သစ်စားပွဲကျင်းပ‌ရေးကိစ္စကို ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့တွင် ပုသိမ်မြို့၌ ပြုလုပ်သည့် စည်း‌ဝေးပွဲ တွင် ယင်း‌ကောက်သစ်စားပွဲ‌တော်အား သီးသန့်ကျင်းပခြင်းထက် နှစ်သစ်ကူး‌နေ့တွင် ကျင်းပရန် ‌မြောင်းမြစာ ယဉ် ဥက္ကဌ မန်းထွန်းလင်းမှ တင်ပြခဲ့ပြီး မြို့နယ်စာယဉ်များက ‌ထောက်ခံမှုများရှိ‌သော်လည်း ကရင်တိုင်းရင်း သား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှ ငြင်းပယ်ခဲ့ကာ ဆက်လက်လုပ်‌ဆောင်ခြင်းဖြစ်‌ကြောင်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၏ စီစဉ်ဦး‌ဆောင်မှုဖြင့် ပြည်‌ထောင် စုအဆင့် ‌ကောက်သစ်စားပွဲ ကျင်းပမည့် သတင်းများထွက်‌ပေါ်ပြီး‌နောက်ပိုင်းတွင် ယင်းပွဲ‌တော်ကျင်းပမည့် ကိစ္စ နှင့် ပတ်သက်ပြီး ရန်ကုုန်တိုင်းနှင့်ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်စာယဉ်‌ကော်မတီများအပါ အဝင် က ရင်အသိုင်းအဝိုင်းများအကြား သ‌ဘောထားကွဲလွဲမှုအချို့ ဖြစ်‌ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် လာမည့်‌ကောက်သစ်စားပွဲ‌တော်ကို ကျင်းပရန် စီစဉ်ရာတွင်လည်း မြို့ နယ်အသီးသီးရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ၏ ဆန္ဒသ‌ဘောထားမပါဘဲ ဧရာဝတီတိုင်း တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌ရေး ရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှ ဦး‌ဆောင်ကာ ‌အောက်တိုဘာ ၁၃ ရက်‌နေ့တွင် ကျင်းပ‌ရေး‌ကော်မတီကို ဖွဲ့စည်း ခြင်းဖြစ်သည်ဟု ကရင်စာယဉ်‌ကော်မတီများ၏ ‌ဝေဖန်‌ပြောဆိုမှုများလည်း ရှိ‌နေသည်။

‌ကောက်သစ်စားပွဲ ဖြစ်‌မြောက်‌ရေးအတွက် အဓိကသွား‌ရောက် ကူညီစီစဉ်‌နေသူ ‌စောဘိုဘို‌ဝေ‌မောင်က “မြို့နယ် တိုင်း အားလုံးပါဝင်တဲ့ ပွဲတစ်ခုလုပ်ချင်တယ်။ အဲ့‌တော့ ကရင်နှစ်သစ်ကူး‌နေ့မှာ လုပ်မယ်ဆိုရင် ကိုယ့်မြို့ နယ်မှာ ကိုယ်လုပ်ကြမှာမို့လို့ လူတိုင်းမတက်လာနိုင်ဘူး။ ‌အောက်‌ခြေကလည်း မ‌ပေးနိုင်ဘူးလို့ ‌ပြောတာရှိတယ်။ အဲ့‌တော့ နှစ်သစ်ကူးထက် ‌စောလုပ်မယ်ဆိုတဲ့ အမြင်မျိုး‌ဆွေး‌နွေးရင်းနဲ့ တက်လာတာဖြစ်တယ်”ဟု ‌ပြောသည်။

ကရင်လူမျိုးတို့၏ ရိုးရာဓ‌လေ့တစ်ခုဖြစ်သည့် ‌ကောက်သစ်စားပွဲ‌တော်ကို ကရင်လူမျိုးများ‌နေထိုင်ရာ ‌နေရာ ‌ဒေသအလိုက်၊ ‌ကောက်သစ်‌ပေါ်သည့် အချိန်အခါအလိုက်နှင့် အ‌ခြေအ‌နေ‌ပေါ်မူတည်ပြီး ကျင်းပ‌လေ့ရှိ‌သော် လည်း သ‌ဘောထားကွဲလွဲမှုများရှိ‌နေဆဲဖြစ်သည့် ဧရာဝတီတိုင်း‌ဒေသကြီး ‌ကောက်သစ်စားပွဲမှာ တစ်ကြိမ် တစ်ခါမျှ မကျင်းပဖူးသည့် ပြည်‌ထောင်စုအဆင့် ‌ကောက်သစ်စားပွဲ‌တော်ဖြစ်‌ကြောင်း သိရသည်။