Home သတင်း ဖားအံမြို့နယ်ရှိ သံလွင်မြစ်ကမ်းပါး ယခင်နှစ်ထက် ‌ရေတိုက်စားမှုများလာ

ဖားအံမြို့နယ်ရှိ သံလွင်မြစ်ကမ်းပါး ယခင်နှစ်ထက် ‌ရေတိုက်စားမှုများလာ

2354

‌အောက်တိုဘာ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဖားအံမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းပါးများသည် ယခင်နှစ်များကထက် ‌ရေတိုက်စားပြီး ကမ်းပါးပြိုမှု ပို၍များ လာသည်ဟု ကရင်ပြည်နယ် ‌ရေအရင်းအမြစ်၊ မြစ်‌ချောင်းများဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနရုံးမှ သိရသည်။

ယခုနှစ် ကရင်ပြည်နယ်အတွင်း ‌ရေကြီး‌ရေလျှံမှုများ ဖြစ်‌ပေါ်ခဲ့ပြီး‌နောက် သံလွင်မြစ်ကမ်းတစ်‌လျှောက် အချို့‌နေရာများတွင် မြစ်ကမ်းပါး ပြိုကျမှုများ မကြာခဏ
ဖြစ်‌ပေါ်မှုများနှင့်ပတ်သက်၍ ပြည်နယ်‌ရေအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး ဦးသိန်းလင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက“ကမ်းပါးရဲ့ သ‌ဘောသဘာဝက ‌မြေနုဖြစ်တဲ့အတွက် တစ်ချိန်ချိန်‌တော့ပြိုမှာပဲ မပြို‌အောင်‌တော့ ကာကွယ် ထားရတဲ့ အပိုင်းရှိတယ်။ သစ်ပင်စိုက်စရာရှိရင်စိုက်ထားရမယ်။ ဒီနှစ်က ‌ရေကြီးတာ‌ကြောင့်ရယ်၊ သဲ၊ ‌ကျောက် ထုတ်တဲ့လူ‌တွေကိုလည်း ကမ်းပိုင်းမထိခိုက်‌အောင်၊ ‌ရေလမ်းမ‌ပြောင်း‌အောင် ‌ရေလယ်မှာ လုပ်ခွင့်‌ပေးတယ်။ ဒါ‌ပေမဲ့ လုပ်တဲ့လူ‌တွေက သူတို့စီးပွားအတွက်သာကြည့်ပြီး စည်းကမ်းမဲ့လွန်းတာ‌ကြောင့်ကမ်း ‌တွေပြိုတာများ လာတဲ့အ‌ကြောင်းအရင်းပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် သံလွင်မြစ်၏ ‌ရေလမ်း‌ကြောင်း‌ပြောင်းလဲတိုက်စားမှုအ‌ခြေအ‌နေများအပါအဝင် မြစ်အတွင်း စည်း ကမ်းမဲ့ တရားမဝင်သဲ၊ ‌ကျောက်စုပ်ယူမှုများသည့်အ‌ကြောင်းရင်းများလည်း ပါဝင်သည်ဟု ကရင်ပြည်နယ် ‌ရေအရင်းအမြစ်ဦးစီးဌာန တာဝန်ရှိသူက သုံးသပ်‌ပြော ဆိုသည်။

သံလွင်မြစ်‌ရေတိုက်စားမှု(သို့မဟုတ်) ကမ်းပါးပြိုကျမှုများ‌ကြောင့် မြစ်ထဲရှိ ‌ရေလယ်ကျွန်း‌ပေါ်တွင် ‌နေထိုင်သည့် ‌ဒေသခံလူထုအချို့၏ အဓိကအားထားရာ စိုက်ခင်း‌မြေ‌နေရာ ဆုံးရှှုံးမှုများရှိခဲ့သည့်အပြင် သံလွင်မြစ်ကမ်း နှင့်နီး သည့် လူ‌နေအိမ်နှင့် ဘာသာ‌ရေးအ‌ဆောက်အဦးအချို့မှာလည်း ယခုနှစ်တွင် ပျက်စီးဆုံးရှှုံးမှုများရှိခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

တရုတ်လှကျွန်းရှိ ဦး‌အောင်စိုးက “ဒီနှစ် ‌မြေက‌ရေထဲပါသွားတာလည်းရှိတယ်။ စိုက်ထားတဲ့စပါးလည်း ‌ရေကြီး ‌တော့ မရ‌တော့ဘူး။ အခုရွာဦး‌စေတီလည်း ‌ရေထဲပါသွားပြီ။ ကမ်းပါးပြို‌တော့ မကြာခင် ဘုန်းကြီး‌ကျောင်းလည်း ‌ပြောင်းဖို့ ဖြိုရ‌တော့မယ်။ ကျွန်းနားမှာ သဲ၊ ‌ကျောက်လာစုပ်‌တော့ ကျွန်း‌တော်‌တော်ထိတယ်။ သဘာဝ‌ဘေး အန္တရာယ်ကရှိတယ်။ လူ‌နေကျွန်းနားမှာ ‌ကျောက်မထုတ်တာအ‌ကောင်းဆုံး၊ ကျ‌နော်တို့ကျွန်း‌ပေါ်က စိုက်ပျိုး‌ရေး ‌တောင်သူ‌တွေ‌တော်‌တော်အခက်အခဲဖြစ်တယ်”ဟု ‌ပြောသည်။

မြစ်ကမ်းပါး‌ရေတိုက်စားမှု‌ကြောင့် တရုတ်လှကျွန်း၊ နှစ်ခြား၊ တရုတ်လှ‌ကျေးရွာ၊ ‌ကော့လှှိုက်‌ကျေးရွာနှင့် ဖားကပ် စသည့် ‌ကျေးရွာများမှ အချို့‌နေရာများတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ‌အောက်တိုဘာလ ၂ရက်‌နေ့ ဖားကပ်‌ကျေးရွာမြစ်ကမ်းပါး ပြိုကျမှု အ‌ခြေအ‌နေနှင့်ပတ်သက်၍ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီးနှင့် ပြည်နယ်သစ်‌တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူများက သွား‌ရောက်ကြည့်ရှု စစ်‌ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

သံလွင်မြစ်အတွင်း မြစ်သဲ၊ ‌ကျောက်ထုတ်ယူခြင်း‌ကြောင့် ကမ်းပါးပြိုမှု တဖြည်းဖြည်းများလာပြီး ထိခိုက်နစ်နာ မှုများ ဖြစ်‌ပေါ်လာသည့်အတွက် အဆိုပါ ကိစ္စများကို ကရင်ပြည်နယ်အစိုးရမှ ‌ဖြေရှင်း‌ပေးရန် ပြည်နယ်ဝန်ကြီး ချုပ်ထံ ‌ဒေသခံများက မကြာခဏ တိုင်စာ‌ပေးပို့မှုများရှိသည်ဟုလည်း သိရသည်။