Home သတင်း မူလတန်းနှင့် အလယ်တန်းအဆင့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများအား အစိုးရမှ ‌အောင်လက်မှတ်‌ပေးအပ်

မူလတန်းနှင့် အလယ်တန်းအဆင့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားများအား အစိုးရမှ ‌အောင်လက်မှတ်‌ပေးအပ်

2701

စက်တင်ဘာ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

၂၀၁၇ -၁၈ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ အစိုးရစစ် စတုတ္ထတန်းနှင့် အဌမတန်း ‌ဖြေဆို‌အောင်မြင်သွားခဲ့သည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းမှ ‌ကျောင်းသူ/‌ကျောင်းသားများအား ‌အောင်လက်မှတ်များနှင့် ထူးချွန်ဆုများကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ အထက်တန်း‌ကျောင်း၌ ပညာ‌ရေးတာဝန်ရှိသူများက ယ‌နေ့ (စက်တင်ဘာ ၈ရက်) ‌ပေးအပ်ခဲ့သည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ-BMWEC၏ အဖွဲ့ဝင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌ပေါင်း ( ၂၂) ‌ကျောင်းမှ စတုတ္ထတန်းတွင် ‌ဖြေဆို‌အောင်မြင်ခဲ့သည့် ‌ကျောင်းသူ/‌ကျောင်းသား (၂၅၇)ဦးနှင့် အဌမ တန်းတွင် ‌ဖြေဆို‌အောင်မြင်ခဲ့သည့် ‌ကျောင်းသူ/‌ကျောင်းသား (၈၇ )ဦးတို့ကို ‌ပေးအပ်ခဲ့ခြင်းဖြစ်‌ကြောင်း BMWEC ၏ ဥက္ကဌ ‌နော်ဆာအယ်‌စေးဖိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဒီ ထိုင်းနိုင်ငံမှာ ‌ပြောင်း‌ရွှေ့‌နေထိုင်ပြီး ‌ကျောင်းတက်‌နေရတဲ့ ‌ကျောင်းသူ၊ ‌ကျောင်းသား‌တွေကို ပညာ‌ရေးဆိုင်ရာ အသိအမှတ်ပြု‌အောင်လက်မှတ်ရှိ‌စေဖို့ လုပ်‌ဆောင်‌ပေးတာပါ။ အရင်တုန်း က သူတို့အတွက် ဒီလိုအခွင့်အ‌ရေးမျိုးမရှိခဲ့ဘူး။ ကျမတို့ သူတို့‌လေး‌တွေကို ကိုယ့်‌နေရာ ‌ဒေသမှာ ‌ရှေ့ဆက်တက်ချင်တဲ့ တက္ကသိုလ်‌ကျောင်း‌တွေကို တက်ခွင့်ရ‌အောင် ကျမတို့ ၂၀၁၂ ခုနှစ် ကစပြီး‌တော့ စီစဉ်‌ပေးခဲ့တာပါ” ဟု ‌ပြောသည်။

အဆိုပါ ‌အောင်လက်မှတ်နှင့် ထူးချွန်ဆု‌ပေးအပ်ပွဲသို့ BMWECမှ တာဝန်ရှိ ‌ကျောင်းဆရာ/ဆရာမများ၊ ကရင်ပြည်နယ်အစိုးရ ပညာ‌ရေးတာဝန်ရှိသူများ၊ မြဝတီမြို့မှ လွှတ်‌တော်အမတ်အချို့နှင့် ထိုင်းနိုင်ငံ ပညာ‌ရေး တာဝန်ရှိသူ အချို့တို့ တက်‌ရောက်အား‌ပေးချီးမြှင့်‌ပေးခဲ့ကြသည်။

ဆာသူး‌လေအထက်တန်း‌ကျောင်းမှ အဌမတန်း‌အောင်လက်မှတ်ရရှိခဲ့သူ ‌နော်မူ့‌စေးအယ်က “ အရင်က ကျမ ‌အောင်မယ်လို့‌တောင်ကိုယ့်ကိုယ်ကို မယုံကြည်ရဲဘူး။ ဒါ‌ပေမဲ့ ဒီ‌နေ့‌အောင်လက်မှတ်ရရှိသွားပြီးဆို‌တော့ ဝမ်းလည်း ဝမ်းသာသလို စိတ်လည်းလှုပ်ရှားမိတယ်။ ကျမ‌ရှေ့ဆက်ပြီး ‌ကျောင်း‌တွေပြီး‌အောင်တက်ပြီး‌တော့ ‌ကျောင်းဆ ရာမလုပ်သွားဖို့ ရည်ရွယ်ချက်ရှိတယ်။ ‌နောက်ပြီး မ‌အောင်မြင်‌သေးတဲ့ သူငယ်ချင်း‌တွေကိုလည်း ‌ရှေ့ဆက်ကြိုးစား‌စေချင်တယ်”ဟု‌ကေအိုင်စီသို့‌ပြောသည်။

မဲ‌ဆောက်‌ဒေသ၏ မဲ‌ဆောက်၊ မယ်လမတ်နှင့်ဖုတ်ဖရမြို့နယ်သုံးမြို့နယ်၌ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ၏ သား၊ သမီးများအတွက် ဖွင့်လှစ်ထားသည့် စာသင်‌ကျောင်း‌ပေါင်း ၇၄ ‌ကျောင်းရှိရာမှ ‌ထောက်ပံ့‌ရေး အခက်အခဲများ ‌ကြောင့် ‌ကျောင်း‌ပေါင်း ၆၀‌ကျော်သာ ကျန်ရှိပြီး နှစ်နိုင်ငံအစိုးရတို့၏အသိအမှတ်ပြုမှုမခံထားရသည့် ‌ကျောင်းသူ/‌ကျောင်းသား‌ပေါင်း နှစ်‌သောင်းဝန်းကျင် ပညာသင်ယူ‌နေသည်ဟု မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းတာဝန်ရှိသူများကဆို သည်။

မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းများအ‌နေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထတန်း၊ အဌမတန်းနှင့် တက္ကသိုလ်ဝင်တန်း အစိုးရစစ် စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုခွင့်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ အဆင့်မှစတင် ‌ဖြေဆိုခွင့်ရခဲ့ပြီး မူလတန်း နှင့် အလယ်တန်း‌ဖြေဆိုခွင့်ကို ၂၀၁၄ ခုနှစ်တွင် စတင်ရရှိခဲ့သည်။ အလားတူ ‌အောင်လက်မှတ်နှင့် ထူးချွန်ဆု‌ပေးပွဲကို ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ်မှ စတင်‌ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် ‌လေးကြိမ်‌မြောက်ရှိသွားပြီးဖြစ်သည်။