Home သတင်း ဖာပွန်‌မြောက်ပိုင်း ဝက်သက်‌ရောဂါ(Measles) ဆက်လက်ဖြစ်ပွားပြီး လက်ရှိ လူနာ ၁ဝဝ ‌ကျော်ရှိပြီ

ဖာပွန်‌မြောက်ပိုင်း ဝက်သက်‌ရောဂါ(Measles) ဆက်လက်ဖြစ်ပွားပြီး လက်ရှိ လူနာ ၁ဝဝ ‌ကျော်ရှိပြီ

2738

စက်တင်ဘာ ၁ဝ ရက်။ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

မူ‌တြော် (ဖာပွန်)‌မြောက်ပိုင်း‌ဒေသရှိ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်တို့တွင် ဆိုးဝါးစွာဖြစ်ပွား‌နေသည့် ဝက်သက် (Measles) ‌ရောဂါသည် ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်ပြီး လက်ရှိ လူနာဦး‌ရေ ၁ဝဝ ‌ကျော်အထိ ရှိလာခြင်း‌ကြောင့် အနီး ကပ်‌စောင့်ကြည့်ကုသ‌ပေး‌နေရသည်ဟု နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)က ‌ပြောသည်။

ယခင် ဩဂုတ်လ ‌နောက်ဆုံးပတ်မှစ၍ ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထာ့ ‌ကျေးရွာအုပ်စု ‌ဘွေး‌ထောရု၊ ကပီခီး၊ ဝါ‌သော ကလား နှင့် ထီး‌လော်သီထာ့ စသည့် ‌ကျေးရွာ (၄)ရွာရှိ က‌လေးငယ်များကို စတင်ဖြစ်ပွားရာမှ ယခု စက်တင်ဘာ ၁ဝ ရက်အထိ ဘူးသိုမြို့ နယ်တွင်းရှိ မယ်ခူ့ခီး၊ ပို့‌ဘောခီး၊ ကွီးနယ် နှင့် ပ‌လောဖားလယ်စသည့် ‌ကျေးရွာ (၄)ရွာကို ထပ်မံကူးစက်ဖြစ်ပွားလာသည်ဟု BPHWT၏ ‌ဆေးမှူး ‌စောဒဲလ်ဒဲလ် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဒီလ ၆ ရက်‌နေ့ က‌နေ ဒီ‌နေ့ ၁ဝ ရက်‌နေ့အထိ‌ပေါ့။ ဘူးသိုမြို့နယ်ထဲမှာ ‌နောက်ထပ် ၄ ရွာထပ်ဖြစ်တယ်။ ၇ ရက် ‌နေ့နဲ့ ၈ရက်‌နေ့ အထိဆိုရင် လူနာ တစ်ရာ‌ကျော်၊ တစ်ရက်ကို ၁ဝ ဦးနှုန်းနဲ့ တိုးလာတာ။ ဒါ‌ပေမဲ့ အဲ့မှာရှိတဲ့ ကျ‌နော်တို့ ကျန်းမာ‌ရေး လုပ်သား‌တွေ အနီးကပ် ‌စောင့်ကြည့်ကုသ‌ပေး‌နေတာ‌ကြောင့် အရင်ဖြစ်ပွားတဲ့သူ‌တွေထဲက ‌ပျောက်သွား တာရှိတယ်” ဟု ‌ပြောသည်။

ယခင် ဩဂုတ်လ ၂၄ ရက်‌နေ့စ၍ ထို‌ဒေသမှ က‌လေးငယ် ၅၃ ဦးကို စတင်ဖြစ်ပွားရာမှ ယ‌နေ့ (စင်တင်ဘာ ၁ဝရက်)အထိ ကို ၁၁၇ ဦးထိရှိလာပြီး ကနဦးဖြစ်ပွားခဲ့သူများထဲမှ (၁၂)ဦးမှာ ကုသ‌ပေးထားနိုင်ပြီးဖြစ်၍ လက်ရှိတွင် လူနာ (၁၀၅) ဦးကို အနီးကပ် ‌ဆေးကုသ‌ပေး‌နေရဆဲဖြစ်သည်ဟု ‌စောဒဲလ်ဒဲလ်က ဆက်‌ပြော သည်။

ထိုသို့ ဆက်လက်ဖြစ်ပွားမှု‌ကြောင့် ယခင် BPHWT၏ ကျန်းမာ‌ရေးလုပ်သား (၁၂)ဦးက ‌စောင့်ကြည့်ကုသမှု ‌ပေးရာမှ ‌နောက်ထပ် ကျန်းမာ‌ရေး လုပ်သား (၁၂)ဦးကို ထပ်မံ‌စေလွှတ်‌စောင့်ကြည့်ကုသမှု‌ပေး‌နေရသလို နယ်‌မြေခံ ကျန်းမာ‌ရေး အဖွဲ့အစည်းများဖြစ်သည့် ကရင်ကျန်မာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHWနှင့် SMRU အဖွဲ့အစည်းမှ ကျန်းမာ‌ရေး လုပ်သားများလည်း ပူး‌ပေါင်းကူညီမှု‌ပေး‌နေသည်ဟု BPHWTဆိုသည်။

လက်ရှိဖြစ်ပွားသည့် ဝက်သက်‌ရောဂါသည် အဖျား တက်ခြင်း၊ ခန္ဓာကိုယ်အ‌ရေပြားတွင် အဖုများထွက်ခြင်း၊ ‌ချောင်းဆိုးခြင်း၊ ပါးစပ်အနာ‌ပေါက်ခြင်း၊ မျက်လုံးနာခြင်း၊ လည်‌ချောင်းနာခြင်းနှင့် ဝမ်းသွားခြင်း လက္ခဏာများဖြစ်‌ပေါ်‌နေပြီး အသက် အရွယ်အားဖြင့် လသားအရွယ်မှ ၁၅နှစ်‌အောက် က‌လေးသူငယ်များတွင် အဖြစ်များကာ ဝက်သက် (Measles )‌ရောဂါဖြစ် ‌ကြောင်း ဓါတ်ခွဲခန်း‌ဆေးစစ်ချက်အရ အတည်ပြုနိုင်ခြင်းမရှိ‌သေး‌သော်လည်း ၎င်း‌ရောဂါ လက္ခဏာရပ်များအရ ဝက်သက်‌ရောဂါဖြစ်‌ကြောင်း ‌ဆေးပညာရှင်များမှ ‌ဆေးပညာရှု‌ထောင့်အရ အတည်ပြု‌ပြောဆိုထားသည်။

အဆိုပါ ‌ရောဂါသည် အ‌ရေး‌ပေါ်ဖြစ်ပွားခြင်း‌ကြောင့် ကုသမှုအတွက် လိုအပ်သည့် ‌ဆေးဝါးအကူအညီများကို မယ်‌တော် ‌ဆေးခန်း-MTC၊ HSS Program အဖွဲ့တို့ထံမှ အကူအညီရယူ၍ ‌စောင့်ကြည့် ပြုစုကုသ‌ပေး‌နေ‌သော်လည်း ‌ဆေးဝါးမလုံ ‌လောက်မှု အခက်အခဲများလည်း ကြုံ‌တွေ့‌နေရသည်ဟု BPHWTက ‌ပြောသည်။

၎င်း‌ဒေသတွင် ယခင်က ဝက်သက်‌ရောဂါဖြစ်ပွားသူ အချို့သာရှိခဲ့ရာ ယခုနှစ်အတွင်းဖြစ်ပွားမှုမှာ အဆိုးဝါးဆုံးဖြစ်သည်ဟု နယ်‌မြေခံ ကျန်းမာ‌ရေးလုပ်သားများက ‌ပြောဆိုသည်။