Home သတင်း KNU ‌ခေါင်း‌ဆောင်ငယ်များနှင့် ဖက်ဒရယ်ဆိုင်ရာ ဆရာဖြစ်သင်တန်းပြုလုပ်

KNU ‌ခေါင်း‌ဆောင်ငယ်များနှင့် ဖက်ဒရယ်ဆိုင်ရာ ဆရာဖြစ်သင်တန်းပြုလုပ်

2258

ဩဂုတ်လ ၁၆ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

လူထုအတွင်း ဖက်ဒရယ် အသိပညာပိုမိုပြန့်ပွား‌စေရန် ရည်ရွယ်၍ Forum of Federation (FOF)၏ ဦး‌ဆောင်မှုဖြင့် KNU-ကရင်အမျိုးသားအစည်းအရုံး ‌ခေါင်း‌ဆောင်ငယ်များနှင့် ဖက်ဒရယ်ဆိုင်ရာဆရာဖြစ်သင် တန်းတစ်ခုကို ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ဩဂုတ်လ ၁၄ ရက်‌နေ့မှစ၍ ပြုလုပ်လျက်ရှိသည်။

“ဖက်ဒရယ်အသိနဲ့ပတ်သက်ပြီး ကိုယ့်အဖွဲ့အစည်းဝင်‌တွေသာမက ကိုယ့်‌ဒေသတွင်းမှာရှိ‌နေတဲ့ ကိုယ့်ပြည်သူ လူထု‌တွေ ဖြစ်နိုင်ရင်‌ဒေသနှံ့နိုင်၊ ပြန့်နိုင်သ‌လောက် ပြန့်ပွား‌ပေးဖို့‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ ‌နောင်တချိန်မှာ က မြန်မာပြည်ရဲ့ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌တွေက ဖက်ဒရယ်နဲ့သာ ကိုက်ညီမဲ့ အ‌နေအထားမျိုး‌တွေ၊ ဖွဲ့စည်းပုံ‌တွေ အမှန် တကယ်‌ပြောင်းလဲလာဖို့လိုတဲ့အ‌နေအထားမျိုး‌တွေအ‌ပေါ်မှာ ဒါ‌တွေကို ကြိုမြင်ပြီး‌တော့ ‌ဆောင်ရွက်ရခြင်း ဖြစ်တယ်”ဟု KNU ဗဟိုစည်းရုံး‌ရေးဌာန၏ အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၅ ရက်တာပြုလုပ်မည့် အဆိုပါ သင်တန်း၌ KNU၏ ဌာနဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ ခရိုင်(၇) ခုမှ ‌ခေါင်း‌ဆောင် များ စုစု‌ပေါင်းသင်တန်းသူ၊ သင်တန်းသား (၃၀)ပါဝင်တက်‌ရောက်လျက်ရှိရာ ဖက်ဒရယ်စနစ်ကိုအ‌ခြေခံပြီး တည်‌ဆောက်ထားသည့် နိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုများ၊ ဗဟိုချုပ်ကိုင်မှု ‌လျှော့ချ‌ရေးဆိုင်ရာ စိန်‌ခေါ်မှု များ၊ မြန်မာနိုင်ငံနှင့်ကိုက်ညီနိုင်မည့် ဖက်ဒရယ်သ‌ဘောတရားများကို FOF မှ ‌ဆွေး‌နွေးပို့ချ‌ပေးလျက်ရှိသည်။

သင်တန်းသို့ ပါဝင်တက်‌ရောက်‌နေသူ ကရင်လူငယ်အစည်းအရုံး(KYO) ဥက္ကဌ ‌စောလယ်နယ်က “လွတ်လပ် ‌ရေးရကတည်းက အုပ်စိုးသူ‌တွေက တိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေး‌ပေးခဲ့တာမျိုးမရှိခဲ့ဘူး။ တိုင်းရင်းသား‌တွေ က ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ကို‌တောင်းတဲ့အခါ ယ‌နေ့အချိန်ထိ ပဋိပက္ခ ဖြစ်‌နေတုန်းပဲ။ တိုင်းပြည် ထဲက ‌နေ ခွဲထွက်သွားဖို့ဆိုတာက အ‌ဖြေမဟုတ်ဘူး။ ဒါ‌ကြောင့်အားလုံးအတူတကွပါဝင်တဲ့ ဖက်ဒရယ်စနစ် သာလျှင် တိုင်းပြည်ရဲ့ နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းနိုင်မှာကို ယုံကြည်တဲ့အတွက်‌ကြောင့်မို့ ဒါကို သင်ယူ‌လေ့ လာ‌နေကြတာဖြစ်တယ် ” ဟု‌ကေအိုင်စီသို့‌ပြောသည်။

KNU၏ ဖွဲ့စည်းပုံတွင် ပါရှိသည့် ရည်ရွယ်ချက်တွင်လည်း ကိုယ်ပိုင်ပြဌာန်ခွင့်၊ အမျိုးသားတန်းတူညီမျှခွင့်၊ တစ်ဦး ချင်း ဒီမိုက‌ရေစီစသည့် ဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေးအ‌ပေါ်အ‌ခြေခံသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ မူဝါဒ များလည်းရှိနှင့်ပြီးသားဖြစ်သည်ဟု ပဒို‌စောလစ္စတန်က ဆိုသည်။

KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောစာချုပ် (NCA)ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း (၁ဝ)အဖွဲ့အနက် တစ်ဖွဲ့ဖြစ်သလို ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်တွင်လည်း အားတက်သ‌ရော ကြိုးပမ်းလုပ်‌ဆောင်‌နေသည့်အဖွဲ့ဖြစ်သည်။