Home သတင်း HWF နှင့် ‌ရွှေ့‌ပြောင်း ‌ကျောင်းဆရာ၊ ဆရာမများ‌တွေ့ဆုံ၍ ပညာ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်

HWF နှင့် ‌ရွှေ့‌ပြောင်း ‌ကျောင်းဆရာ၊ ဆရာမများ‌တွေ့ဆုံ၍ ပညာ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်

2613
( HWF နှင့် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းဆရာ၊ ဆရာမတို့ ‌တွေ့ဆုံပွဲ _Photo_KIC )

ဩဂုတ် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ပူး‌ပေါင်း‌ဆောင်ရွက်မှုအား‌ကောင်း‌စေရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်၊ ဖုတ်ဖရနှင့် မယ်လမတ် မြို့နယ်များမှ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ဆရာ၊ ဆရာမများနှင့် ၎င်း‌ကျောင်းများကို အကူအညီ‌ပေး ‌နေသည့် Help Without Frontiers-HWF တာဝန်ရှိသူတို့ ယ‌နေ့ (ဩဂုတ် ၁၅)တွင် မဲ‌ဆောက်မြို့၊ Wattana Village ဟိုတယ်၌ ‌တွေ့ဆုံမှုပြုခဲ့ကြသည်။

HWFမှ အဓိက အကူအညီ‌ပေး‌နေသည့် မြန်မာ‌ရွှေ့‌ပြောင်း သင်ကြား‌ရေးစင်တာ ‌ကျောင်း‌ပေါင်း (၁၄)‌ကျောင်းမှ ‌ကျောင်းဆရာ၊ ဆရာမများ၏ သင်ကြား‌ရေးအခန်းကဏ္ဍကို အား‌ပေးမြှင့်တင်ရန်နှင့် HWF ဝန်ထမ်းများနှင့် ပူး‌ပေါင်း ‌ဆောင်ရွက်မှု အား‌ကောင်း‌စေရန်အပြင် လူသားချင်းဆက်ဆံ‌ရေးဆိုင်ရာ အပြန်အလှန် ‌ဆွေး‌နွေးဖ လှယ်မှုပြုရန် ‌တွေ့ဆုံကြခြင်းဖြစ်သည်ဟု HWF ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောကြာ‌ဌေးက ‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့ ဘာလုပ်‌နေသလဲ။ ‌နောက်လာမဲ့ အချိန်‌တွေမှာ ဘာ‌တွေ လုပ်ဖို့ရှိလဲ။ အဲ့အ‌ပေါ်မှာ ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင်ကြမလဲဆိုတာ‌တွေနဲ့ နယ်စပ်မှာ အ‌ထောက်အပံ့‌တွေ‌လျော့နည်းလာတဲ့အ‌ပေါ် အ‌ထောက်အပံ့‌တွေရ‌အောင် ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင်ရမလဲ ဆိုတာ‌တွေကို အခုလို ပညာသင်နှစ်စမှာ ဒီကဆရာ၊ ဆရာမ‌တွေနဲ့ ကျ‌နော်တို့ ‌တွေ့ဆုံပြီး‌တော့ အသိ‌ပေး‌ဆွေး‌နွေးတာ တစ်ဦးနဲ့ တစ်ဦး မိတ်ဆက်ကြတဲ့သ‌ဘောပါ”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်ရက်သာ ပြုလုပ်သည့် အဆိုပါ ‌တွေ့ဆုံပွဲသို့ နယ်စပ်ပညာ‌ရေးစင်တာ ‌ကျောင်း‌ပေါင်း(၁၄)‌ကျောင်းမှ ဆရာ၊ ဆရာမနှင့် HWF ဝန်ထမ်းများ စုစု‌ပေါင်း ၁၈ဝ ‌ကျော်တက်‌ရောက်ခဲ့ပြီး HWF၏ အ‌ကြောင်းမိတ်ဆက်ခြင်း၊ HWF ၏ ပညာ‌ရေးအစီအစဉ်များအ‌ပေါ် ခြုံငုံသုံးသပ်ခြင်း၊ ကူးလူးဆက်ဆံမှု၊ က‌လေးသူငယ် ကားကွယ်‌ရေးမူဝါဒနှင့် လှုပ်ရှားမှု၊ အ‌ကြောင်းကြားတင်ပြခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း၊ သ‌ဘောတူညီချက်နှင့် သင်ကြား‌ရေးစနစ်အပြင် လူသားချင်းဆက်ဆံမှုဆိုင်ရာ‌ဆွေး‌နွေးဖလှယ်ခြင်းများပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးဖြစ်စဉ်‌ပြောင်းလဲမှုအချို့‌ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ပညာ‌ရေး၊ ကျန်းမာ‌ရေး အ ‌ထောက်အပံ့‌ပေး‌နေသည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်း (NGOs) ‌တော်‌တော်များများသည် မြန်မာနိုင်ငံ တွင်းသို့ ဝင်‌ရောက်သွားကြသဖြင့် လက်ရှိတွင် နယ်စပ်‌ဒေသနှင့်ဒုက္ခသည်စခန်းတို့တွင် ပညာ‌ရေး ‌ထောက်ပံ့မှု ဆိုင်ရာ စိန်‌ခေါ်မှုအခက်အခဲများကြုံ‌တွေ့‌နေရသည်ဟု နယ်စပ်ပညာ‌ရေး အသိုင်းအဝိုင်းက ‌ပြောဆို ကြသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း မဲ‌ဆောက်၊ မယ်လမတ် နှင့်ဖုတ်ဖရ သုံးမြို့နယ်၌ မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမား များ၏ သား၊သမီးများအတွက် ဖွင့်လှစ်ထား‌သော စာသင်‌ကျောင်း‌ပေါင်း ၇၄ ‌ကျောင်းရှိရာမှ ‌ထောက်ပံ့‌ရေး အခက်အခဲများ ‌ကြောင့် ၆၄ ‌ကျောင်းသာကျန်ရှိပြီး နှစ်နိုင်ငံအစိုးရတို့၏ အသိအမှတ်ပြုမှု မခံထား ရသည့် ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း ၁၄,၀၀ဝ ‌ကျော် ပညာသင်ယူ‌နေပြီး ဆရာ၊ ဆရာမ‌ပေါင်း ၇၀၀‌ကျော်မှ ပညာသင်ကြား‌ပေးလျက်သည်ဟု သိရသည်။

HWFနှင့် ၎င်းတို့ အကူအညီ‌ထောက်ပံ့မှု‌ပေး‌နေသည့် သင်ကြား‌ရေးစင်တာများမှ ‌ကျောင်းဆရာ၊ ဆရာမများနှင့်‌တွေ့ဆုံမှုကို တစ်နှစ် တစ်ကြိမ် ‌ကျောင်းဖွင့်ရာသီတွင် ပြုလုပ်‌လေ့ရှိသည်။