Home သတင်း ပြည်နယ်အတွင်း ချည်ဖြူဖွဲ့ပွဲ‌တော်များအတွက် မွန်အစိုးရ ကျပ် ၅၅ဝ သိန်းလှူဒါန်းမည်

ပြည်နယ်အတွင်း ချည်ဖြူဖွဲ့ပွဲ‌တော်များအတွက် မွန်အစိုးရ ကျပ် ၅၅ဝ သိန်းလှူဒါန်းမည်

2682

ဩဂုတ် ၁၇ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ အများအပြား‌နေထိုင်သည့် မြို့နယ် ၁ဝ ခုနှင့် ‌ကျေးရွာ ၁၁၂ ရွာ တို့၌ ကရင့် ရိုးရာဝါ‌ခေါင်လ ချည်ဖြူဖွဲ့ မဂင်္လာအခမ်းအနားများအတွက် ပြည်နယ်အစိုးရက ကျပ် ၅၅ဝ သိန်း လှူဒါန်းသွားမည်ဟု ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ဩဂုတ ၁၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝန်ကြီးက“ တိုင်းရင်းသား‌တွေက သူတို့ရိုးရာဓ‌လေ့ထုံးတမ်း အစဉ်အလာ‌တွေကို ထိန်းသိမ်းတဲ့‌နေရာမှာ အစိုး ရရဲ့ အသိမှတ်ပြုမှု အား‌ပေးကူညီမှု‌တွေဟာ လိုတာ‌ပေါ့‌နော်။ ကရင်‌တွေ‌နေထိုင်တဲ့ ‌ကျေးရွာမှန်သမျှ လက်ချည် ပွဲ ပြုလုပ်မယ်ဆိုရင် စာရင်းတင်ပြ‌ပေးဖို့ ‌ပြောထားတယ်။ ကျင်းပမဲ့ ရွာအကုန်လုံးကို အသိအမှတ်ပြုတဲ့အ‌နေနဲ့ ‌ထောက်ပံ့လှူဒါန်း‌ငွေ‌ပေးမှာ ဖြစ်ပါတယ်” ဟု ‌ပြောသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အဆင့် ချည်ဖြူဖွဲ့မဂင်္လာ ကျင်းပမည့် ‌နေရာများကို တစ်မြို့နယ်လျှင် ကျပ် ၁၅သိန်း နှုန်း ‌ပေးလှူမည်ဖြစ်သလို ‌ကျေးရွာအဆင့် ပြုလုပ်မည့် ‌ကျေးရွာ ၁၁၂ ရွာအတွက် တစ်ရွာလျှင် ကျပ် ၃ သိန်းနှုန်း ‌ပေးလှူသွားမည်ဖြစ်ကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်‌ရောက်သည့် အခမ်းအနားများတွင် ရိုးရာ ‌ဖျော်‌ဖြေ ‌ရေး အဖွဲ့များကိုလည်း ဆုများချီးမြှင့်သွားရန် စီစဉ်ထားသည်ဟု ဝန်ကြီးက ‌ပြောသည်။

‌ရှေးယခင်က ကရင်လူမျိုးများသည် အုပ်စုလိုက် ‌ရေကြည်ရာ မြက်နုရာအရပ်သို့ ‌ရွှေ့‌ပြောင်း‌နေထိုင်ကြရာတွင် အုပ်စု‌ခေါင်း‌ဆောင်များက ‌နောင်တချိန်တွင် မိမိတို့ လူမျိုးအချင်းချင်းပြန်လည်‌တွေ့ဆုံသည့်အခါ မှတ်မိ‌စေရန် ရည်ရွယ်ကာ ချည်ဖြူဖွဲ့ (လက်ချည်)ခြင်းကို ပြုလုပ်ခဲ့ရာမှ နှစ်စဉ်ဝါ‌ခေါင်လတွင် ကရင့်ရိုးရာချည်ဖြူဖွဲ့ပွဲများကို ကျင်းပလာခြင်းဖြစ်သည်ဟု ကရင်ဘိုးဘွားများက ‌ပြောသည်။

ကျိုက်မ‌ရောမြို့နယ် ကျုံကွယ်‌ကျေးရွာ‌နေ ‌စော‌ကောင်းမြတ်‌ကျော်က “ ‌ကျေးရွာအဆင့် ကျင်းပပြီးမှ ဝါ‌ခေါင်လ ကွယ်‌နေ့မှာ စု‌ပေါင်းချည်ဖြူဖွဲ့ပွဲ လုပ်မှာ‌ပေါ့။ ကျိုက်မ‌ရောမြို့နယ်အ‌နေနဲ့ သိန်း ၈ဝ ‌ကျော် အစိုးရဘက်က ‌ထောက်ပံ့‌ငွေ ‌ပေးသွားမယ်‌ပြောတယ်။ ရိုးရာဓ‌လေ့မ‌ပျောက်‌အောင် ထိန်းသိမ်းတဲ့အ‌နေနဲ့ လုပ်တာပါ။ ရင်းနှီးမှု ညီညွတ်မှု ‌ဖော်‌ဆောင်တာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲကို လယ်ကယ်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာဝင် ကရင်များက ယူဆပုံ အမျိုးမျိုးဖြင့် ကျင်းပမှုရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့များ၊ ဘာသာ‌ရေး ‌ခေါင်း‌ဆောင် များ ‌တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး‌နောက်ပိုင်း ရိုးရာဓ‌လေ့ထုံးတမ်း ယဉ်‌ကျေးမှုပွဲ‌တော်တစ်ခုအ‌နေဖြင့် သတ်မှတ် လာခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ရှိ လယ်ကယ်ဘာသာဝင် ကရင်တိုင်းရင်းသားများထံမှ သိရသည်။