Home သတင်း ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူ ၅ဦးကို ရပ်‌ကျေးဥပ‌ဒေပုဒ်မဖြင့် အ‌ရေးယူရန်စီစဉ်

ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူ ၅ဦးကို ရပ်‌ကျေးဥပ‌ဒေပုဒ်မဖြင့် အ‌ရေးယူရန်စီစဉ်

2673
ဟသင်္ာတ ကရင့်အာဇာနည်‌နေ့အခမ်းအနား _Photo_UKS (maubin)

ဩဂုတ်လ ၁၃ ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဟသင်္ာတမြို့နယ် ကရင်ပြည်သူ့ပါတီ (KPP)ရုံး၌ ဩဂုတ်လ ၁၂ရက်‌နေ့က ပြုလုပ်သည့် (၆၈)နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့သည့်အတွက် ဦး‌ဆောင်သူ ၅ဦးကို အာဏာပိုင်များက ရပ်‌ကျေးဥပ‌ဒေပုဒ်မဖြင့် အမှု ဖွင့် အ‌ရေးယူသွားရန် စီစဉ်‌နေ‌ကြောင်း သိရသည်။

ယမန်‌နေ့က ကရင့်အာဇာနည်‌နေ့ အခမ်းအနားကို မပြုလုပ်ရန် ဟသင်္ာတခရိုင်အုပ်ချုပ်‌ရေးမှူးမှ တားမြစ်ခြင်းများရှိ‌သော်လည်း ‌အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး‌နောက် ဦး‌ဆောင်ကျင်းပသူ ၅ဦးကို အာဏာပိုင်များက ယ‌နေ့ (ဩဂုတ်လ ၁၃ရက်) ဟသင်္ာတမြို့နယ် အုပ်ချုပ်‌ရေးရုံးတွင် ‌ခေါ်ယူ‌တွေ့ဆုံခဲ့ပြီး ယခုလို အမှုဖွင့်အ‌ရေးယူရန် စီစဉ်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း ဟသင်္ာတ ခရိုင်အုပ်ချုပ် ‌ရေးမှူး ဦးမျိုး‌အောင်က ‌ပြောသည်။

၎င်းက “အဲ့ဒီအခမ်းအနားနဲ့ပတ်သက်ပြီး‌တော့ ကျ‌နော်တို့ကို တင်ပြတာက ဒီပညာရည်ချွန်ဆု‌ပေးပွဲ အခမ်းအနားနဲ့ ချည်ဖြူဖွဲ့ အခမ်းအနားပဲ လုပ်မယ်ဆိုပြီး တင်ပြတာ။ အာဇာနည်‌နေ့ အခမ်းအနား လုပ်လိုက်‌တော့ အာဇာနည်‌နေ့က တင်ပြတဲ့အထဲမှာ မပါ‌တော့ အဲ့ဒါကို ကျ‌နော်တို့က ရပ်‌ကျေးဥပ‌ဒေ ပုဒ်မ ၂၁မှာ တင်ပြတဲ့အတိုင်း မလုပ်ဘဲနဲ့ မတင်ပြတဲ့ဟာ လုပ်တဲ့အတွက် အဲ့ဒါ ‌ကြောင့်မို့လို့ ရပ်‌ကျေးဥပ‌ဒေ ပုဒ်မ ၂၁နဲ့ ကျ‌နော်တို့ အ‌ရေးယူမလို့။ ရပ်‌ကျေးဥပ‌ဒေဖြစ်တဲ့အတွက် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးက အဲ့ဒါကို‌တော့ တရားရုံးကို ဦးတိုက်‌လျှေက်ထားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်း‌ဒေသကြီးညွှန်ကြားချက်အရ ကရင်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားနှင့် ပညာရည်ချွန် ဆု‌ပေးပွဲ အခမ်းအနားကိုသာ ‌ဆောင် ရွက်ခွင့် ‌ပေးထားခြင်းဖြစ်ပြီး ၆၈နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ စသည့် အခမ်းအနားကို ကျင်းပခွင့်မ‌ပေးရန် တိုင်း‌ဒေ သကြီးအစိုးရအဖွဲ့မှ ညွှန်ကြားသည့်အတွက် အခမ်းအနားကို တားမြစ်ရခြင်းဖြစ်‌ကြောင်း ၎င်းက ဆက်လက်‌ပြောကြားသည်။

ယမန်‌နေ့ အခမ်းအနားအပြီးတွင် ဦး‌ဆောင်ကျင်းပသူများဖြစ်သည့် မြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ‌စော‌ကျော်ကြီး အပါအဝင် ‌စောသန်းထွန်းသန်း၊ ‌စောခူရှီးထူး၊ ‌စော‌အောင်မွန်စိုးနှင့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ မဟာမိတ်ဆက်ဆံ‌ရေးဌာန တာဝန် ခံ၊ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်တို့အား အ‌ရေးယူ‌ဆောင်ရွက်နိုင်‌ရေးအတွက် ဩဂုတ်လ ၁၂ ရက်‌နေ့ က အ‌ကြောင်းကြားစာ ‌ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယ‌နေ့ မနက် ၉နာရီတွင် မြို့နယ်အုပ်ချုပ်‌ရေးရုံးသို့ အဆိုပါပုဂ္ဂိုလ် ၅ဦး သွား‌ရောက်ရာတွင် အ‌ရေးယူရန် စီစဉ်‌နေသည်ကို ‌ခေါ်ယူ ‌ပြောဆိုခြင်းဖြစ်‌ကြောင်း အခမ်းအနား ဦး‌ဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ဟသင်္ာတမြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ‌စော ‌ကျော်ကြီးက ယခုလို ‌ပြောသည်။

“သူတို့ခွင့်ပြုတာက လက်ချည်ပွဲနဲ့ ဆု‌ပေးပွဲ‌ပေါ့‌နော်။ ဒါ့အပြင်ကို မဆိုင်တဲ့ အခမ်းအနား‌တွေ ပါလာတဲ့အခါကျ‌တော့ အထက်က အမိန့်အရ ကျ‌နော်တို့ကို အ‌ရေးယူရမယ်လို့ စီစဉ်‌နေတယ်။ ဒီ‌နေ့ထိ‌တော့ အ‌ရေးမယူရ‌သေးဘူး‌ပေါ့‌နော်။ ဒီ‌နေ့မှာ အဲ့ဒါကို ‌ခေါ် ‌ပြောတာပါ”ဟု ‌စော‌ကျော်ကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အာဇာနည်‌နေ့ အခမ်းအနားကို ဟသင်္ာတမြို့နယ်တွင် တတိယအကြိမ်‌မြောက် ကျင်းပခြင်းဖြစ်ပြီး ကရင်အမျိုးသားသီချင်း သီဆိုခြင်း၊ ကရင့်အလံ‌တော်အား အ‌လေးပြုခြင်း၊ ‌စောဘဦးကြီးနှင့်တကွ ကျဆုံး‌လေပြီး‌သော ကရင့်အာဇာနည်‌ခေါင်း‌ဆောင်များ အား အ‌လေးပြုခြင်း၊ မြို့နယ်အလိုက် ပန်း‌ခွေချခြင်း၊ ‌ဟော‌ပြောခြင်းများအပြင် ကရင်ရိုးရာလက်ချည်ပွဲကိုပါ ပူးတွဲကျင်းပခဲ့ခြင်း လည်း ဖြစ်သည်။

ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်အာဇာနည်‌နေ့ အခမ်းအနားကို ကရင့်အာဇာနည် ‌စောဘဦးကြီး၏ ‌မွေးရပ်ဇာ တိ ဘဲကရက်ရွာ အပါအဝင် ‌မြောင်းမြမြို့နယ်နှင့် ပန်းတ‌နော်မြို့နယ်များတွင် တားမြစ်ခြင်းခံရသလို ရန်ကုန်တိုင်း‌ဒေသကြီးတွင် လည်း မကျင်းပနိုင်‌စေရန် ဖိအား‌ပေးခံရခြင်းများနှင့်လည်း ကြုံ‌တွေ့ခဲ့ရသည်။