Home သတင်း ဘုရားသုံးဆူ လမ်းမ‌ပေါ်ရှိ ‌ချောင်းဝတံတားကို ပြန်ပြင်‌ပေးရန် ‌ဒေသခံများလိုလား

ဘုရားသုံးဆူ လမ်းမ‌ပေါ်ရှိ ‌ချောင်းဝတံတားကို ပြန်ပြင်‌ပေးရန် ‌ဒေသခံများလိုလား

2551

ဩဂုတ်၂ဝ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားသည့် လမ်းမကြီး‌ပေါ်ရှိ ‌ချောင်းဝတံတားသည် နှစ်စဉ်‌ရေမြှုပ်မှုဖြစ်‌ပေါ်ပြီး သွားလာ‌ရေး ခက်ခဲ‌နေသည့် အတွက် ပြန်လည်ပြုပြင်‌ပေးရန် လိုလားသည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ခံ ကိုနိုင်လင်း‌အောင်က “ လမ်းမကြီးတစ်‌လျှောက်မှာ ‌ချောင်းဝတံတားက အနိမ့်ဆုံးပဲ။ တံတားအုတ်ခုံအ‌ရှေ့ဘက်ဆို ‌ရေရင်ဘတ်‌လောက်ရှိပြီး အလယ်မှာဆို ‌ရေ ခါး‌လောက်ထိရှိတယ်။ ကား‌သေး ‌တွေနဲ့ ဆိုင်ကယ်‌တွေ ‌လှေ၊ ‌ဖောင်နဲ့ ကူးဖြတ်‌နေရတယ်။ ဆရာမ‌တွေဆို မဖြတ်ရဲဘူး။ ‌ကျောင်း‌တွေ ပိတ်ထား ရတယ်။ တံတားအ‌ရှေ့ဘက်က ရွာ‌တွေနှစ်တိုင်း‌လှေနဲ့ ‌ဈေးလာဝယ်‌နေရတယ်။ သွားလာရ အဆင်‌ပြေ‌အောင် ပြန်ပြုပြင် ‌ပေး‌စေချင်တယ်”ဟု ဩဂုတ် ၂ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တံတားကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် အလှူရှင် တစ်ဦးမှ လှူဒါန်းမှုဖြင့် ‌ဒေသခံများ စု‌ပေါင်းလုပ်အား ဖြင့် ကိုယ်ထူကိုယ်ထ တည်‌ဆောက်ခဲ့ခြင်းဖြစ်ကာ အရှည်‌ပေ ၃ဝ ခန့်ရှိကာ တံတား ခံနိုင်ဝန် တန် ၆ဝ မရှိသလို နှစ်စဉ်‌ရေမြှုပ်ပြီး ‌ဒေသခံများ၏ ပညာ‌ရေး၊ ကျန်းမာ‌ရေ၊ လူမှု‌ရေး၊ စီးပွား‌ရေးကိစ္စများ အခက်အခဲဖြစ်‌နေသည်ဟု ထီ့ဖာ‌ထော်ရွာသား ‌စောသာထူး‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လမ်းဦးစီးဌာနဦးစီးမှူး ‌စောသိန်း‌ဇော်‌ဌေးက “၂ဝ၁၈-၁၉ ဘတ်ဂျက်မှာ ‌ချောင်းဝ တံတားနဲ့ တံတားဦး နှစ်စင်း တင်ပြထားတယ်။
ရံပုံ‌ငွေအလိုက်ချ‌ပေးတာဆို‌တော့ အခုထိပါမယ်ဆိုတာ မ‌သေ ချာဘူး။ ၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်နှစ်မှာ ပါလိမ့်မယ်။ လမ်းမကြီးတစ်‌လျှောက် အဲဒီတံတား နှစ်စင်းပဲ ကျန် တယ်။ လူထု‌တွေ‌တော့ အခက်အခဲရှိတာ‌ပေါ့။ KNU လမ်းပန်းဆက်သွယ်‌ရေးဌာနက‌ရော အစိုးရ ဌာနဆိုင် ရာ‌တွေကလည်း ဒီတံတားကို ‌ဆောင်ရွက်‌ပေးဖို့ ဝန်ကြီးချုပ်လာတုန်းက ‌တောင်းဆိုထားတယ်” ဟု ဩဂုတ် ၂ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်မြစ်နှင့် ဇမိမြစ်ကြား ‌ကျေးရွာအများစုဖြစ်သည့် သံပုရာ ဆိပ်ကမ်း၊ ကွမ်က ‌သောင်-တံခွန်တိုင်ဆိပ်ကမ်းနှင့် မြို့အ‌ရှေ့ဘက်ရှိ ကတိုး‌ကျေးရွာအုပ်စုများအ‌နေဖြင့်လည်း ‌နေ့စဉ်‌လှေဖြင့် ဇမိ မြစ်ကိုဖြတ်ပြီး ကြာအင်းဆိပ်ကြီးမြို့သို့ သွားလာ‌နေရသည့်အတွက် တံတားလိုအပ်မှုရှိ‌နေသည်ဟု မြို့နယ် တာဝန်ရှိသူများထံမှ သိရသည်။