Home တွေ့ဆုံမေးမြန်းခန်း ကရင့်အာဇာနည်‌နေ့ အခမ်းအနား တားဆီးခံရမှု ပဒိုမန်းငြိမ်း‌မောင်နှင့် ‌မေးမြန်းခြင်း

ကရင့်အာဇာနည်‌နေ့ အခမ်းအနား တားဆီးခံရမှု ပဒိုမန်းငြိမ်း‌မောင်နှင့် ‌မေးမြန်းခြင်း

3454
ပဒိုမန်းငြိမ်း‌မောင် _Photo_KIC

“ဒီလိုလုပ်တာဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို ‌စော်ကားတာနဲ့ တူတူပဲ။ ကရင်တစ်မျိုးသားလုံးကို ‌စော်ကားတာ ဖြစ်တယ်။ ဒီဟာက‌တော့ ဒီအကျိုးဆက်ကို သူတို့ တာဝန်ယူရလိမ့်မယ်။”

ယ‌နေ့ (ဩဂုတ်လ ၁၂ ရက်) ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟသင်္ာတမြို့တွင် ကျင်းပသည့် ၆၈ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနားကို မပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များမှ ပိတ်ပင်တားမြစ်မှုများရှိခဲ့ သည့်အတွက် ယင်းအခမ်းအနားတွင် ကိုယ်တိုင်ပါဝင်တက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး (ဗဟို) မဟာမိတ်ဆက်ဆံ‌ရေးဌာန တာဝန်ခံလည်းဖြစ်၊ KNU ၏ ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်ကို ‌ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်း‌ထောက်မှ ဆက်သွယ်‌မေးမြန်းထားသည်များကို ‌ဖော်ပြလိုက်ပါသည်။

‌မေး။ ။ ဒီ‌နေ့ဟသင်္ာတမှာ ပြုလုပ်တဲ့ ၆၈ နှစ်‌မြောက်ကရင့်အာဇာနည်‌နေ့ အခမ်းအနား ပိတ်ပင်တားဆီး ခံခဲ့ရတဲ့ အ‌ခြေအ‌နေ‌လေး ‌ပြောပြ‌ပေးပါလား။

သူတို့ ပထမလာပြီး‌တော့တားတယ်။ အဓိကက‌တော့ ၆၈ နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ ကရင်စာလုံးကို ‌ရေးထားတဲ့ဟာကို အာဇာနည်‌နေ့ အခမ်းအနားလို့ ‌ရေးထားတာကို အဲ့တာကို ဖြုတ်ခိုင်းတယ်။ အဖိုးတို့က လည်း ‌ပြောတာက ကျ‌နော်တို့ ကရင့်အာဇာနည်‌နေ့ဆိုတာ ကရင်လူမျိုးတစ်မျိုးရဲ့ အထွဋ်အမြတ်ထားရတဲ့ သမိုင်းဝင် ‌နေ့ထူး‌နေ့မြတ်ဖြစ်တယ်။ ကျ‌နော်တို့က‌တော့ မဖြုတ်‌ပေးနိုင်ဘူး။ ခင်ဗျားတို့ တကယ်လို့ (၇၂) နှစ်‌မြောက် အာဇာနည်‌နေ့မှာ ဆိုင်းဘုတ်ကို ဖြုတ်‌ပေးပါဆိုရင် ခင်ဗျားတို့‌ရော ဘယ်လိုခံစားရမလဲ ဆိုပြီး ‌တော့ ကျ‌နော်က‌တော့ ပြန်‌ပြောပြတယ်။ သူတို့က အကြိမ်ကြိမ်လာပြီး‌တော့ ‌ပြောတယ်။

ဒီမနက် အခမ်းအနား စတဲ့အထိကို ခရိုင် ဒုအုပ်ချုပ်‌ရေးမှူးက လာ‌ပြောတယ် ။ အဲ့ဒါကို ဖြုတ်‌ပေးဖို့။ အကျိုးနဲ့ အ‌ကြောင်းနဲ့‌တော့ ပြန်‌ပြောပြတယ်။ ညက‌တော့ ဒီဗွီနိုင်း‌တွေ မဖြုတ်ဘူးဆိုရင် သူတို့အင်အားသုံးပြီး‌တော့ လာတားမယ်လို့ ‌ပြောတယ်။ ဒါ‌ပေမယ့် ဒီမနက်‌တော့ သူတို့က မတား‌တော့ဘူး။ ဖြုတ်‌ပေးဖို့‌တော့ လာ‌ပြော တယ်။ ကျ‌နော်တို့ကလည်း မဖြုတ်‌ပေးနိုင်ဘူး။ အခမ်းအနားကို ဆက်လက်ကျင်းပတယ်။ ဆက်လက်ကျင်း ပ‌တော့ ဒီ‌နေ့လည်‌လောက်မှာ စာတစ်‌စောင်ပို့တယ်။ ဟသင်္ာတ‌ဒေသခံ ဦးစီးကျင်းပတဲ့ KPP (ကရင်ပြည် သူ့ပါတီ) က ‌စော‌ကျော်ကြီး အပါအဝင် ‌လေး‌ယောက်နဲ့ အဖိုးတစ်‌ယောက်ကို အဲ့ဒီခရိုင်ရုံးကို သတင်းပို့ပါ ဆိုပြီး‌တော့ အခု ပုဒ်မ ၂၁နဲ့ ဖွင့်တယ်‌လေ။ ပုဒ်မ၂၁နဲ့ ဖွင့်ပြီး‌တော့ ကရင်အာဇာနည်‌နေ့ ဒီ‌နေ့လုပ်တဲ့ဟာကို ကရင်အမျိုးသား‌တွေ ရှိတဲ့‌နေရာမှာ လုပ်မဲ့ဟာကို အကုန်လုံး ပိတ်ဆို့ခံရတယ်။ ဘဲကရက်မှာဆို တားမြစ်ခံရ တယ်။ ‌မြောင်းမြဆိုရင် ပိတ်ပင်ခံရတယ်။ ရန်ကုန်ဆိုရင် ဗွီနိုင်း‌တွေ အပြင်အဆင်‌တွေ ဖြုတ်ပြီး‌တော့ လုံးဝ အခမ်းအနား မလုပ်ရတဲ့ အ‌ခြေအ‌နေ၊ ပန်း‌ခွေ‌တွေပဲ ‌ရေထဲသွားပြီး‌တော့ ‌မျှောမယ်ဆိုတဲ့ အကြံပြု‌လေး‌တွေ ဖြစ်တယ်။

‌မေး။ ။ ဒီလို ပိတ်ပင်တားဆီးမှု‌တွေ ရှိ‌နေတဲ့အ‌ပေါ် အဖူးရဲ့ အမြင်‌လေး သိပါရ‌စေ။

အစိုးရ ဒီလိုလုပ်တဲ့ဟာက တိုင်းရင်းသား‌တွေရဲ့ ရိုးရာဓ‌လေ့ ၊ ယဉ်‌ကျေးမှု ၊ သမိုင်းဝင် အ‌မွေအနှစ် အထိမ်း အမှတ်‌တွေကို လစ်လျူရှုပြီး‌တော့ ဒီလိုလုပ်တာဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို ‌စော်ကားတာနဲ့ တူတူပဲ။ ကရင်တစ်မျိုးသားလုံးကို ‌စော်ကားတာ ဖြစ်တယ်။ ဒါ‌ကြောင့်မို့လို့ ဒီဟာက‌တော့ ဒီအကျိုးဆက်ကို သူတို့ တာဝန်ယူရလိမ့်မယ်။ အဖိုးက‌ပြောတယ်။ ခင်ဗျားတို့ ဒီလိုလုပ်တာက ဒီ‌နေ့ငြိမ်းချမ်း‌ရေး တိုင်းရင်းသား ‌တွေနဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့‌နေရာမှာ အများကြီး အခက်အခဲဖြစ်မယ်။ အမျိုးသားပြန်လည် သင့် မြတ်‌ရေးတို့ အဲ့ဒါ‌တွေကလည်း အများကြီး အခက်အခဲရှိတယ် ဆိုပြီး‌တော့ ‌ပြောပြ‌ပေမယ့် သူတို့ က‌တော့ လက်မခံဘူး။ ‌ရှေ့‌လျှောက် ဒါက‌တော့ မီဒီယာမှာ တက်သွားတယ်ဆိုရင် ကရင်တစ်မျိုးသားလုံးက စိတ် ‌ကောင်းမှာ မဟုတ်ဘူး။ အဲ့အ‌နေအထားကိုလည်း ‌ပြောပြတယ်။ သူတို့က လက်မခံဘူး။ နားမ‌ထောင်ဘူး။ ဒီအကျိုးဆက်က‌တော့ သူတို့ ခံရမှာ‌လေ။ တစ်ဖက်က အခုဆိုရင် ၂၆ ရက်‌နေ့မှာ ရန်ကုန် MCC ခန်းမမှာ လက်ချည်ပွဲ လုပ်မယ်။ နိုင်ငံ‌တော် အတိုင်ပင်ခံ ပုဂ္ဂ္ဂိုလ်တက်မယ်။ KNU ဥက္ကဌ နဲ့ KNU ရဲ့ အဆင့်မြင့် ‌ခေါင်း ‌ဆောင်‌တွေ ဖိတ်မယ်။ တစ်ဖက်က‌တော့ ဒီမှာ အဲ့လိုလုပ်တဲ့ဟာက အစိုးရနဲ့ ဒီပါတီဟာ မရိုးသားဘူး။ တိုင်းရင်းသား‌တွေ အ‌ပေါ်မှာ မရိုးသားဘူးဆိုတာကို ပြတာဘဲ။

ဒီအစိုးရက တစ်ဖက်က‌တော့ KNU ဥက္ကဌကြီး ‌စောမူတူး‌စေးဖိုးနဲ့ ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း ဖထီး ‌ရောဂျာတို့ကို ဖိတ်ပြီး‌တော့ NLD ကို KNU က ‌ထောက်ခံတယ်။ KNU က ပူး‌ပေါင်း‌ဆောင်ရွက်တာ ရှိတယ် ဆိုပြီး‌တော့ ကရင်လူထုကို လိမ်ညာပြီး‌တော့ မဲဆွယ်‌နေတယ်‌လေ။ အခုဖားအံမှာ အဲ့ဒီဗွီနိုင်း‌တွေ ‌ထောင် ထားတယ်‌လေ။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ KNU ဥက္ကဌတို့ ‌ခေါင်း‌ဆောင်ကြီး‌တွေနဲ့ လက်တွဲပြီး‌တော့ သူတို့ကို ‌ထောက်ခံတယ် ဆိုတဲ့ ပုံစံမျိုး နဲ့ ဒါက သွယ်ဝိုက်ပြီး‌တော့ စည်းရုံး‌နေတာပဲ‌လေ။ အဲ့ဒီ အဓိပ္ပါယ် ထွက်တယ်‌လေ။ တစ်ဖက်မှာ အဲ့လိုလုပ်ပြီး‌တော့ ကျ‌နော်တို့ ကရင်အမျိုးသား‌တွေ အများစုရှိ‌နေတဲ့ ဧရာဝ တီတိုင်းမှာ ကိုယ့်ကရင်အမျိုးသား‌တွေ ကရင်‌ခေါင်း‌ဆောင်‌တွေရဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေ လုပ်မှာကို ပိတ်ပင် တားမြစ်တယ် ဆိုတာ သ‌ဘောထားကိုက မရိုးသား မသန့်ရှင်းတာကို လက်‌တွေ့‌ဖော်ပြ‌နေတာပဲ။

‌မေး။ ။ ဒီနှစ်‌တော့ အခက်အခဲ‌တွေ အတားအဆီး‌တွေရှိခဲ့တယ်။ ‌နောက်လာမယ့် နှစ်‌တွေမှာ ကရင်အာ ဇာနည်‌နေ့ ဆက်လက်ကျင်းပနိုင်‌ရေးအတွက် အဖူးအ‌နေနဲ့ဘာများ တိုက်တွန်း‌ပြောဆိုချင်ပါလဲ။

‌နောက်လာမယ့် နှစ်‌တွေမှာကရင်အာဇာနည်‌နေ့ကို ဘယ်လိုကျင်းပရမလဲဆိုရင် ဧရာဝတီတိုင်းမှာ ၂၆မြို့နယ် ကရင်လူမျိုး‌တွေ ရှိတဲ့အတွက် ၂၆မြို့နယ်စလုံး ကျင်းပပါ။ ဒါကကျ‌နော်တို့ရဲ့ ဆန္ဒကို ‌ဖော်ထုတ်တာဖြစ်တယ်။ အဖူးတို့က နိုင်ငံ‌တော် အကြည်ညို ပျက်မယ့်ဟာ တစ်ခုမှ မလုပ်ဘူး။ တရားဥပ‌ဒေစိုးမိုး‌ရေးရဲ့ နယ်‌မြေလုံခြုံ ‌ရေးကို ဘာမှ အ‌နှောင့်အယှက် မ‌ပေးဘူး။ ခင်ဗျားတို့ကိုယ်တိုင်လာပြီး‌တော့ တက်‌ရောက်ပြီး‌တော့ နား ‌ထောင်ပါ ဆိုပြီး‌တော့ ‌ပြောခဲ့တယ်။ ကိုယ့်ကရင် အမျိုးသားရဲ့ ထူးခြားတဲ့ လက္ခဏာကို ကျ‌နော်တို့ အထိမ်း အမှတ် လုပ်တာဖြစ်တယ်။ ဂုဏ်ပြုတာဖြစ်တယ်။ ဒါ‌တောင်မှ အသိအမှတ်ပြုမှု‌တွေ မရပဲနဲ့ ကျ‌နော်တို့ိကို ဒီလို ဖိနှိပ် ဟန့်တားတယ်ဆိုတာ ကရင်တစ်မျိုးသားလုံး ‌နောက်နှစ်ကို ကရင်အာဇာနည်‌နေ့ ကျင်းပနိုင်ဖို့ဆို ရင် ၂၆မြို့နယ်စလုံး ကရင့်အာဇာနည်‌နေ့ကို ကျင်းပကြပါ။ ‌နောက်တစ်ခုက‌တော့ ရန်ကုန်တိုင်း၊ ပဲခူတိုင်း ဗမာပြည် အနှံ့အပြားမှာ ရှိတဲ့ ကရင်တစ်မျိုးသားလုံး ဟာလည်း ကရင့်အာဇာနည်‌နေ့ကို ကျင်းပကြပါ။

ကျ‌နော်‌ပြောတဲ့ ရည်ရွှယ်ချက်က‌တော့ ဒီ‌နေ့ ကျ‌နော်တို့ ကရင်တစ်မျိုးသားလုံးဟာ စည်းစည်းလုံးလုံးနဲ့ နိုးထပြီး‌တော့ ကိုယ့်ကရင်အမျိုးသားကို ဒီလိုစည်းလုံးမှ ကိုယ့်ကရင်လူမျိုး‌တွေရဲ့ အခွင့်အ‌ရေးကို ရမှာဖြစ်တယ်။ တစ်ချိန်တည်းမှာ ကျန်တဲ့တိုင်းရင်းသား‌တွေလည်း ကျ‌နော်တို့ စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ဖို့ ကြိုးပမ်းဖို့လိုတယ်။ ကရင့်တစ်မျိုးသားလုံးရဲ့ ဆန္ဒကို ‌ဖော်ထုတ်ပြီး‌တော့ ကျ‌နော်တို့ လုပ်‌ဆောင်သွားရမယ်ဆိုတာ ‌ပြောချင်ပါတယ်။

ကရင်တစ်မျိုးသားလုံးက ဘဝတစ်‌လျှောက်လုံးမှာ ‌ကြောက်လန့်စိုးရိမ်ပြီး‌တော့ ‌နေခဲ့ရတဲ့ဘဝ ၊ ‌ခေတ်‌တွေ က ကုန်ဆုံးသွားပြီ။ ဒီ‌နေ့ KNU ဆိုလည်း မတရားအသင်းက‌နေ ဖျက်ပြီး‌တော့ ကရင်အမျိုးသား‌တွေနဲ့ လွတ်လွတ်လပ်လပ် ထိ‌တွေ့ဆက်ဆံပြီး‌တော့ လူမျိုးတစ်မျိုးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေးကို ကျ‌နော်တို့ က စည်းရုံးလှုံ့‌ဆော် ပညာ‌ပေး‌နေတဲ့ အချိန်မှာ ဒီ‌နေ့ ကရင်တမျိုးသားလုံးက နိုးထဖို့ အချိန် ‌ရောက်လာပြီ ။ အရင်ကလို အရာရာကို ‌ကြောက်လန့် စိုးရိမ်‌နေစရာ မလို‌တော့ဘူး။ တရားဥပ‌ဒေ စိုးမိုး‌ရေး‌အောက်မှာ ကရင်တစ်မျိုးသားလုံးက ဒီအခွင့်အ‌ရေးကို ရရှိခံစားဖို့အတွက် စည်းစည်းလုံးလုံး နိုးနိုးကြားကြားနဲ့ ‌ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်တယ်။