Home သတင်း ၆၈ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ဖားအံတွင်ပြုလုပ်

၆၈ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ဖားအံတွင်ပြုလုပ်

2726

ဩဂုတ် ၁၂ ရက်‌နေ့၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ဩဂုတ်လ ၁၂ ရက်(ယ‌နေ့)တွင် ကျ‌ရောက်သည့် ၆၈ နှစ်‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနား ကို ဖားအံမြို့ရှိ သု‌မေဓာရာမ ကြား‌တောရ ‌ကျောင်းတိုက်တွင် ယ‌နေ့ပြုလုပ်ကျင်းပခဲ့ကြသည်။

အခမ်းအနားသို့ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊ ကရင်လက်နက်ကိုင် တပ်ဖွဲ့ များဖြစ် သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA ၊ နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ကရင်နိုင်ငံ‌ရေးပါတီများမှ တာဝန်ရှိသူများအပါအဝင် ‌ဒေသခံလူထု ၅၀ဝ နီးပါးတက်‌ရောက်ခဲ့ကြသည်။

ကရင်အမျိုးသား အာဇာနည်‌နေ့ အခမ်းအနားကို ဖားအံမြို့ရှိ သု‌မေဓာရာမ ‌ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခု အကြိမ်အပါအဝင် ၃ ကြိမ်‌မြောက်ရှိပြီဖြစ်သည်ဟု သိရသည်။