Home သတင်း KNU နှင့် မြန်မာ့တပ်မ‌တော်တို့အကြား ပစ်ခတ်မှု၊ ရာနှင့်ချီ‌သော ‌ဒေသခံများ တိမ်း‌ရှောင်

KNU နှင့် မြန်မာ့တပ်မ‌တော်တို့အကြား ပစ်ခတ်မှု၊ ရာနှင့်ချီ‌သော ‌ဒေသခံများ တိမ်း‌ရှောင်

2803

မတ်လ ၆ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ၊ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်၊ လယ်မူပ‌လော‌ကျေးရွာ အုပ်စုတစ်‌နေရာတွင် ယ‌နေ့( မတ် ၆ရက်) မွန်းလွဲပိုင်းတွင် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့‌ကြောင်းနှင့် ‌ကျေးရွာအုပ်စုတခုမှ ရာနှင့်ချီ‌သော ‌ဒေသခံလူထုများ ထွက်‌ပြေး တိမ်း‌ရှောင်‌နေရ‌ကြောင်း ‌ကေအဲန်ယူ-ဖာပွန်ခရိုင်က ‌ကေအိုင်စီသို့ ယ‌နေ့ အတည်ပြု ‌ပြောဆိုသည်။

မူတ‌ရော်ခရိုင် အမြဲတမ်း‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စော‌ဝေါ်က “ပစ်ခတ်မှုက ခုနတုန်းကပဲ ပြီးတယ်လို့‌တော့ သတင်း ဝင်လာတယ်။ အစီရင်ခံစာက မ‌ရောက်လာ‌သေး‌တော့ အ‌ခြေအ‌နေကို အ‌သေအချာမသိရ‌သေးဘူး။ ဖြစ်တာက‌တော့ ‌သေ ချာတယ်။”ဟု ‌ပြောဆိုခဲ့သည်။

အစိုးရတပ်မ‌တော်ဘက်မှ လမ်း‌ဖောက်လုပ်‌ရေး အ‌ကြောင်းပြုပြီး ‌ကေအဲန်ယူ၏ သတ်မှတ်နယ်‌မြေကို ‌ကျော်လွန်၍ တပ် အင်အားအလုံးအရင်းဖြင့် ဝင်‌ရောက်လာခြင်း‌ကြောင့် ယခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဖြစ်ပွားသည့် ပစ်ခတ်မှု မှာ မည်သည့်တပ်ရင်းနှင့်ဖြစ်ပွားသည်ကိုမူ အ‌သေးစိတ် မသိရှိရ‌သေး‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုများ‌ကြောင့် ၎င်း‌ဒေသတွင် ‌နေထိုင်သည့် ‌ဒေသခံရွာသားများမှာ ‌ဘေးကင်းလုံခြုံသည့်‌နေရာများသို့ ထွက် ‌ပြေးတိမ်း‌ရှောင်‌နေရမှုများရှိ‌နေ‌ကြောင်း KNU မူတ‌ရော်ခရိုင် အတွင်း‌ရေးမှူး ပဒို‌စော‌ရော်ဘင်မူးက ယခုလို ‌ပြောသည်။

၎င်းက “ဒီလ ၅ရက်၊ ည‌နေ ၅နာရီမှာ လယ်မူပ‌လောနယ်‌မြေမှာ တပ်အလုံးအခဲနဲ့ ဝင်လာတယ်။ ‌နေရာတကာ လိုက်ပြီး ‌နေရာယူထားတယ်။ ဒါက ဘယ်လိုဆက်ဖြစ်လာလဲဆို‌တော့ ပြည်သူ‌တွေ အခက်အခဲအကြီးအကျယ် ကြုံ‌တွေ့‌နေရတယ်။ အဲဒီ‌နေရာက ရွာသား‌တွေ လုပ်ကိုင်စား‌သောက်တဲ့‌နေရာ‌တွေရှိတယ်‌လေ။ ဒါက ရွာသား‌တွေ ကြုံ‌တွေ့ရတဲ့ အကြီးမားဆုံး အခက်အခဲပဲ။ အဲဒါ‌ကြောင့် အခု ရွာသား‌တွေ ထွက်‌ပြေးတိမ်း‌ရှောင်ရတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါအ‌ခြေအ‌နေ‌ကြောင့် ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့မှစ၍ လယ်မူပ‌လော‌ကျေးရွာအုပ်စုရှိ တိုးကိုမူဒါ၊ ‌ဂေသူခီး၊ ‌ဂျော်‌အေး ခီး၊ ရှိုးပယ်‌ကော်၊ လယ်မူပ‌လော၊ လိုကို၊ သာ‌မေခီး၊ ‌သေးသူ့ခီးနှင့် ဘိုနားဒါ‌ကျေးရွာများမှ ရာနှင့်ချီ‌သော ‌ဒေသခံ ရွာသူရွာ သားများမှာ လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံ‌ကျောင်းဆရာတစ်ဦးက ‌ပြောသည်။

“စစ်တပ်က ရွာကို ဝိုင်းထားလိုက်တယ်။ ‌သေနတ် လိုက်လံပစ်ခတ်‌တော့ ရွာသား‌တွေက အသက်‌ဘေးလွတ်‌မြောက်ရာကို ထွက်‌ပြေးကြတယ်။ ‌လော‌လောဆယ်က စစ်တပ်က ရွာမှာစခန်းချထားပြီး‌တော့ ကားလမ်းကို ဆက်‌ဖောက်မယ်။ သူတို့ကို လာပြီး အ‌နှောက်အယှက်မ‌ပေးဖို့ ကရင်စစ်သား‌တွေကို အသိ‌ပေးထားတယ်”ဟု အဆိုပါ‌ကျောင်းဆရာက ဆိုသည်။

လက်ရှိဖြစ်ပွား‌နေသည့် အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ မလိုလားအပ်သည့် ပြဿနာများ ဆက်လက် မဖြစ်ပွားရန်အ တွက် ‌ကေအဲန်ယူ တပ်မဟာ(၅)၊ မူတ‌ရော်(ဖာပွန်)ခရိုင်မှ သက်ဆိုင်ရာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟိုစစ်ဌာနချုပ်၊ ဗဟိုအတွင်း‌ရေးမှူးချုပ်ရုံးနှင့် ခရိုင်အသီးသီးသို့ စာ‌ရေးတင်ပြထားပြီးဖြစ်သည်ဟုလည်း ပဒိုု‌စော ‌ရော်ဘင်မူး၏ ‌ပြောပြချက်အရ သိရသည်။

ယခုကိစ္စအ‌ပေါ် ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း‌နောင်ကို မတ်လ ၆ရက်(ယ‌နေ့) ည‌နေ ၅နာရီနီးပါးအချိန်တွင် ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ “အဲဒီအ‌ခြေအ‌နေ‌လေးက ကျ‌နော့်ဆီ တိတိကျကျ တက် မလာ‌သေးဘူး။ အခုက ကျ‌နော်က ကြားတာပဲရှိ‌သေးတယ်။ ကျ‌နော်လည်း အခုမှ စုံစမ်း‌နေတုန်းပါပဲ။ ကျ‌နော်လည်း အဲ့ကိစ္စကို အခုမှ‌မေး‌နေတုန်း။ အခုမှ ဖာပွန်ကို တစ်ချက်‌မေး‌နေတုန်း”ဟု ‌ကေအိုင်စီသို့ ပြန်လည်‌ပြောဆိုသည်။

၂၀၁၈ခု နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ ‌ဖေ‌ဖော်ဝါရီလ(၂)ရက်‌နေ့အထိ အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူ တပ်မဟာ (၅)အ ကြား ထိ‌တွေ့ပစ်ခတ်မှု (၄)ကြိမ်ဖြစ်ပွားခဲ့‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ဆိုသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် (NCA) ကို ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် လက်မှတ်ထိုးထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော် လှန်‌ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။