Home သတင်း ပဋိပက္ခဖန်တီး‌နေမှု အ‌ခြေအ‌နေများအားလုံးကို ပွင့်လင်းမြင်သာစွာ ‌ဖော်ထုတ်အ‌ရေးယူရန် WLB တိုက်တွန်း

ပဋိပက္ခဖန်တီး‌နေမှု အ‌ခြေအ‌နေများအားလုံးကို ပွင့်လင်းမြင်သာစွာ ‌ဖော်ထုတ်အ‌ရေးယူရန် WLB တိုက်တွန်း

2493

မတ်လ ၈ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

အရပ်သားအစိုးရလက်ထက်၌ မြန်မာနိုင်ငံအတွင်း ဘာသာ‌ရေး၊ လူမျိုး‌ရေးဆန်စွာ နိုင်ငံ‌ရေး၊ စစ်‌ရေးပဋိပက္ခ ဖန်တီး ‌နေမှုအ‌ခြေအ‌နေများကို အစိုးရအ‌နေဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ အ‌ရေးယူရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB မှ ယ‌နေ့ မတ်လ ၈ ရက်‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတကာအမျိုးသမီးများ‌နေ့၌ ထုတ်ပြန်ချက် ထုတ်ကာ တိုက်တွန်းလိုက်သည်။

လက်ရှိမြန်မာနိုင်ငံတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ အ‌ကြောက်တရားပိုမိုစိုးမိုး‌စေသည့် လုပ်ရပ် များဆက်တိုက်ဖြစ်ပွား‌နေပြီး လူမျိုး‌ရေး၊ ဘာသာ‌ရေးဆန်သည့် ပဋိပက္ခများ၊ ဝါဒဖြန့်လှုံ့‌ဆော်မှုများ စသည့် လုပ်ရပ်များနှင့်အတူ တရားဥပ‌ဒေစိုးမိုးမှုမရှိသည့် အ‌ခြေအ‌နေများနှင့် အမျိုးသမီးထုအပါအဝင် အများပြည် သူတို့၏ ဘဝလုံခြုံ‌ရေးမှာ ပိုမိုဆိုးရွားလာ‌နေခြင်းတို့‌ကြောင့် ယခုလို တိုက်တွန်းရခြင်းဖြစ်သည်ဟု WLB ၏ ‌ပြောခွင့်ရ ‌ဒေါ် တင်တင်ညိုက ယခုလို‌ပြောသည်။

၎င်းက “အဓိက က‌တော့ ကျမတို့ကတချိန်လုံး‌ပြော‌နေတာက ဘယ်လို သတ်ဖြတ်မှု၊ အကြမ်းဖက်မျိုးကိုမဆို တကယ်ပဲ ပ‌ပျောက်သွားဖို့ဆိုရင်‌တော့ အပြစ်‌ပေးအ‌ရေးယူမှုက ထိထိ‌ရောက်‌ရောက်ရှိဖို့လိုတယ်‌ပေါ့။ ‌နောက်ပြီး ‌တော့ မှန်မှန် ကန်ကန်နဲ့ တရားမျှတမှုဖြစ်ဖို့လိုတယ်။ အဲ့လိုမျိုးမလုပ်ပဲနဲ့ အမှုတိုင်းက ဒီအတိုင်းလွတ်ငြိမ်းချမ်းသာခွင့်ပုံစံမျိုးနဲ့ရ‌နေမယ်။ လွတ်လပ်‌နေမယ်ဆိုရင်‌တော့ အမျိုးသမီး‌တွေအပါအဝင် လူမှုအသိုင်း အဝိုင်းမှာရှိ‌နေတဲ့ ကျမတို့ ပြည်သူလူထု အားလုံးရဲ့ ဘဝလုံခြုံ‌ရေးက မရှိတဲ့အ‌နေအထားမျိုးဖြစ်‌နေမယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်‌အောင် ဖန်တီးမှုများနှင့်ပတ်သက်၍လည်း ကျူးလွန်သူများကို ဒဏ်ခတ် အပြစ်‌ပေးအ‌ရေးယူနိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းများမှလည်း အထူးအာရုံစိုက်သတိပြု၍ အ‌ရေးယူမှုများ ပြုလုပ်ရန်လိုအပ်သလို ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ဖက်ဒရယ်ဒီမိုက‌ရေစီကို မလိုလားသည့် အစုအဖွဲ့ များနှင့်ပါ ဝင်ပတ်သက်သူ များအားလုံးကို ပစ်မှတ်ထားပိတ်ဆို့မှုနှင့် အခြား‌သောပိတ်ဆို့မှုများကိုပြန်လည် ပြုလုပ်ရန်WLB၏ ထုတ်ပြန်ချက်၌ ဆက်လက်တိုက်တွန်းထားသည်။

လက်ရှိ မြန်မာနိုင်ငံ‌မြောက်ပိုင်း‌ဒေသ သျှမ်း(ရှမ်း)၊ ကချင်ပြည်နယ်‌ဒေသများ၌ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော် လှန်‌ရေးအဖွဲ့အစည်းများအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိ‌နေပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား‌ဒေသများ၌လည်း မကြာခဏဆိုသလို ပစ်ခတ်မှုများရှိကာ သက်ငယ်မုဒိမ်းမှုများ၊ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ၊ မူးယစ်‌ဆေးဝါး နှင့် ‌မြေယာပြ ဿနာများကို လက်ရှိအစိုးရအ‌နေဖြင့် ထိ‌ရောက်သည့် ကိုင်တွယ်‌ဖြေရှင်းမှု၊ အ‌ရေးယူမှုများ မပြုလုပ်နိုင်သည့်အ‌ပေါ်တွင် မြန်မာနိုင်ငံ‌ရေး‌လောက၌ ‌ဝေဖန်မှုများစွာ ထွက်‌ပေါ်လျက်ရှိသည်။

ယ‌နေ့ကျ‌ရောက်သည့် နိုင်ငံတကာအမျိုးသမီး‌နေ့ကို “အမျိုးသမီးကဏ္ဍမြင့်မား‌ရေး အားလုံးဝိုင်း ဝန်းတွန်းအား‌ပေး” ‌ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးအစုအဖွဲ့များ အပါအဝင် နယ်စပ် ‌ဒေသရှိ တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်းများကလည်း အခမ်းအနားများ၊ ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ပြု လုပ်ကြသည်။

ထို့အတူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကလည်း ယ‌နေ့ကျ‌ရောက်သည့်နိုင်ငံတကာအမျိုး သမီးများ‌နေ့အတွက် ထုတ်ပြန်‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ကာ အစိုးရ စစ်တပ်၏ အကြမ်းဖက်မှုများ၊ အဓမ္မပြုကျင့်မှုများကို လက်နက် သဖွယ် အသုံးပြု၍ အမျိုးသမီးထုအ‌ပေါ် ဖိနှိပ်မှုများအား နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းအ‌နေဖြင့် မြန်မာနိုင်ငံတွင်ရှိ‌နေ သည့် အမျိုးသမီးထု ဘက်မှရပ်တည်၍ ၎င်းအကြမ်းဖက်မှုနည်းလမ်းများကို အဆုံးသတ်ရန် ‌တောင်းဆိုလိုက်သည်။

၁၉၀၉ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂၈ ရက်‌နေ့တွင် အ‌မေရိကန်ပြည်‌ထောင်စု၊ နယူး‌ယော့ခ်မြို့ ၌ အမျိုးသမီး‌နေ့ကို ပထမဦးဆုံး အ‌လေးထားကျင်းပခဲ့သည့်အချိန်ကစ၍ ၁၉၁ဝခုနှစ်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာအမျိုးသမီး ညီလာခံ၌ မတ်လ ၈ရက် ‌နေ့ကို နိုင်ငံတကာအမျိုးသမီးများ‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းနိုင်ငံတကာအမျိုး သမီးများ‌နေ့ကို အမျိုးသမီး များ၏ အခွင့်အ‌ရေးအတွက် လှုပ်ရှား‌ဆောင်ရွက်မှုအထိမ်းအမှတ်အ‌နေဖြင့် နှစ်စဉ် မတ်လ ၈ရက်‌နေ့တိုင်း ကမ္ဘာတဝန်းလုံးရှိ အမျိုးသမီးထုများက ဂုဏ်ပြု ကျင်းပလျက်ရှိသည်။