Home သတင်း ၂၀၁၇ခုနှစ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု OKRSOမှ ‌စောအဲသိုနှင့် KWO မှ ‌နော်ဆဲဆဲတို့ ပူးတွဲရရှိ

၂၀၁၇ခုနှစ် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု OKRSOမှ ‌စောအဲသိုနှင့် KWO မှ ‌နော်ဆဲဆဲတို့ ပူးတွဲရရှိ

2749

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

၂၀၁၇ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် လူမှု‌ရေးလုပ်ငန်းလုပ်‌ဆောင်‌နေ သူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)မှ ‌စောအဲသိုနှင့် အမျိုးသမီး အခွင့်အ‌ရေးဆိုင်ရာ တက်ကြွလှုပ်ရှား‌နေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ဆဲဆဲတို့နှစ်ဦးအား ပူးတွဲချီးမြှင့် လိုက်‌ကြောင်း ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ) ၂၁ ရက်‌နေ့ရက်စွဲဖြင့် ဖန်း‌ဖောင်‌ဒေးရှင်းမှ ထုတ်ပြန်‌ကြေညာလိုက်သည်။

ကွယ်လွန်သူ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေး မှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းအား ရည်စူးပြီး ဖန်း‌ဖောင်‌ဒေးရှင်းမှ တစ်နှစ်တစ်ကြိမ် ‌ပေးအပ်ချီးမြှင့်သည့် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို နှစ်စဉ် တစ်ဦး ချင်းချီးမြှင့်‌ပေး‌သော်လည်း ယခုနှစ်အတွက် ပဒိုမန်းရှာလားဖန်းကျဆုံးခြင်း (၁၀)နှစ်ပြည့်နှစ်ပတ်လည် အထိမ်း အမှတ်အ ‌နေဖြင့် အဆိုပါ လူငယ်နှစ်ဦးကို ပူးတွဲလူငယ်‌ခေါင်း‌ဆောင်ဆု‌ပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဆိုသည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ပူးတွဲရရှိသူ ‌စောသန်း‌ကျော်စိုး(ခ) ‌စောအဲသိုသည် ပြည်ပ‌ရောက် ကရင်ဒုက္ခသည် များဆိုင်ရာလူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)အဖွဲ့၌ ၁၁ နှစ်ကြာ ထိုင်းနိုင်ငံ‌ရောက် ကရင်ဒုက္ခသည်များ၊ မြန်မာ ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုထိန်းသိမ်း‌ရေးတို့တွင် တက်ကြွစွာဦး‌ဆောင်လုပ်‌နေခြင်း‌ကြောင့် ယခုကဲ့သို့ဆုချီးမြှင့်‌ပေးခြင်းဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်းက ဆိုသည်။

‌စောအဲသိုက“ ဒီဆုကိုရဖို့ ကျ‌နော်မ‌မျှော်လင့်ခဲ့ပါဘူး။ ဒီလိုမျိုးဆုက ကျ‌နော်တို့လို လူငယ်‌တွေနဲ့ ထိုက်တန်မယ်လို့လည်း မစဉ်းစားထားရဲဘူး။ အခုဒီဆုရတာကလည်း ကျ‌နော့်ရဲ့ တစ်ဦးတစ်‌ယောက်အရည်အချင်း ပဲမဟုတ်ပါဘူး။ မိခင်အဖွဲ့ အစည်းနဲ့ အခြားမဟာမိတ်အဖွဲ့အစည်း‌တွေရဲ့ ပူး‌ပေါင်းလုပ်‌ဆောင်မှု‌တွေ‌ကြောင့်ပဲ ဒီဆုကိုရတယ်လို့ပဲ ခံစားမိတယ်။ ဒီဆု ဟာ လူငယ်‌တွေအတွက် အနာဂတ်ပူး‌ပေါင်းလုပ်‌ဆောင်တဲ့ အခန်းကဏ္ဍ‌တွေမှာ ကျ‌နော်တို့အတွက် သမိုင်းဝင် ခွန်အား တစ်ခုဖြစ်‌စေတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ရရှိလာမည့် ဆု‌ငွေကို မိခင်အဖွဲ့အစည်းဖြစ်သည့် OKRSO၏ ‌ရှေ့လုပ်ငန်းစဉ်များအတွက် တချို့ တဝက်အသုံး ပြုသွားမည်ဖြစ်သလို ကျန်ရှိသည်များကို ၎င်း၏ပတ်ဝန်းကျင်ရှိ မျိုးဆက်သစ်များ၏ ပညာ‌ရေး ဆက်လက်သင်ကြားနိုင်ရန် အသုံးပြုသွားမည်ဟု ရည်ရွယ်ထား‌ကြောင်းလည်း ‌စောအဲသိုက ဆက်‌ပြောသည်။

‌နောက်ထပ်ပူးတွဲဆုရရှိသူ ‌နော်ဆဲဆဲသည် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၌ ၁ဝ နှစ်‌ကျော်ကြာ ကရင်ပြည်နယ် အတွင်း အ‌ခြေခံလူ့အဖွဲ့အစည်းမှ နိုင်ငံတကာလူ့အဖွဲ့အစည်းတိုင် ‌ဒေသတွင်း စာသင်‌ကျောင်း ကူညီ‌ထောက်ပံ့ခြင်း၊ အမျိုးသမီး၊ လူငယ်တို့၏ လုပ်ပိုင်ခွင့်အာဏာရရှိ‌ရေး၊ ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုနှင့် က‌လေးစစ်သားအသုံးပြုမှု ရပ်တန့်‌ရေးအတွက် တက်ကြွလှုပ်ရှား‌နေခြင်း‌ကြောင့် ယခုလိုဆုချီးမြှင့်ခြင်းဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း ၏ ထုတ်ပြန်ချက်၌ဆိုသည်။

ဆုရရှိသူ ‌နော်ဆဲဆဲက “ပဒိုမန်းရှာက သက်ရှိထင်ရှားရှိ‌နေစဉ်အခါကတည်းက လူငယ်‌တွေကို ‌ခေါင်း‌ဆောင် ‌ကောင်း ‌တွေဖြစ်လာ‌အောင် အား‌ပေးအား‌မြောက် အခွင့်အ‌ရေး‌ပေးသူဖြစ်တယ်။ အခုသူ‌သေဆုံးသွားသည်အထိ ဖန်း‌ဖောင် ‌ဒေးရှင်းအ‌နေနဲ့ လူငယ်‌ခေါင်း‌ဆောင်များစွာကို ‌မွေးထုတ်‌ပေး‌နေတုန်းပဲ။ အဲ့ဒီအ‌ပေါ်မှာ ကျမရဲ့လှုပ်ရှား‌ဆောင်ရွက်ခဲ့မှု‌တွေ ကို အသိအမှတ်ပြု‌ပေးတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ ဆုရရှိတဲ့လူငယ်‌တွေသာမက လူငယ်အားလုံးအ‌နေနဲ့ အဖူးရဲ့ မပြီးဆုံး‌သေးတဲ့တာဝန်‌တွေကို ဆက်ပြီး ပခုံး‌ပြောင်းရယူဖို့ ကြိုးစားကြရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒိုမန်းရှာ လူငယ်ဆုရှင် အသက်(၃၅)နှစ် အရွယ် ‌စောအဲသိုသည် ကရင်ပြည်နယ်၊ လာကာစံပြ‌ကျေးရွာ‌နေ ‌စောထွန်း‌ရွှေ၊ နန်းမြင့်ကြည်တို့၏ အကြီးဆုံးသားဖြစ်ပြီး ဆယ်တန်းအထိပညာသင်ယူခဲ့ရသည်။ ၂၀၀၁ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သွား ‌ရောက် အလုပ်လုပ်ကိုင်ရင်း ၂၀၀၇ ခုနှစ်မှစ၍ OKRSOအဖွဲ့သို့ဝင်‌ရောက်ပြီး အမျိုးသားလူမှု‌ရေးလုပ်ငန်းများကို လုပ်ကိုင်ကာ လက်ရှိတွင် OKRSOအဖွဲ့၌ တွဲဘက်အတွင်း‌ရေးမှူး(၂)အဖြစ် လူမှု‌ရေးလုပ်ငန်းများကို တာဝန်ယူ လုပ်‌ဆောင် ‌နေသူတစ်ဦးဖြစ်သည်။

၎င်းအပြင် ယင်းဆုရှင် အသက် (၂၈)နှစ်အရွယ် ‌နော်ဆဲဆဲသည် ‌တောင်ငူခရိုင်၊ ထန်းတစ်ပင်မြို့နယ်၌ ‌မွေးဖွားခဲ့ပြီး ‌မွေးချင်း ‌မောင်နှမ (၆) ဦးအနက် အကြီးဆုံးသမီးဖြစ်သည်။၂၀၀၈ ခုနှစ်မှစ၍ KWO-ကရင်အမျိုးသမီးအစည်းအရုံး၌ စတင် ဝင် ‌ရောက် လုပ်ကိုင်လာခဲ့ရာ (KWO)၌ လက်ရှိ ဗဟိုအမြဲတမ်း‌ကော်မတီဝင်နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ)(WLB) ၏ တွဲဖက်အတွင်း‌ရေးမှူး(၁)အဖြစ် တာဝန်ယူထားသည်။

၎င်းဆုရရှိသူ နှစ်ဦးကို ‌တောင်ငူခရိုင်တွင် ပြုလုပ်ကျင်းပမည့် ယခုနှစ် ဧပြီလ (၅) ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင် အမျိုးသမီးအစည်းအရုံး(KWO)‌နေ့ အခမ်းအနား၌ ဆု‌ငွေ အ‌မေရန်ကန်‌ဒေါ်လာ ၂ဝဝဝ နှင့် ဂုဏ်ပြုလက်မှတ်များဖြင့် ‌ပေးအပ်ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖန်း‌ဖောင်‌ဒေးရှင်း (Phan Foundation) ကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ မသမာသူ ‌သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာ လားဖန်းနှင့် ကွယ်လွန်သူ နမ့်ကျင်‌ရွှေတို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူ သားသမီးများဖြစ်ကြ‌သော ‌စော‌စေး‌စေး ဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ထိုနှစ်တွင်ပင် တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်မှစ၍ ‌ပေးအပ်ချီးမြှင့်‌သော ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောက ဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Ranger အဖွဲ့မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWEG မှ နမ့်သန္တာ‌အောင်၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ‌နော်က‌ညော ‌ဖော၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ ‌နော်ဆာမူး၊ Hpa –An Youth Network မှ စရှိုင်းနှင့် အ‌နောက်ပိုး ကရင်အကျိုးပြုလူငယ်အဖွဲ့မှ စသူလှိုင်ဝင်းတို့အား အသီးသီး ‌ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းသည် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ် ‌တော‌ကျောင်း‌ကျေးရွာ ဇာတိဖြစ်ပြီး လူ့အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီအ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးအတွက် ကြိုးပမ်း‌နေသူတစ်ဦးဖြစ်သလို မဟာမိတ်အဖွဲ့များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှု အပြည့်အဝရှိပြီး မူဝါဒလမ်းစဉ်နှင့်အညီ လုပ်‌ဆောင်ခြင်း၊ ရိုးသားခြင်းနှင့် စိတ်ဓာတ်ခိုင်မာခြင်းတို့‌ကြောင့် လူအများ၏ ‌လေးစားခံခဲ့ရသူဖြစ်သည်ဟု ၎င်း၏ လုပ်‌ဖော်ကိုင်ဖက်များက ‌ပြောသည်။

ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခံရမှုမှာ နိုင်ငံ‌ရေးလုပ်ကြံမှုကြီးတစ်ရပ်ဖြစ်သည်ဟု ပြည်တွင်းပြည်ပရှိ မြန်မာ့ ဒီမိုက‌ရေစီအင် အားစုများနှင့် နိုင်ငံတကာအစိုးရအချို့က သတ်မှတ်ခဲ့ကြ‌သော်လည်း ယခု ၁ဝ နှစ်‌ကျော်လာသည့်အထိ တရားခံများကို ‌ဖော်ထုတ်နိုင်ခြင်းမရှိ‌သေး‌ပေ။