Home သတင်း အသစ်ဖွဲ့စည်းလိုက်သည့် (KNDP) ပါတီကို တရားဝင်နိုင်ငံ‌ရေးပါတီအဖြစ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ခွင့်ပြု

အသစ်ဖွဲ့စည်းလိုက်သည့် (KNDP) ပါတီကို တရားဝင်နိုင်ငံ‌ရေးပါတီအဖြစ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ခွင့်ပြု

5088

‌ဖေ‌ဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်ပါတီ ၃ ပါတီကို ဖျက်သိမ်းပြီး ပူး‌ပေါင်းဖွဲ့စည်းထားသည့် ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ(Karen National Democratic Party-KNDP) ကို တရားဝင်နိုင်ငံ‌ရေးပါတီအဖြစ် ပြည်‌ထောင် စု‌ရွေး‌ကောက် ပွဲ‌ကော်မရှင်မှ ခွင့်ပြုလိုက်ပြီဖြစ်‌ကြောင်း ပါတီတာဝန်ရှိသူများက ‌ဖေ‌ဖော်ဝါရီ ၂၅ ရက် (ယ‌နေ့) တွင် ‌ပြောဆိုသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ပါတီအသစ်တစ်ခုဖြစ်လာမည့် KNDP ပါတီအား မှတ်ပုံတင်အမှတ် ၁၀၈ ဖြင့် နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံ‌ရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင် ခွင့်ပြုလိုက်‌ကြောင်း ‌ဖေ‌ဖော်ဝါရီ ၂၂ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ကြေငြာထားသည်။

ပူး‌ပေါင်းလိုက်သည့်ပါတီများမှာ ကရင်ပြည်နယ်အတွင်းအ‌ခြေစိုက်သည့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုး တက်‌ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်‌သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ဖြစ်သည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP) ဒုအဖွဲ့‌ခေါင်း‌ဆောင် ‌စောမြင့်‌ထွေးက ̏ ကရင်လူထု‌တွေကလည်း ကျ‌နော်တို့ ပါတီ‌တွေကို စုစုစည်းစည်းနဲ့ တစ်ပါတီတည်း ဖြစ်‌စေချင်တယ်။ ‌ရှေ့လာမယ့်ပွဲမှာ‌တော့ ပြည်သူ‌တွေရဲ့ အသံကို နား‌ထောင်မှ ဖြစ်မယ်။ သူ့မူ၊ ကိုယ့်မူ စွဲ‌နေ လို့‌တော့မရ‌တော့ဘူး။ မ‌ပေါင်း မဖြစ်‌ပေါင်းရ‌တော့မယ် ဆိုပြီး‌တော့ ခုလို ‌ပေါင်းစည်းလိုက်တာ” ဟု ဆိုသည်။

ပါတီသစ်အ‌နေဖြင့်မှတ်ပုံတင်ခွင့်ရပြီး ‌ဖေ‌ဖော်ဝါရီ ၂၂ ရက်‌နေ့မှစ၍ ၃ လအတွင်း ပါတီဝင်အင်အား ၁ ‌ထောင် ‌ကျော်၊ ပါတီ၏ ဗဟို အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များကို‌ရွေးချယ်ပြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အား ဆက်လက်တင်ပြရမည်ဖြစ်‌ကြောင်းလည်း ‌စောမြင့်‌ထွေးက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ကရင်ပါတီ ၄ ပါတီရှိသည့်အနက် ၃ ပါတီသာ ‌ပေါင်းစည်းနိုင်‌သေးပြီး ကျန်ရှိသည့် ပါတီတစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP အ‌နေဖြင့် လတ်တ‌လော မ‌ပေါင်းစည်းနိုင်‌သေး ‌သော်လည်း ပါတီဝင်အချို့ နှုတ်ထွက်ကာ KNDPသို့ သွား‌ရောက်ပူး‌ပေါင်းမည်ဖြစ်‌ကြောင်း ယင်းပါတီမှ တာဝန်ရှိ သူတစ်ဦး၏ ထုတ်‌ဖော်‌ပြောဆိုချက်အရ သိရသည်။

ထို့အပြင် ကရင်ပါတီတစ်ခုတည်း‌ပေါင်းစည်း‌ရေး၊ ‌နောက်ဆုံး မ‌ပေါင်းစည်းနိုင်သည့်တိုင် ‌ရွေး‌ကောက်ပွဲအတွက် မဲဆန္ဒနယ်များတွင် ကရင်ပါတီများ မထပ်‌ရေးတို့အတွက် မကြာခဏ‌တွေ့ဆုံညှိနှိုင်းကာ အ‌ကျေအလည်‌ဆွေး ‌နွေးမှုများပြုလုပ်ခဲ့သလို ပြည်နယ်အတွင်း အ‌ခြေစိုက်ကရင်ပါတီများအချင်းချင်း ကတိကဝတ်ရရှိ ထားမှုများ လည်း ရှိခဲ့‌ကြောင်း သိရသည်။

PSDP ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ̏ ဖလုံ-စ‌ဝေါ် ပါတီ(PSDP) က‌တော့ ၂၀၂ဝ ကျရင် ကရင်ပြည်နယ် အတွင်းမှာ ဝင်မပြိုင်ဘူးဆိုတဲ့ ကတိကဝတ် ‌တော့ရှိပါတယ်။ ကရင်ပြည်နယ်ပြင်ပမှာ ပြိုင်ချင်ပြိုင်မယ်။ မပြိုင်ချင် မပြိုင်ဘူး‌ပေါ့‌နော်” ဟု‌ပြောဆိုသည်။

KNDP မှာ တရားဝင်ပါတီ ဖြစ်လာသည့်အတွက် ယခင် ကရင်ပါတီ ၆ ပါတီရှိခဲ့ရာမှ လက်ရှိတွင် ကရင်ပြည်နယ် အ‌ခြေစိုက် KNDP၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ဧရာ ဝတီတွင် ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင်နိုင်ငံ‌ရေးပါတီ စုုစု‌ပေါင်း ၄ ပါတီ အထိကျန်ရှိ‌နေခြင်းလည်း ဖြစ်သည်။

ကရင်နိုင်ငံ‌ရေးပါတီများ တစ်စုတစ်စည်းတည်းဖြစ်‌ပေါ်ပြီး ပါတီတစ်ခုတည်း ဖြစ်‌ပေါ်ရန် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌ရွေး‌ကောက်ပွဲအပြီး နိုဝင်ဘာ ‌နောက်ဆုံးအပတ်တွင် ပူး‌ပေါင်း‌ရေးအတွက်မူအားဖြင့် သ‌ဘောတူခဲ့ကြပြီး‌နောက် ကရင်ပါတီ အချင်းချင်း ‌တွေ့ဆုံညှိနှိုင်းမှုများ မကြာခဏ ပြုလုပ်လာခဲ့သည်မှာ ယ‌နေ့တိုင်ဖြစ်သည်။