Home သတင်း မင်းလွင်‌တောင် စီမံကိန်းအား ‌ဒေသခံများက ပြည်နယ်အစိုးရမှ ပြည်‌ထောင်စုအစိုးရအထိ ကန့်ကွက်‌တောင်းဆိုသွားမည်

မင်းလွင်‌တောင် စီမံကိန်းအား ‌ဒေသခံများက ပြည်နယ်အစိုးရမှ ပြည်‌ထောင်စုအစိုးရအထိ ကန့်ကွက်‌တောင်းဆိုသွားမည်

2630

‌ဖေ‌ဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မင်းလွင်(‌မော‌လေး) ‌တောင် စီမံကိန်းအား ‌ဒေသခံများ ‌တောင်းဆိုမှုကို မွန်ပြည်နယ် အစိုးရမှ အ‌ရေးတယူ‌ဆောင်ရွက်ခြင်းမရှိပါက ပြည်‌ထောင်စုအစိုးရအထိ ကန့်ကွက်‌တောင်းဆိုသွားမည်ဟု မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အတွင်း‌ရေးမှူး ‌နော်က‌ပေါ်ရှီးက ‌ပြောသည်။

၎င်းက “ ကုမ္ပဏီက အစိုး ရအဖွဲ့နဲ့ သွား(တူတူလုပ်)‌နေတာ‌ပေါ့‌နော်။ စီမံကိန်းဆိုးကျိုး‌တွေကို အစိုးရလည်းသိပြီး ‌ဒေသခံ‌တွေ ဖက်က မားမားမတ်မတ်ရပ်တည် လုပ်‌ဆောင်‌ပေးဖို့ မွန်ပြည်နယ်အစိုးရကို စာတင်ရတာ‌ပေါ့‌နော်။ အ ဆင်မ ‌ပြေရင်‌တော့ ပြည်‌ထောင်စုအစိုးရအထိ တင်သွားဖို့ရှိတယ်”ဟု ‌ဖေ‌ဖော်ဝါရီ ၂၆ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ စီမံကိန်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး အဖွဲ့ များ နှင့် ‌ဒေသခံ‌ကျေးရွာ ကိုယ်စားလှယ်များပါဝင်တက်‌ရောက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို ‌ဖေ‌ဖော်ဝါရီလ ၂၃ ရက်‌နေ့က မင်းလွင်ရွာတွင်ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက် တစ်‌စောင်ကို ထုတ်ပြန်ခဲ့သည်ဟုလည်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် စီမံကိန်းအား ကန့်ကွက်ရသည့် အ‌ကြောင်းအရင်းမှာ ‌ဒေသခံတို့၏ အသက် ရှင်ရပ်တည်ရန် အပင်၊ သား‌ကောင်များကို မင်းလွင်‌တောင်တွင် အားထားမှီခိုရ‌ကြောင်း၊ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်ပြီးပါက အသက်ရှင်ရပ်တည်ရန် ပြဿနာများ၊ သစ်‌တောပြုန်းတီး လာနို်င်ခြင်း၊ ‌လေထု‌ရေထု ညစ်ညမ်းမှုများ ဖြစ်‌ပေါ်လာနိုင်ခြင်း၊ ‌ဒေသခံတို့ သီးနှံများ ပျက်စီးနိုင်ခြင်း စသည့် အချက်များ ပါဝင်သည့်အိတ်ဖွင့်‌ပေးစာကို ပြည်နယ်အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ ထံ‌ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ မင်းလွင်‌တောင်၌ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်‌ရေးနှင့် ‌ကျောက် ထုတ်မည့်စီမံကိန်းအား နှစ်နှစ်နီးပါးရပ်ဆိုင်းထားခဲ့ရာမှ ယခုပြန်လည်စတင်ရန် ကြိုးပမ်းမှုများ ရှိလာ သည့်အတွက် ထိုသို့ မလုပ်‌ဆောင်ရန် ‌ဒေသခံများက ကန့်ကွက် ‌တောင်းဆိုမှုများ ယခုကဲ့သို့ထပ်မံဖြစ် ‌ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းစတင်စဉ်ကပင် မင်းလွင်‌ဒေသ‌ကျေးရွာ တစ်ဆယ်‌ကျော်မှအပြင်းအထန် ကန့်ကွက် မှုများရှိခဲ့သလို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်‌နေ့က မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး ‌ကော်မတီ၏ ကြိုးပမ်းမှုဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို စီးပွား‌ရေး‌ကော်မတီက မင်းလွင်‌တောင် ဘိလပ် ‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းနှင့် ‌ကျောက် ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရသည်အထိဖြစ်‌ပေါ်ခဲ့ သည်။

ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးသိန်းထွန်းက “ ဒီစီမံကိန်းက ဘယ်လို အကျိုးရှိမလဲဆို‌တော့ ဒီ‌ဒေသက ရွာမှာရှိတဲ့ ကရင်‌တွေ‌ပေါ့‌နော်။ မီး‌တွေ‌ရေ‌တွေ ၂၄ နာရီရမယ်လို့ အာမခံထားတယ်။ ‌ကျောင်းမ‌နေနိုင်တဲ့ က‌လေး‌တွေကို ‌ကျောင်းထား‌ပေးမယ်။ အလုပ်အကို်င်နဲ့ ပတ်သက်လို့ ကျ‌နော်တို့ ရာသက်ပန် တာဝန်ယူထားတယ်။ ဒီ‌ဒေသက အလုပ်လုပ် နိုင်စွမ်းရှိသမျှ လူ‌တွေကို စခန့်မယ်။ မရှိမှ တခြားနယ်က လူ‌တွေခန့်မှာ၊ စမ်းသပ်တဲ့ကာလမှာလည်း ဒိုင်းနမိုက်နဲ့ မခွဲဘူး။ ယမ်းလည်း မသုံးဘူး။ သစ်ပင်လည်း မလှဲဘူ။ ဘိလပ်‌မြေစက်ရုံ‌ဆောက်တဲ့အခါမှာလည်း အ‌မေရိကန်မှာ လက် ရှိ‌ဆောက်‌နေတဲ့ ကမ္ဘာ့ရဲ့‌နောက်ဆုံး‌ပေါ်နည်း‌တွေနဲ့ပါ” ဟု‌ပြောဆိုသည်။

မင်းလွင်‌တောင်၌ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာ‌ရေးနှင့် ဘိလပ်‌မြေ စက်ရုံ တည်‌ဆောက် မည့် စီမံကိန်းကို အ‌ကောင်အထည်‌ဖော်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင် စမ်းသပ်‌လေ့လာခဲ့ပြီး လက်ရှိအချိန်အထိ စီမံကိန်းဖြစ်‌မြောက်‌ရေးအတွက် ကုမ္ပဏီဘက်မှ ကြိုးပမ်း ‌နေဆဲပင်ဖြစ်သည်။