Home သတင်း ပဲခူးတိုင်းအတွင်းရှိ တိုင်းရင်းသားများကို လူဦး‌ရေအချိုးအစားအလိုက် ‌ထောက်ပံ့‌ပေး‌ရေးအဆို လွှတ်‌တော်တွင် ရှုံးနိမ့်

ပဲခူးတိုင်းအတွင်းရှိ တိုင်းရင်းသားများကို လူဦး‌ရေအချိုးအစားအလိုက် ‌ထောက်ပံ့‌ပေး‌ရေးအဆို လွှတ်‌တော်တွင် ရှုံးနိမ့်

2316

‌ဖေ‌ဖေါ်ဝါရီ ၁၇ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ တ‌ပြေးညီတိုးတက်‌ရေး အတွက် လူဦး‌ရေ အချိုးအစား အလိုက် ‌ထောက်ပံ့‌ပေး‌ရေးအဆိုကို ‌ဖေ‌ဖော်ဝါရီ ၁၆ ရက်‌နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပဲခူးတိုင်း‌ဒေသ ကြီးလွှတ်‌တော်၊ နဝမ ပုံမှန်အစည်းအ‌ဝေးတတိယ‌နေ့တွင် လွှတ်‌တော်ဒုဥက္ကဌ ဦးကြည်ဇင်က အဆိုတင်သွင်း ခဲ့ရာ မဲခွဲဆုံးဖြတ်ရာတွင် အဆို ရှုံးနိမ့်သွားသည်။

အဆိုပါ လွှတ်‌တော်အစည်းအ‌ဝေးတွင် ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော်ဒုဥက္ကဌ၊ ‌ကျောက်တံခါးမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်‌တော်ကိုယ်စားလှယ် ဦးကြည်ဇင်က “ ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ တိုင်းရင်းသား လူမျိုးစု အားလုံး၏ ဘာသာ၊ စာ‌ပေ၊ ယဉ်‌ကျေးမှုများ တ‌ပြေးညီတိုးတက်ထွန်းကား ထိန်းသိမ်း‌စောင့်‌ရှောက်နိုင်‌ရေးအ တွက်လည်း‌ကောင်း၊ တန်းတူအခွင့်အ‌ရေး ရရှိ‌ရေးအတွက်လည်း‌ကောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစု အချိုး အစားအလိုက် ရံပုံ‌ငွေ ‌ထောက်ပံ့‌စေလို‌ကြောင်း ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်း‌ကြောင်း” အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကို တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်များဖြစ်သည့် ‌ရွှေကျင်မြို့နယ် အမှတ်(၂ )မှ ‌ဒေါ်လှလှဝင်း ၊ ဖြူးမြို့နယ် အမှတ်( ၁ )မှ ဦးသက်စိန်တို့က တိုင်း‌ဒေသကြီး လွှတ်‌တော်အစည်းအ‌ဝေးတွင် ‌ထောက်ခံ‌ဆွေး‌နွေး ခဲ့သည်။

သို့‌သော် ထန်းတပင်မြို့နယ် အမှတ် (၂) ကိုယ်စားလှယ် ဦး‌ဌေးလွင်က လူဦး‌ရေအချိုးအစားအလိုက် ရံပုံ‌ငွေ ‌ထောက်ပံ့‌ပေး‌စေလို‌ကြောင်း စာသားပါရှိသဖြင့် တိုင်းရင်းသားများ တန်းတူအခွင့်အ‌ရေး မရရှိ၍ ယင်းအဆိုကို လက်ခံ‌ဆွေး‌နွေးရန် မသင့်သည့်အတွက် လွှတ်‌တော် လုပ်ထုံးလုပ်နည်းများနှင့် အညီမဲခွဲ ဆုံးဖြတ်ခဲ့ရာ မဲ‌ပေးခွင့် ရှိသူ ၇ဝ ဦးတွင် ‌ထောက်ခံမဲ ၂၈ မဲ၊ ကန့်ကွက်မဲ ၃၅ မဲနှင့် ကြား‌နေမဲ ၂ မဲနှင့် ဆန္ဒမပြုသူ ၄ ဦးရှိရာ ‌ထောက်ခံမဲ ၃၅ မဲ မပြည့်သည့်အတွက် အဆိုရှုံးနိမ့်သွားသည်။

အဆိုရှင် ဦးကြည်ဇင်က “ပဲခူးတိုင်းအတွင်းမှာက ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးတစ်ပါးပဲ ရှိတယ်။ ဝန်ကြီးမ ရထားတဲ့ လူမျိုးစုငယ်‌တွေကိုလည်း တိုင်း‌ဒေသကြီး အစိုးရ ‌ထောက်ပံ့‌ကြေး‌ပေးဖို့ပါ။ ‌ဒေသအလိုက် ပွဲ‌တော် ကျင်းပတဲ့ ကုန်ကျစရိတ်တင်မကဘဲနဲ့၊ ‌ဒေသဖွံ့ဖြိုးဖို့အတွက်ကိုလည်း ကျ‌နော်ရည်ရွယ်တာပါ။ ဥပမာ- ကရင် တိုင်းရင်းသားက ပဲခူးတိုင်းထဲမှာ နှစ်သိန်း‌ကျော်ရှိတယ်။ ရှမ်းဆိုရင် ‌လေး‌သောင်းကိုး‌ထောင် ‌ကျော်ရှိတယ်။ ချင်း က ‌လေး‌သောင်းသုံး‌ထောင်‌ကျော်ရှိတယ်။ လူဦး‌ရေအ‌ပေါ် မူတည်ပြီး ရံပုံအချိုးချပြီး‌တော့ အချိုးညီဖွံ့ဖြိုး ‌စေချင်တဲ့ ဆန္ဒပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလိုအဆို ရှုံးနိမ့်သွား‌သော်လည်း ‌နောက်တစ်ကြိမ် တိုင်းလွှတ်‌တော်အစည်းအ‌ဝေးတွင် တိုင်း‌ဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန အ‌နေဖြင့် ရရှိသည့် ရံပုံ‌ငွေများကို မည်သို့ သုံးစွဲမည်ကို လွှတ်‌တော် တွင် ပြန်‌မေးမြန်းရန် အစီအစဉ်ရှိ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ‌ကော်မတီဥက္ကဌ ဦးတင်ဆန်းဦးက “ သူ့ရဲ့ ပထမအဆို အတိုင်းမှာက‌တော့ ရည်ရွယ်ချက်‌ကောင်းတယ်။ ဒုတိယအပိုင်းက‌တော့ တိုင်းရင်းသား‌တွေကို လူဦး‌ရေ အချိုး အစားအလိုက်‌ပေးမယ် ဆိုတဲ့ အ‌ပေါ် သ‌ဘောထားကွဲလွဲမှုဖြစ်သွားတာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုတိယအကြိမ် ပဲခူးတိုင်း‌ဒေသကြီး လွှတ်‌တော် နဝမပုံမှန်အစည်းအ‌ဝေးကို ‌ဖေ‌ဖေါ်ဝါရီ ၁၄ ရက်‌နေ့တွင် စတင် ကျင်းပ‌နေခြင်းဖြစ်ပြီး အစည်းအ‌ဝေး စတုတ္ထ‌နေ့ကို ‌ဖေ‌ဖော်ဝါရီ ၁၉ ရက်‌နေ့တွင် ထပ်မံကျင်းပသွားမည်ဟု တိုင်း လွှတ်‌တော်က ထုတ်ပြန်ထားသည်။