Home သတင်း တိုင်းရင်းသား စာ‌ပေ၊ ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲ ပဲခူးတိုင်းတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည်

တိုင်းရင်းသား စာ‌ပေ၊ ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲ ပဲခူးတိုင်းတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည်

2313

‌ဖေ‌ဖေါ်ဝါရီ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကာ ပထမဦဆုံးအကြိမ် တိုင်းရင်းသား စာ‌ပေ၊ ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲ တစ်ခုကို လာမည့် မတ်လအတွင်း ပဲခူးမြို့‌ပေါ်ရှိ အမှတ် ၅ အ‌ခြေခံပညာ အထက်တန်း‌ကျောင်း၌ ကျင်းပသွားမည်ဟု ပဲခူးတိုင် စာ/ယဉ် ပြန်ကြား‌ရေးတာဝန်ခံ ‌စောဩဂတ်စတင်းခူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌တွေပြီးတဲ့ အချိန် မတ်လထဲမှာ လုပ်သွားမယ်။ နှစ်ရက်လုပ်မယ်၊ ‌လော ‌လောဆယ် မတ် ၂၀၊ ၂၁ ရက် လျာထားတယ်။ အ‌သေးစိတ်ကို‌တော့ ညှိနှိုင်းအစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးအ တည်ပြုဖို့ရှိတယ်။ ပဲခူးတိုင်းထဲက တိုင်းရင်းသား ‌ခြောက်မျိုးရဲ့ စာ‌ပေ၊ ယဉ်‌ကျေးမှု ဖလှယ်တဲ့ အစီအစဉ်‌တွေပါ ဝင်မယ်” ဟု ‌ကေအိုင်စီသို့ ‌ဖေ‌ဖေါ်ဝါရီ ၂ဝ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ နှီး‌နှောဖလှယ်ပွဲကို တိုင်းရင်းသားလူမျိုးများ၏ စာ‌ပေ၊ စကား၊ အနုပညာ၊ ယဉ်‌ကျေးမှု၊ ရိုးရာဓ‌လေ့ ထုံး တမ်း အမျိုးသား‌ရေးလက္ခဏာနှင့် သမိုင်းအ‌မွေအနှစ်တို့ကို ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရန် အဓိက ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်‌ရေး၊ ချစ်ကြည်‌လေးစား‌ရေး၊ ရိုင်း ပင်းကူညီ‌ရေးတို့ တိုးတက်ဖြစ်ထွန်း‌စေရန် ရည်ရွယ်သည်ဟု ‌စောဩဂတ်စတင်းခူးက ‌ကေအိုင်စီသို့ ဆက်‌ပြော သည်။

နှစ်ရက်ကြာပြုလုပ်မည့် တိုင်းရင်းသား စာ‌ပေ၊ ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲတွင် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်၊ ရှမ်း၊ ချင်း၊ ကယား(ကရင်နီ)၊ မွန်၊ ပအိုဝ်းစသည့် တိုင်းရင်းသားများ၏ ယဉ်‌ကျေးမှုဖလှယ်ခြင်း အစီအစဉ် များ၊ စာ‌ပေ၊ ယဉ်‌ကျေးမှုနှင့်ဆိုင်သည့် စာတမ်းများဖတ်ကြားခြင်း အစီအစဉ်များ ပါဝင်မည် ဖြစ်သလို ပွဲ‌တော် အ သုံးစရိတ်ကျပ်သိန်း ၁၀ဝကို တိုင်း‌ဒေသကြီး အစိုးရကသုံးစွဲသွားမည်ဟု စီစဉ်‌နေသူများက ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ နိုင်စိုးသိန်းက “ မတ်လမှာ ကျင်းပမဲ့ ပဲခူးတိုင်း ‌ဒေသကြီးရဲ့ တိုင်းရင်းသားစာ‌ပေနှီး‌နှော ဖလှယ်ပွဲမှာ ပဲခူးတိုင်းမှာရှိတဲ့ တိုင်းရင်းသား ‌ခြောက်မျိုးပါမယ် ဆို‌တော့ ကျ‌နော်တို့ မွန် စာ‌ပေ၊ ယဉ်‌ကျေးမှု ‌ကော်မတီကိုလည်း ဖိတ်‌ခေါ်ထားတယ်။ နှီး‌နှော ဖလှယ်ပွဲကျရင် မွန်လူမျိုး ‌တွေရဲ့စာ‌ပေ၊ ယဉ်‌ကျေးမှု၊ သမိုင်းဆိုင်ရာ သမိုင်းဆိုတဲ့ ‌နေရာမွန်‌ကျောက်စာ‌တွေဒါ‌တွေနဲ့ ပတ်သက်ပြီး စာတမ်း ဖတ်မယ်၊ ယဉ်‌ကျေးမှုပိုင်း ဖလှယ်တာ‌တွေလုပ်သွားဖို့ စီစဉ်‌နေတယ်” ဟု ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်တွင် ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်း ဗမာလူမျိုးများအပြင် ကရင်လူမျိုး နှစ်သိန်း‌ကျော်၊ ရှမ်းနှင့် ချင်းလူမျိုး ‌လေး‌သောင်း ‌ကျော်‌နေထိုင်ကြသလို ကယား(ကရင်နီ)၊ မွန်၊ ပအိုဝ်းစသည့် တိုင်းရင်းသားများလည်း ‌နေထိုင်ကြပြီး တိုင်း ‌ဒေသကြီး အစိုးရအဖွဲ့တွင် ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး တစ်ဦးပါဝင်ပြီး ဝန်ကြီးက ဦး‌ဆောင်ကာ ယခုလို ပထမဦးဆုံးအကြိမ် နှီး‌နှောဖလှယ်ပွဲ ကျင်းပခြင်းဖြစ်သည်။