Home သတင်း နယ်စပ်‌ဒေသ တရားဥပ‌ဒေစိုးမိုးမှုမြှင့်တင်‌ရေးအတွက် ပြည်တွင်းနှင့်နယ်စပ်အရပ်ဖက်အဖွဲ့များ ဖိုရမ်ပြုလုပ်

နယ်စပ်‌ဒေသ တရားဥပ‌ဒေစိုးမိုးမှုမြှင့်တင်‌ရေးအတွက် ပြည်တွင်းနှင့်နယ်စပ်အရပ်ဖက်အဖွဲ့များ ဖိုရမ်ပြုလုပ်

2656

‌ဖေ‌ဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်‌ဒေသတွင် တရားဥပ‌ဒေစိုးမိုးမှုမြှင့်တင်‌ရေးအတွက် လုံခြုံစိတ်ချရ‌သော ‌ရွှေ့‌ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်‌ရေးဆိုင်ရာ အရပ်ဖက်ဖိုရမ်တစ်ခုကို ပြည်တွင်းနှင့် နယ်စပ်အရပ်ဖက်များပူး‌ပေါင်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့၌ ‌ဖေ‌ဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ရက်‌နေ့အထိ ပြုလုပ်လျက်ရှိသည်။

နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့၌ ‌ရွှေ့‌ပြောင်းသွားလာ‌နေ‌သော မြန်မာအလုပ်သမားများ လုံခြုံစိတ်ချစွာ ‌ရွှေ့‌ပြောင်းသွား လာ‌နေထိုင်နိုင်‌ရေးအတွက် ‌ရွှေ့‌ပြောင်းအလုပ်သမားများ အဓိက ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူကုန်ကူး ခံရမှု စသည့်အခက်အခဲများအပါအဝင် မူးယစ်‌ဆေးဝါးနှင့်‌လောင်းကစား ပြဿနာများကို အစိုးရမှ ကိုင်တွယ်‌ဖြေ ရှင်း‌ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ဖိုရမ်ကို ဦး‌ဆောင်စီစဉ်သူ က‌လေးသူငယ်ပြုစု‌စောင့် ‌ရှောက်‌ရေး ‌ဖောင် ‌ဒေးရှင်း၏ မန်း‌နေဂျင်းဒါရိုက်တာ ‌ဒေါ်ခင်ထားက ယခုလို‌ပြောသည်။

၎င်းက “အဓိက က‌တော့ ‌ရွှေ့‌ပြောင်းသွားလာတဲ့ အလုပ်သမား‌တွေရဲ့ အခက်အခဲ၊ ရင်ဆိုင်‌နေရတဲ့ဒုက္ခ‌တွေ‌ပေါ့။ ဒီ‌ရွှေ့‌ပြောင်းသွားလာခြင်းရဲ့‌ခေါင်းစဉ်‌အောက်မှာ အမျိုးသမီး၊ က‌လေး အလုပ်သမား‌တွေရဲ့ ပညာ‌ရေး၊ ကျန်းမာ‌ရေး အားလုံးက ဒီ‌နေရာမှာ ဒုက္ခ‌ပေါင်းစုံကဖြစ်‌နေတာ။ အရင်အစိုးရကလည်းဖြစ်ခဲ့တယ်။ ဒီထက် မကဖြစ်ခဲ့တာ‌ပေါ့။ ဖြစ်‌နေတာကလည်း ပုံစံအမျိုးမျိုးနဲ့ဖြစ်‌နေတာ။ ဖြစ်‌နေတာကို အ‌ပေါ်(အစိုးရ)က မသိဘူး။ ‌အောက်‌ခြေကပဲသိ တယ်ဆို ‌တော့ ဒီ‌အောက်ကဖြစ်‌နေတဲ့ တကယ့်အခက်အခဲကို လုပ်ပိုင်ခွင့်ရှိတဲ့ ဥပ‌ဒေပြုမဲ့သူ‌တွေကသိ‌စေချင်လို့ ပြုလုပ်တဲ့ ဖိုရမ်ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖိုရမ်၏ ပထမရက်တွင် လူကုန်ကူးမှုပြဿနာ၊ က‌လေးနှင့်အမျိုးသမီးအခွင့်အ‌ရေး၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ လုံခြုံ‌ရေး၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေးများအတွက် ကျန်းမာ‌ရေးနှင့် ပညာ‌ရေးနှင့် မူးယစ်‌ဆေးဝါးနှင့် ‌လောင်း ကစားစ သည့် ကိစ္စရပ်များအ‌ပေါ် ‌ခေါင်းစဉ်အလိုက် အုပ်စုဖွဲ့‌ဆွေး‌နွေး၍ ရရှိလာသည့် အချက်အလက်များကို စာတမ်းပြုကာ ‌ဖေ‌ဖော် ဝါရီ ၂၈ ‌နေ့တွင် ဖိတ်ကြားထားသည့် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရထံသို့ တင်ပြ‌ပေးအပ်သွားမည်ဟုလည်း ‌ဒေါ်ခင်ထားက ဆက်‌ပြောသည်။

၂ ရက်တာပြုလုပ်သည့် ၎င်းဖိုရမ်သို့ ထိုင်း-မြန်မာနယ်စပ်ရှိ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေး၊ က‌လေး သူငယ်နှင့် အမျိုးသမီးအ‌ရေးလှုပ်ရှား‌ဆောင်ရွက်‌နေသည့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်‌ပေါင်း (၉၁)ဦး တက်‌ရောက်‌ဆွေး‌နွေး‌နေကြပြီး ‌ဆွေး‌နွေးပွဲရလဒ်များကို တင်ပြနိုင်ရန်အတွက်လည်း ကရင်ပြည်နယ်အစိုးရ၊ လွှတ်‌တော်၊ ‌ရေးရာ‌ကော်မတီနှင့် မြဝတီမြို့တွင်းရှိ ဌာနဆိုင်ရာအာဏာပိုင်များနှင့် ထိုင်းနိုင်ငံဘက်မှ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်‌ရေး၊ ရဲ၊ လူမှုဝန်ထမ်းစသည့် နှစ်နိုင်ငံ‌ဒေသအာဏာပိုင်များကို ဖိတ်ကြားထားသည်ဟု ဖိုရမ်ကို ဦး‌ဆောင်သည့် တာဝန်ရှိသူများက ‌ပြောသည်။

ကရင်ပြည်နယ်သည် လက်နက်ကိုင်အင်အားစုများစွာရှိ‌နေသလို နယ်စပ်‌ဒေသဖြစ်သည့်အ‌လျောက် ‌ဒေသအတွင်း မူးယစ်‌ဆေးဝါး၊ ‌လောင်းကစားနှင့် လူကုန်ကူးမှုစသည့် ပြဿနာများစွာရှိ‌နေပြီး ၎င်းကိစ္စရပ်များတွင် နှစ်ဖက်အစိုးရ၏ ‌ဒေသတွင်းအာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့အစည်း အချို့၏ ပါဝင်ပတ်သက်မှုများရှိ‌နေခြင်း‌ကြောင့် ‌ဒေသတွင်း တရားဥပ‌ဒေစိုးမိုးမှုမှာ အားနည်းလျက်ရှိသည်ဟု တက်‌ရောက်လာသည့် အရပ်ဖက်အဖွဲ့များက ဆိုသည်။

သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ယက်(TCDN)၏ တာဝန်ခံ မန်းသိန်း‌ဇော်က“အခု ကျ‌နော်တို့ ‌ဆွေး‌နွေး‌နေတဲ့ ‌ခေါင်းစဉ် (၅)ခုက မြန်မာပြည်မှာတအားဖြစ်‌နေတဲ့ ကိစ္စရပ်‌တွေဖြစ်တယ်။ အခု ဒီမြဝတီမှာဆိုရင် မူးယစ်‌ဆေးဝါးနဲ့ ‌လောင်း ကစား၊ လူကုန်ကူးမှုပြဿနာစတာ‌တွေက နယ်စပ်မြို့ဖြစ်တဲ့အတွက် ပိုဖြစ်တာ‌ပေါ့။ ဒီကိစ္စ‌တွေဖြစ်ရတာလည်း အသိပညာ‌ပေးမှုနဲ့ အ‌ရေးယူ ‌ဆောင်ရွက်မှု‌တွေက အားနည်းတယ်။ မြန်မာနိုင်ငံရဲ့ ဥပ‌ဒေကလည်း စိုးမိုးမှု အားနည်းတာ‌ကြောင့် ဒါကို အရပ် ဖက်‌တွေလက်တွဲပြီး‌တော့မှ ကြိုးစား အ‌ဖြေရှာကြတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြုလုပ်သည့် အရပ်ဖက်ဖိုရမ်ကို သွီးလူထုအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ယက် (TCDN)၊ က‌လေးသူငယ် ပြုစု‌စောင့် ‌ရှောက်‌ရေး‌ဖောင်‌ဒေးရှင်း(CCF)၊The
Freedom Fund၊ Foundation for Education and Development(FED)၊ Migrant Development Center(MDC)တို့မှ ပထမဦးဆုံးအကြိမ် ပူး‌ပေါင်း‌ဆောင်ရွက်‌သော ဖိုရမ်ဖြစ်သည်ဟု သိရသည်။