Home သတင်း ၂၈ ကြိမ်‌မြောက် ဝင်း‌ရော်‌ဒေသ ရိုးရာ‌ကောက်သစ်စားပွဲ ‌ဒေသခံ ၂ဝဝ‌ကျော် တက်‌ရောက်

၂၈ ကြိမ်‌မြောက် ဝင်း‌ရော်‌ဒေသ ရိုးရာ‌ကောက်သစ်စားပွဲ ‌ဒေသခံ ၂ဝဝ‌ကျော် တက်‌ရောက်

2742

ဇန်နဝါရီ ၁ ရက်၊ ၂ဝ၁၈ ခုနှစ်၊ ‌စောရှား။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၏ ၂၈ ကြိမ်‌မြောက် ကရင်ရိုးရာ‌ကောက်သစ်စားပွဲကို ယ‌နေ့(ဇန်နဝါရီ ၁ ရက်)တွင် ဒိုင်လွတ်-တမို‌ဝေါင်း‌ကျေးရွာ သိမ်ကွင်း၌ကျင်းပရာ ဝင်း‌ရော် ‌ဒေသခံ ၂ဝဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

ကရင်လူမျိုးတို့သည် မိမိတို့၏ ‌တောင်ယာ၊ လယ်ယာမှရရှိလာသည့် ‌ကောက်ပဲသီးနှံ‌ပေါ်ဦး‌ပေါ်ဖျားများကို စု‌ဆောင်း ထားပြီးမှ ပြာသိုလတွင် မိသားစုအ‌နေဖြင့်‌သော်လည်း‌ကောင်း၊ ‌ကျေးရွာအလိုက်‌သော်လည်း‌ကောင်း၊ စု‌ပေါင်းချက်ပြုတ်စား‌သောက်သည့်အ‌နေဖြင့် ရိုးရာ‌ကောက်သစ်စားပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ကျင်းပ‌ရေး ‌ကော်မတီဝင်ဖြစ်သူ နန်းရှားစီက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ကရင်လူမျိုး‌တွေဟာ လယ်ယာ ၊ လယ်ယာ ခြံ‌မြေ‌တွေ အဓိကလုုပ်ကိုင်စား‌သောက်ကြတယ်။ ပထမဆုံး ထွက်လာတဲ့ ခြံ ထွက်‌ကောက်ပဲသီးနှံ‌တွေနဲ့ ဆန်စပါး ဦးဦးဖျားဖျား‌တွေကို အိမ်တိုင်း၊ အိမ်တိုင်း စု‌ပေါင်း သို‌လှောင်ပြီးမှ သက်ကြီးဝါကြီး‌တွေကို ထမင်းဟင်း‌ကျွေးပြီး ကုသိုလ်ယူတာပါ။ ” ဟု‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် ‌ကောက်သစ်စားပွဲတွင် ဆန်‌ရေစပါးများ တိုးပွားလာရန် ရည်ရွယ်၍ ဖီ့ဘူး‌ယော်(စပါး‌စောင့်နတ်) အား ဂုဏ်ပြုခြင်းများ၊ သက်ကြီးဘိုုးဘွား‌ပေါင်း ၄ဝ ဦး‌ကျော်ကို ကန်‌တော့ခြင်း၊ ‌ကောက်သစ်စားခြင်းများအပြင် ၁၂ လရာသီ ရိုးရာ ဒုံးအကများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
‌ကောက်သစ်စားပွဲ အစီအစဉ်မတိုင်ခင် ယမန်‌နေ့ည ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ညတွင် ‌ကောက်သစ်စားပွဲအထိမ်းအ မှတ်အ‌နေဖြင့် ကရင်စာ‌ပေ(ဝတ္တု၊ ကဗျာ၊ ‌ဆောင်းပါး) ပြိုင်ပွဲ ဆု‌ပေးပွဲ၊ ဝင်း‌ရော်‌ဒေသရှိ ကရင်ဒုံးအဖွဲ့ ၉ ဖွဲ့မှ ကပြ‌ဖျော်‌ဖြေခြင်းများ ပြုလုပ်ခဲ့သည်။

‌ကောက်သစ်စားပွဲသို့ ပါဝင်ဆင်နွှဲ‌သော ခလယ်ရွာမှ ‌စောရှား‌ဖောင်က “လူကြီး‌တွေ မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်း လာခဲ့တဲ့ ဒီ‌ကောက်သစ်စားပွဲ‌တွေလို ရိုးရာ‌တွေကို ကျ‌နော်တို့ လူငယ်‌တွေလည်း ဆက်လက်ထိန်းသိမ်းရမယ်။ ကရင်ယဉ်‌ကျေးမှု‌တွေဖြစ်တဲ့ စာ‌ပေပြိုင်ပွဲ၊ ဒုံးအက‌တွေလည်း ဒီပွဲမှာ ‌ဖော်ထုတ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။” ဟု‌ပြောသည်။

ဝင်း‌ရော်‌ဒေသအ‌နေဖြင့် ကရင်ရိုးရာ‌ကောက်သစ်စားပွဲကို ဒိုင်လွတ်-တမို‌ဝေါင်းရွာ၌ တစ်နှစ် ၁ ကြိမ် နှစ်စဉ်ကျင်းပလာခဲ့ သလို အလားတူ ကရင်လူမျိုးများ‌နေထိုင်သည့် အခြား‌ဒေသများတွင်လည်း ရိုးရာ‌ကောက်သစ်စားပွဲကို အစဉ်အလာအရ ကျင်းပ‌လေ့ရှိသည်ဟု သိရသည်။