Home သတင်း လွန်းည‌တောင်သွားသည့် လယ်ယာသုံးလမ်းကို ‌ဒေသခံများ ပိတ်ပင်

လွန်းည‌တောင်သွားသည့် လယ်ယာသုံးလမ်းကို ‌ဒေသခံများ ပိတ်ပင်

2605

ဇန်နဝါရီ ၄ ရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လွန်းည‌ကျေးရွာအနီး ‌တောင်‌ခြေအထိ ‌ဖောက်လုပ်ထားသည့် လယ်ယာ အသုံးပြုလမ်းကို ‌ကျောက်ထုတ်ကားကြီးများသွားလာရာတွင် ထိခိုက်နစ်မှုများရှိသည်ဟုဆိုကာ ဇန်နဝါရီလ ၃ ရက်(ယမန်‌နေ့)မှ စတင် ပြီး ‌ဒေသခံများက မည်သည့်ယာဉ်မှ သွာလာခွင့်မပြု‌တော့ဘဲ ပိတ်လိုက်သည်ဟု သိရသည်။

အဆိုပါလမ်းမှာ လယ်သမားများလယ်ထဲသွားလာလွယ်ကူရန် ‌ဖောက်ထားသည့် လမ်းဖြစ်သည်ဟုသိရပြီး ယခု ၎င်း ‌တောင်‌ခြေတွင် ‌ကျောက်ထုတ်လုပ်သည့် ကားကြီးသွားလာမှုပြုလုပ်ရာ၌ လယ်သမားများ ထိခိုက်နစ်နာမှုများရှိလာသည့် အတွက် လမ်းလယ်တွင် တိုင်များ စိုက်ထူ၍ လမ်းသွားလာခွင့်ကို ပိတ်လိုက်ခြင်းဖြစ်သည်ဟု လွန်းည‌တောင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသည့် ‌ဒေသတာဝန်ခံ ‌စောခိုက်ခိုက်က ‌ပြောသည်။

၎င်းက ̏ဒီလမ်းပိတ်တာက ဘယ်သူ့ခွင့်ပြုချက်နဲ့မှ ပိတ်တာမဟုတ်ဘူး။ လမ်း‌ဖောက်တုန်းကလည်း လယ်သမား ‌တွေ လယ်ထဲ သွားတဲ့အခါ အသုံးပြုဖို့လမ်း အခုက ‌ကျောက်ထုတ်လုပ်တဲ့ အခါမှာ အသုံးပြုတဲ့ လမ်းဖြစ်လာတယ်။ လယ်သမား ‌တွေ ခွင့်မပြု‌တော့ သူတို့လမ်းဖျက်ဖို့ လုပ်တာကြာပြီ။ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးက သူတို့ ‌ကျောက်ထုတ်တာမပြီး ‌သေး‌တော့ နှစ်ကုန်အထိ အသုံးပြုခွင့်‌ပေးဖို့ သ‌ဘောတူလက်မှတ်ထိုးလိုက်တယ်။ နှစ်ကုန်ပြီဆို‌တော့ သ‌ဘောတူချက်အတိုင်း လယ်သ မား‌တွေက လမ်းဖျက်ခိုင်းတာ̋ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအသုံးပြုသည့်လမ်းသည် ‌ဒေသခံလယ်သမား ၂ဝ ဦး‌ကျော်မှ လယ်အထိခိုက်ခံ၍ ၂၀၁၅ ခုနှစ်တွင် စတင်‌ဖောက် လုပ်ထားသည့်လမ်းဖြစ်ပြီး ယခု‌ကျောက်ထုတ်လုပ်သူများက အသုံးပြုလာသည့် အပြင် ‌ရေလွှဲလမ်း‌ကြောင်း မပြုလုပ်ဘဲ လမ်းကို ထပ်မံ‌မြေပြန်ဖို့သည့်အတွက် ‌ရေလမ်း‌ကြောင်းပိတ်ပြီး လယ်ယာများ ထိခိုက်မှုဖြစ် ‌ပေါ်‌နေ‌ကြောင်းလည်း ‌ဒေသခံ လယ်သမားများ၏ ‌ပြောပြချက်အရ သိရသည်။

လယ်ယာထိခိုက်မှုရှိခဲ့သည့် လယ်သမား ‌စောငြိမ်းဖြူက ̏ ဒီလမ်းဖြစ်တဲ့‌နောက်ပိုင်း ကျ‌နော်တို့လယ်သမားအတွက် အကျိုး မရှိမှန်း သိလာတယ်။ လမ်းဖြစ်‌တော့ တစ်နှစ်ပြီးတစ်နှစ် ‌ရေ‌တွေက ရွာထဲပြန်ဝင်တယ်။ မိုးတွင်းဆို ‌ရေဝင်ထွက်မရှိ ‌တော့ စပါးခင်း‌တွေလည်း ပျက်စီးတယ်။ ဒီလမ်းက ကျ‌နော်တို့ လယ်ထဲသွားဖို့‌တောင် အဆင်မ‌ပြေ‌တော့ဘူး̋ ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

လွန်းည‌တောင်‌ခြေတွင် ‌ကျောက်ထုတ်လုပ်သူများမှ ‌ကျောက်သယ်သည့် ကားများ သွားလာလွယ်ကူရန်အတွက် အဆိုပါ လမ်းအား အမြင့်‌ပေ ၃ ‌ပေအထိ ‌မြေကြီးထပ်မံဖို့ထားပြီး ‌မြေဖို့သည့်ကိစ္စနှင့်ပတ်သက်၍ ‌ဆွေး‌နွေးခြင်းမရှိသည့်အပြင် ခွင့်ပြုချက်ရယူခြင်းမရှိ‌ကြောင်းလည်း လယ်သမားများက ‌ပြောဆိုသည်။

ထို့အပြင် ‌ကော့ကရိတ်မှ အိန္ဒုအထိ အာရှဖွံ့ဖြိုး‌ရေးဘဏ်-ADB မှ အာရှလမ်းမကြီး တိုးချဲ့လမ်း‌ဖောက်လုပ်ရာတွင် လိုအပ်သည့် လမ်းခင်း‌ကျောက်များကို လွန်းည‌တောင်တွင် သွား‌ရောက်ထုတ်ယူသည့်အခါ ယင်းလမ်းကိုသာ အသုံးပြု သည်ဟု သိရသည်။

‌နောက်ဆုံးရသည့် သတင်းအရ လွန်းည‌တောင်သွားသည့် ၎င်းလယ်ယာသုံးလမ်းကို ‌ဒေသခံများမှ ယခုလို ပိတ်လိုက်သည့် သဖြင့် ‌ကျောက်သယ်သည့်ကားများအခက်‌တွေ့ပြီး က‌မော့ပိုရွာဘက်သို့လမ်းကို ပြန်လည်အသုံပြုကာ ရွာလမ်းဖြစ်သည့်အတွက် အဆိုပါ ‌ကျေးရွာလူထုများက ထပ်မံလမ်းပိတ်လိုက်သည်ဟု သိရသည်။