Home သတင်း တအာင်း ဥပ‌ဒေအဖွဲ့ တာဝန်ခံ မိုင်းမျိုး‌အောင်အား အမြန်ဆုံး လွှတ်‌ပေးရန် တိုင်းရင်းသားလူငယ်များ မဟာမိတ် အဖွဲ့ ‌တောင်းဆို

တအာင်း ဥပ‌ဒေအဖွဲ့ တာဝန်ခံ မိုင်းမျိုး‌အောင်အား အမြန်ဆုံး လွှတ်‌ပေးရန် တိုင်းရင်းသားလူငယ်များ မဟာမိတ် အဖွဲ့ ‌တောင်းဆို

2668

ဇန်နဝါရီ ၃ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

တအာင်း(ပ‌လောင်) ဥပ‌ဒေအ‌ထောက်အကူပြုအဖွဲ့တာဝန်ခံ မိုင်းမျိုး‌အောင်ကို မူဆယ်ရဲစခန်းမှ မသကင်္ာမှုဖြင့် ဖမ်းဆီးချုပ် ‌နှောင်ထားပြီး အ‌ထောက်အထားမဲ့ပုဒ်မတပ်ခြင်းအ‌ပေါ် ရုပ်သိမ်း‌ပေးပြီး နိုင်ငံသားအခွင့်အ‌ရေး အရ ဥပ‌ဒေ အကာအကွယ် ‌ပေးမှုကို အမြန်ဆုံး‌ဆောင်ရွက်‌ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်(NEYA) က ယ‌နေ့ ဇန်နဝါရီ ၃ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌တောင်းဆို လိုက်သည်။

ယခင်လ ဒီဇင်ဘာလ (၂၁)ရက်က ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ‌ကောင်းမှုတုံရပ်ကွက်ရှိ ‌သေနတ်ပစ်ခတ်မှုတွင် ပြည်သူ့စစ် တစ်ဦး ‌သေဆုံးသွားပြီး တစ်ဦးဒဏ်ရာရရှိခြင်းတို့‌ကြောင့် မသကင်္ာမှုဖြင့် မူဆယ်ရဲစခန်းမှ မိုင်းမျိုး‌အောင်ကို ဖမ်းဆီးထိန်း သိမ်းထားပြီး စစ်‌ဆေး‌မေးမြန်းချိန်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုများရှိခြင်း‌ကြောင့် ယခုလို ထုတ်ပြန်‌တောင်းဆိုလိုက် ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့၏ ‌ပြောခွင့်ရ ဆလိုင်းမွန်‌ဘွေက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ရဲ‌တွေကိုသွား‌မေး‌တော့ သူတို့က ဘာ‌ကြောင့်ဖမ်းတယ်ဆိုတာ ‌သေချာမ‌ပြောဘူး‌ပေါ့‌နော်။ အဓိက က ‌တော့ လူ့အခွင့်အ‌ရေးနဲ့ နိုင်ငံသားအခွင့်အ‌ရေး‌တွေမှာပါ‌နေတဲ့ ပြဌာန်းချက်‌တွေနဲ့အညီလုပ်‌ပေးဖို့‌ပေါ့။ အာဏာပိုင်‌တွေ အ ‌နေနဲ့ ညှဉ်းပန်းနှိပ်စက်တာ‌တွေ မလုပ်ဖို့ အဓိက‌ပေါ့‌နော်။ ပြီး‌တော့ တိကျ‌သေချာတဲ့ စွပ်စွဲချက်‌တွေ ဆိုလိုတာက ရဲက‌နေ သူ့ကိုဖမ်းတယ်ဆို‌တော့ ဒီအ‌ပေါ်မှာ ‌သေချာတဲ့ ခိုင်လုံတဲ့ အ‌ထောက်အထားမရှိဘူးဆိုတာကို ကျ‌နော်တို့‌ထောက်ပြတာ ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ၎င်းတို့၏ ထုတ်ပြန်‌တောင်းဆိုချက်အ‌ပေါ် သက်ဆိုင်ရာမှ ဥပ‌ဒေနှင့်အညီ ‌ဖြေရှင်း‌ဆောင်ရွက်‌ပေး ခြင်း မရှိလျှင် တိုင်းရင်းသားလူငယ်မဟာမိတ်အဖွဲ့အ‌နေဖြင့် အစိုးရ အုပ်ချုပ်‌ရေးမဏ္ဍိုင်၊ တရား‌ရေးမဏ္ဍိုင်၊ မြန်မာနိုင်ငံလူ့အခွင့်အ‌ရေး ‌ကော်မရှင်နှင့် တိုင်းရင်းသား‌ရေးရာ တာဝန်ရှိသူများထံသို့ ဆက်လက်တိုင်ကြား‌ဆောင်ရွက်သွားမည်ဟုလည်း ဆလိုင်းမွန်‌ဘွေက ဆက်‌ပြောသည်။

မိုင်းမျိုး‌အောင်ကို ဖမ်းဆီးထိန်းသိမ်းထားချိန် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၅ရက်‌နေ့အထိ တရားခံကဲ့သို့ ခြိမ်း‌ခြောက်ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ပြီး အတင်းဝန်ခံချက်‌ပေးရန် ပြုလုပ်‌ကြောင်း၊ ထိုကာလတွင် ဇနီးသည်မှလွဲ၍ မည်သူမျှ ‌တွေ့ခွင့်မရှိပဲ ယ‌နေ့အချိန်အထိ မည်သည့်ပြစ်မှုနှင့်စွပ်စွဲထား‌ကြောင်းကိုလည်း အ‌သေအချာထုတ်ပြန်ထားခြင်းမရှိ‌သေး‌ကြောင်း တိုင်းရင်းသားလူငယ်မဟာမိတ်အဖွဲ့က ဆိုထားသည်။

အလားတူ တအာင်း‌ကျောင်းသားနှင့် လူငယ်များအဖွဲ့ နှင့် တအာင်းအမျိုးသမီးအဖွဲ့မှ မိုင်းမျိုး‌အောင်အ‌ပေါ် မသကင်္ာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် ခြိမ်း‌ခြောက် ရိုက်နှက်သည့်လုပ်ရပ်များသည် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ ရဲလက်စွဲပါ မသကင်္ာရသူ တို့ကို‌ဖြောင့်ချက်‌ပေး‌စေရန် မည်သည့် နည်းနှင့်မျှ ညှဉ်းပန်းနှိပ် စက်ခြင်းကို လုံးဝမပြုလုပ်ရန်၊ ပြုလုပ်ပါက တည်ဆဲဥပ‌ဒေ အရ အ‌ရေးယူခြင်းခံရမည်နှင့် ညှဉ်းပန်းနှိပ်စက်မှုကို ဆန့်ကျင်‌သော နိုင်ငံတကာစာချုပ်၏ အပိုဒ်(၂) အပိုဒ်ငယ် (၂ )နှင့် (၃) အရ မည်သည့်အ‌ခြေအ‌နေအ‌ကြောင်း‌ကြောင့် နှင့် မည်သည့်အထက်အရာရှိ၏ ခိုင်း‌စေမှုကိုမှ အ‌ကြောင်းပြ၍ ညှဉ်းပန်းနှိပ်စက်ခြင်းမပြုရ စသည့် နိုင်ငံတကာ လူ့အခွင့်အ‌ရေး စံချိန်စံနှုန်း (Human Right norm)ကို ချိုး‌ဖောက်‌နေခြင်း ‌ကြောင့် ဒီဇင်ဘာ ၂ ရက်‌နေ့(ယမန်‌နေ့)က ပူးတွဲ ထုတ်ပြန်ချက်ဖြင့် အပြင်းအထန်ရှုတ်ချထားသည်။

ထို့အတူ ဖမ်းဆီးချုပ်‌နှောင်ခံထားရသည့် မိုင်းမျိုး‌အောင်ကို အမှုမှန်စစ်‌ဆေး၍ အမြန်ဆုံးလွှတ်‌ပေးရန်၊ ချုပ်‌နှောင် စစ်‌ကြော‌မေးမြန်းသည့်ကာလတွင် တရားဥပ‌ဒေမဲ့ ခြိမ်း‌ခြောက်၊ ရိုက်နက် ညှဉ်းပန်းခြင်း၊ အတင်း‌ဖြောင့်ချက်‌ပေး ခိုင်းခြင်း တို့ကို ရပ်တန့်ရန်နှင့် စစ်‌ကြော‌မေးမြန်းစဉ်ကာလတွင် မိသားစုဝင် မိတ်‌ဆွေအသိုင်းအဝိုင်း၊ ဥပ‌ဒေ အကြံ‌ပေးအဖွဲ့၊ ‌ရှေ့ ‌နေတို့နှင့် လွတ်လပ်စွာ‌တွေ့ခွင့်‌ပေးပြီး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးရန်တို့ကို တအာင်း‌ကျောင်းသားနှင့် လူငယ်များအဖွဲ့နှင့် တအာင်းအမျိုးသမီးအဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်၌ ‌တောင်းဆိုထားသည်။

မိုင်းမျိုး‌အောင်သည် နိုင်ငံသားဆိုင်ရာဥပ‌ဒေ၊ မူးယစ်‌ဆေးဝါး ‌နောက်ဆက်တွဲပြဿနာဆိုးကျိုး စသည့် အသိပညာ‌ပေးခြင်း လုပ်ငန်းများ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းများကို မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးအဖွဲ့အစည်း ‌ပေါင်းစုံနှင့်အချိန်ပြည့် လက်တွဲလုပ် ‌ဆောင်‌နေသူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တအာင်း အရပ် ဖက်လူမှုအဖွဲ့အစည်း(TSYU)နှင့် ၂၀၁၇ ခုနှစ်တွင် တအာင်းဥပ‌ဒေအ‌ထောက်အကူပြုအဖွဲ့ (TLA)တွင် လူထုအကျိုးပြုလုပ်ငန်းများ ဦး‌ဆောင်လုပ်ကိုင်‌နေသူတစ်ဦးလည်းဖြစ် သည်ဟု တအာင်း‌ကျောင်းသားနှင့် လူငယ်များအဖွဲ့နှင့် တအာင်းအမျိုးသမီးအဖွဲ့တို့က ‌ပြောဆိုသည်။