Home သတင်း ကရင်လူမျိုးများ ‌နေထိုင်ရာ‌ဒေသများတွင် အုပ်စုခွဲပြီး လူထု‌တွေ့ဆုံပွဲများ ကျင်းပသွားမည်

ကရင်လူမျိုးများ ‌နေထိုင်ရာ‌ဒေသများတွင် အုပ်စုခွဲပြီး လူထု‌တွေ့ဆုံပွဲများ ကျင်းပသွားမည်

3871

ဇန်နဝါရီ ၇ ရက်၊ ၂ဝ၁၈ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကျင်းပနိုင်‌ရေးအတွက် အပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုးထားသည့် ကရင်လက် နက်ကိုင် ၃ဖွဲ့၏ ဦး‌ဆောင်မှုဖြင့် ဇန်နဝါရီလ တတိယပတ်မှ စတင်ကာ ကရင်လူမျိုးများ ‌နေထိုင်ရာ‌ဒေသများတွင် အုပ်စုခွဲပြီး လူထု‌တွေ့ဆုံပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများပါဝင်ပြီး ဇန်နဝါရီလ ၅ရက်မှ ၆ရက်‌နေ့ အထိ ဖားအံမြို့
ခွယ်က‌ဘောင်ဟိုတယ်တွင် ကျင်းပသည့် ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကျင်းပ‌ရေး‌ကော်မတီ (KN DCC)၏ အကြိုညှိနှိုင်းအစည်းအ‌ဝေးတွင် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု (KNDCC)၏ ဦး‌ဆောင်သူတစ်ဦးဖြစ်သူ ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး ၂ ပဒို ‌စောလှထွန်းက ‌ပြောသည်။

၎င်းက “UPC တစ်ခုနဲ့တစ်ခုအကြား မဖြစ်မ‌နေလူထု‌တွေ့ဆုံပွဲ‌တွေလုပ်ဖို့လျာထားတာရှိတယ်။ အဲဒီအတွက် UPC တက် ‌ရောက်မယ့် ကိုယ့်ကရင်အမျိုးသားကိုယ်စားလှယ်‌တွေအ‌နေနဲ့ ကရင်လူထု‌တွေရဲ့ဆန္ဒသ‌ဘောထားအမြင်‌တွေကိုရယူပြီး ‌ဆွေး‌နွေးနိုင်ဖို့အတွက် အခုလို လူထု‌တွေ့ဆုံပွဲ‌တွေလုပ်တာဖြစ်ပါတယ်။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဇန်နဝါရီလ တတိယပတ်တွင် ပြုလုပ်မည့်လူထု‌တွေ့ဆုံပွဲတွင် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနှင့် သယံဇာတ စသည့်ကဏ္ဍများကို ကရင်လူမျိုးများ‌နေထိုင်ရာ ‌ဒေသများဖြစ်သည့် ကရင်၊ မွန်၊ ကယား၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသင်္ာ ရီ၊ အထက်မြန်မာပြည်နှင့် နယ်စပ်စသည့် ‌နေရာများတွင် ‌ဒေသအလိုက် အုပ်စုများခွဲကာ ကျင်းပပြုလုပ်သွားမည် ဖြစ် သည်။

NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် ပြည်‌ထောင်စုငြိမ်း‌ရေး ‌ဆွေး ‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJC၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လူမျိုးအလိုက်၊ ‌ဒေသအလိုက်၊ အ‌ကြောင်းအရာအလိုက်စသည် ဖြင့် ၂၁ ရာစု ပင်လုံကျင်းပသည့်အချိန်တစ်ခုနှင့်တစ်ခုကြားကာလတွင် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ကျင်းပနိုင်‌ကြောင်း သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး KNDCC ၏ Second Focal Person ဖြစ်သူ မန်းဝင်း‌မောင်က“ ကျ‌နော်က‌တော့ အခက်အခဲမရှိ ‌လောက်ဘူးလို့‌တော့ ထင်တယ်ဗျ၊ ဘာဖြစ်လို့လဲဆို‌တော့ NCA စာချုပ်အရ အ‌ကောင်အထည်‌ဖော်တဲ့ Process (ဖြစ်စဉ်) ဖြစ်တဲ့အတွက် ကန့်ကွက်မှု‌တွေရှိမယ်လို့မထင်ဘူး။ ဖြစ်လာမယ်လို့‌တော့ထင်ပါတယ်״ဟု ‌ပြောသည်။

အဆိုပါ လူထု‌တွေ့ဆုံပွဲများကို ကရင်လူမျိုးများ‌နေထိုင်ရာ‌ဒေသများတွင် ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ရက်‌နေ့များအတွင်း ပြု လုပ်သွားမည်ဖြစ်ကာ ရရှိလာသည့် ‌ဒေသအသီးသီးမှ ကရင်လူထုများ၏ ဆန္ဒသ‌ဘောထားများကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ရက်‌နေ့အတွင်း အပြီးသတ် စုစည်းသွားမည်ဖြစ်‌ကြောင်း သိရသည်။