Home သတင်း ‌ဘောကျို့လယ်နှင့် ကတိုင်တိ ရွာချင်းဆက် ကားလမ်းသစ် ‌ဒေသခံများ ကိုယ်ထူကိုယ်ထ ‌ဖောက်လုပ်

‌ဘောကျို့လယ်နှင့် ကတိုင်တိ ရွာချင်းဆက် ကားလမ်းသစ် ‌ဒေသခံများ ကိုယ်ထူကိုယ်ထ ‌ဖောက်လုပ်

2656

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

ဖာပွန်မြို့နယ်အတွင်းရှိ ‌ဘောကျို့လယ်ရွာနှင့် ကတိုင်တိရွာအကြား ရွာသူရွာသားများ ကားဖြင့် သွားလာနိုင်ရန်အတွက် ‌ဘော ကျို့လယ်‌ဒေသခံ ၁ဝဦး‌ကျော်က ဒီဇင်ဘာ ၂ဝရက်‌နေ့တွင် ကိုယ်ထူကိုယ်ထ လမ်းသစ်ကို စတင် ‌ဖောက်လုပ်ခဲ့ကြသည်။

‌ဘောကျို့လယ်ရွာနှင့် ကတိုင်တိရွာအကြား ကားဖြတ်သန်းသွားလာရန် အများက အသုံးပြု‌နေသည့်လမ်းမှာ နယ်ခြား‌စောင့်တပ် (၁၀၁၃)၏ တပ်စခန်းဧရိယာထဲတွင် တည်ရှိ‌နေပြီး ဒီဇင်ဘာလ ၁၉ရက်‌နေ့က ၎င်းလမ်းကို ရုတ်တရက် ပိတ်လိုက်သည့်အတွက် ‌ဒေသခံများက ယခုကဲ့သို့ ကိုယ်ထူကိုယ်ထ ကားလမ်းသစ် ‌ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

လမ်းသစ်‌ဖောက်လုပ်‌နေသူ ‌ဘောကျို့လယ်ရွာသား ‌စော‌ကျော်ဦးက “အထူးသဖြင့် ဒီ‌ဒေသထဲက ကား‌တွေ သွားလာနိုင်ဖို့ ကျ‌နော်တို့ ‌ဘောကျို့လယ်က ‌ဒေသခံ‌တွေကို စုပြီး လမ်းသစ်‌ဖောက်လုပ်တာ‌ပေါ့‌နော်။ ဒီလမ်းကို အသုံးပြုပြီး သွားလာ‌ရေးအ တွက် အဆင်‌ပြေမယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ပြောသည်။

အသစ်‌ဖောက်လုပ်‌သော လမ်းသည် ‌မြေညီလမ်းသာဖြစ်သည့်အတွက် ဓါး၊ ‌ပေါက်တူးများ အသုံးပြုပြီး မိမိ‌ဖောက်လုပ်သည့် လမ်းတစ်‌လျှောက်ရှိ သစ်ပင်၊ ချုံပင်များကို တစ်ရက်အတွင်း အပြီးအစီး ခုတ်ထွင်ရှင်းလင်းနိုင်ခဲ့ကြသည်ဟု ၎င်းက ဆက်‌ပြော သည်။

ယခု လမ်းသစ်ကို မ‌ဖောက်လုပ်ပါက ‌ဘောကျို့လယ်ရွာမှ ကတိုင်တိရွာသို့ သွားမည်ဆိုလျှင် ပုံမှန် နှစ်ဆ၊ သုံးဆထက်‌ဝေးသည့် မမ(ပိုမဟဲ)ရွာလမ်းကိုသာ ကားလမ်းအဖြစ် အသုံးပြုရမည်ဖြစ်သလို ၎င်းလမ်းမှာ ကြမ်းတမ်းပြီး ကျဉ်းသည့်အတွက် အဆင်မ ‌ပြေနိုင်‌ကြောင်း ‌ဘောကျို့လယ်‌ဒေသခံများက ဆိုသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ‌ဘောကျို့လယ်ရွာနှင့် ကတိုင်တိရွာသည် ၂မိုင်ဝန်းကျင် အကွာအ‌ဝေးရှိပြီး ယခင်က ‌နွေရာသီ ကာလ လမ်း‌ပေါက်သည့်အခါ ပိတ်လိုက်သည့်လမ်းကို ကား၊ ဆိုင်ကယ် သွားလာသည့်လမ်းအဖြစ် ‌ဒေသခံများက အသုံးပြုခဲ့ကြ သည်။