Home သတင်း သထုံမြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်အစည်းအရုံးကို ၆ လအတွင်း ဖွဲ့စည်းသွားမည်

သထုံမြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်အစည်းအရုံးကို ၆ လအတွင်း ဖွဲ့စည်းသွားမည်

1393

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်အစည်းအရုံးတစ်ခုကို ၂၀၁၈ ခုနှစ် ဇွန်လမတိုင်မှီ ၆ လ အတွင်း အပြီး ဖွဲ့စည်းသွားရန် စည်းရုံးလုပ်‌ဆောင်‌နေသည်ဟု သထုံမြို့နယ်လုံးဆိုင်ရာ ကရင်လူငယ် အဖွဲ့အစည်း‌ပေါ်‌ပေါက်‌ရေး စည်းရုံး ‌ရေး ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌စော‌ကျော်မိုးက ‌ကေအိုင်စီသို့ ဒီဇင်ဘာ ၂၁ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “ ကျ‌နော်တို့ သထုံမြို့နယ်ထဲမှာ ကရင်တိုင်းရင်းသား‌တွေရဲ့အ‌ရေးကို ကျ‌နော်တို့ ကရင်‌တွေဘယ်လို လုပ်မလဲ ဆိုတဲ့ ‌မေးခွန်း‌ပေါ်လာတယ်‌ပေါ့၊ လက်ရှိရှိ‌နေတဲ့အတိုင်းဆိုရင်‌တော့ မျိုးဆက်ပြတ်သွားနိုင်တယ်။ လူငယ်‌တွေ ဟိုတစုဒီတစု လုပ်‌နေမဲ့အစား၊ မြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်အဖွဲ့အစည်းတခု ‌ပေါ်ထွက်လာဖို့ ရည်ရွယ်တယ်။ အဖွဲ့အစည်းကလည်း တစ်မြို့နယ်လုံးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်ဆိုပြီး သ‌ဘောတူညီထားတယ်” ဟု ‌ပြောသည်။

သထုံမြို့နယ်လုံးဆိုင်ရာ ကရင်လူငယ်အစည်းအရုံး ‌ပေါ်‌ပေါက်လာ‌ရေးအစည်းအ‌ဝေးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်‌နေ့တွင် သထုံမြို့၊ ‌နောက်ဘို‌ကျေးရွာရှိ ကကဿဖတိုက်‌ကျောင်း၌ ပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကရင်လူငယ်များအပါအဝင် ၁၇၅ ဦးပါ စည်းရုံး‌ရေး‌ကော်မတီကိုဖွဲ့စည်းခဲ့သည်။

အဆိုပါ စည်းရုံး‌ရေး‌ကော်မတီတွင် မူဝါဒ‌ရေးရာမူကြမ်း‌ရေးဆွဲ‌ရေး ဆပ်‌ကော်မတီ၊ ဘဏ္ဍာ‌ရေး ဆပ်‌ကော်မတီ၊ အရည်အ‌သွေးတည်‌ဆောက်‌ရေးဆပ်‌ကော်မတီ၊ သတင်းနှင့်ပြန်ကြား‌ရေး ဆပ်‌ကော်မတီနှင့် ပြင်ပဌာနဆက်ဆံ ‌ရေးဆပ်‌ကော်မတီတို့ကိုဖွဲ့စည်းခဲ့သလို လူငယ်များအတွက် ‌ငွေ‌ကြေးပိုင်းနှင့် လိုအပ်သည့်အကြံဉာဏ်များ‌ပေးနိုင်ရန် သထုံမြို့ခံကရင်လူလတ်ပိုင်းများပါဝင်သည့် ‌ထောက်ပံ့‌ရေးဆပ်‌ကော်မတီကိုပါ ဖွဲ့စည်းခဲ့သည်ဟု အစည်းအ‌ဝေး တက် ‌ရောက်ခဲ့သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

သထုံမြို့နယ် ကရင်လူငယ်အစည်းအရုံးကို သထုံမြို့နယ်တွင်း ကရင်တိုင်းရင်းသားအ‌ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်‌ဆောင်ရွက်ရန်နှင့် တတ်စွမ်းသမျှပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကာ မူဝါဒပိုင်းကို လူငယ်များက ဦး ‌ဆောင်ကာ အခြားရှိထားသည့် ကရင်လူငယ်အဖွဲ့များ၏ မူဝါဒများကို ‌လေ့လာပြီး ‌ရေးဆွဲသွားမည်ဟု မူဝါဒ‌ရေးရာ မူကြမ်း‌ရေးဆွဲ‌ရေး ဆပ်‌ကော်မတီထံမှ သိရသည်။

ထို့အပြင် လက်ရှိ ဖွဲ့စည်းထားသည့် ကရင်လူငယ်အစည်းအရုံး (KYO)၊ ကရင်လူငယ်ကွန်ရက် (KYN) စသည့် အဖွဲ့ အစည်းများနှင့် ‌ဒေသတွင်းအမျိုးသား‌ရေးဆိုင်ရာ ကိစ္စရပ်များကို လက်တွဲလုပ်‌ဆောင်မည်ဖြစ်‌သော်လည်း ‌ဘေးတိုက်သွား သည့်ပုံစံမျိုး ရပ်တည်မည်ဖြစ်ကာ တစ်ဖွဲ့‌ပေါ် တစ်ဖွဲ့လွှမ်းမိုးမှုမရှိ‌အောင် မူဝါဒပိုင်းချမှတ်သွားရန်ရှိသည်ဟု စည်းရုံး‌ရေး ‌ကော်မတီထံမှ သိရသည်။

ကရင်လူငယ်အစည်းအရုံး (KYO) ဥက္ကဌ ‌စောလယ်နယ်က “ ‌ကေအဲန်ယူရဲ့ ဦး‌ဆောင်မှု‌အောက်မှာရှိတဲ့ KYOဟာ ၂၀၁၂ခုနှစ် မတိုင်ခင်မှာ ပြည်တွင်းထဲ ဝင်ပြီး စည်းရုံးလုပ်‌ဆောင်မှုအပိုင်းမှာ အားနည်းချက်‌တော့ရှိတယ်။ ၂၀၁၂ ခုနှစ် ‌နောက်ပိုင်း KYN ကို ဖွဲ့စည်းပြီးတဲ့‌နောက်ပိုင်းမှာ ကျ‌နော်တို့‌တွေချိတ်ဆက်ပြီး လှုပ်ရှားမှု‌တွေပိုလုပ်လာနိုင်တယ်။ အခု အဲဒီမှာ ကရင်လူငယ်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ လုပ်‌ဆောင်တဲ့အ‌ပေါ်မှာ‌တော့ ကျ‌နော်တို့ သထုံခရိုင်က KYOနဲ့ KYNတို့ မဝင်‌ရောက် နိုင်တဲ့ အပိုင်း‌တော့ ရှိ‌ကောင်းရှိပါလိမ့်မယ်။ ကျ‌နော်မြင်တာက‌တော့ ကရင်လူငယ်အဖွဲ့‌တွေ ရှိနှင့်‌နေပြီးဖြစ်တဲ့အတွက် အဲဒီမှာရှိတဲ့ KYO၊ KYN တာဝန်ရှိသူ‌တွေနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးကြပြီးမှ ဘယ်လို ဆက်လက်လုပ်‌ဆောင်မလဲဆိုတာ လုပ်ရင်ပို‌ကောင်းမယ်လို့ မြင်ပါတယ်။”ဟု ‌ပြောသည်။

၎င်းအပြင် ကရင်လူငယ်အဖွဲ့အစည်းများ များပြားလာသည့်အ‌ပေါ် အမျိုးသား‌ရေးအတွက် လုပ်‌ဆောင်မှုအပိုင်းတွင် တစ်စုတစ်စည်းတည်း ဖြစ်‌ပေါ်လာရန် အခက်အခဲရှိလာနိုင်သည်ဟုလည်း ‌စောလယ်နယ်က ဖြည့်စွက် ‌ပြောဆိုသည်။

သထုံမြို့နယ်အတွင်း ‌ကျေးရွာအုပ်စု ၅၄ အုပ်စုရှိပြီး ‌ကျေးရွာ ၁၉၇ ရွာရှိကာ ‌ကျေးရွာ အုပ်စု ၃၇ စုအတွင်းရှိ ‌ကျေးရွာ ၁၀ဝ ‌ကျော်တွင် ကရင်တိုင်းရင်းသားများ အဓိက ‌နေထိုင်လျက်ရှိသလို သထုံမြို့နယ်လုံးဆိုင်ရာ လူငယ်အစည်းအရုံး ဖြစ်‌ပေါ်လာ‌ရေး စည်းရုံး‌ရေး‌ကော်မတီအ‌နေဖြင့် လက်ရှိ အချိန်တွင် ‌ကျေးရွာ ၄၇ ရွာရှိ ကရင် လူငယ်များကို စည်းရုံးထား နိုင်ပြီးဖြစ်ကာ ကျန်‌ကျေးရွာ ၆ဝ ‌ကျော်ပါဝင်လာနိုင်‌ရေးအတွက် ဆက်လုပ် ‌ဆောင်သွားမည်ဟု ‌ကော်မတီထံမှ သိရသည်။