Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

2770

“အခွင့်လမ်းမရှိဘူးလို့ အချိန်ကုန်စဉ်းစား‌နေမယ့်အစား လက်ရှိငါဘာလုပ်နိုင်လဲဆိုတာ အချိန်မဖြုန်းဘဲ လက်‌တွေ့လုပ်‌စေချင်တယ်”

——– ——-

လက်ရှိအ‌ခြေ‌နေအရ မြန်မာနိုင်ငံမှာ မည်သည့်ဌာန အဖွဲ့အစည်းမဆို လူငယ်အတွက် အလုပ်‌ခေါ်သည်ဖြစ်‌စေ ‌ကျောင်းဆက်တက်ဖို့ဖြစ်‌စေ အနည်းဆုံးပညာအရည်အချင်း ၁ဝ တန်း‌အောင် သို့မဟုတ် ဘွဲ့တစ်ခုခု ရရှိရမယ် ဆိုပြီး ‌ခေါ်‌နေတာများပါတယ်။

မြန်မာနိုင်ငံမှာ‌ကျောင်းပြီးတဲ့ လူငယ်‌တွေအတွက်က အခက်အခဲ မရှိ‌ပေမယ့်လည်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ထိုင်း-မြန်မာနယ်စပ်နဲ့ ဒုက္ခသည်စခန်းမှာ ‌ကျောင်း‌နေရတဲ့ လူငယ်‌တွေ အတွက်က‌တော့ အကြီးမားဆုံး စိန်‌ခေါ်မှုဖြစ်‌နေဆဲပါ။

အဲဒီလူငယ်‌တွေအတွက် ထိုင်း-မြန်မာနယ်စပ်က ‌ကျောင်းပြီးတဲ့ ‌အောင်လက်မှတ်က မြန်မာနိုင်ငံမှာ လက်ရှိ အချိန်ထိ အစိုးရက အသိမှတ်မပြုနိုင်‌သေးပါဘူး။ ဒီလိုအ‌ခြေအ‌နေ‌တွေ‌ကြောင့် သူတို့‌တွေ မြန်မာနိုင်ငံမှာ ‌ကျောင်းဆက်တက်နိုင်ဖို့နဲ့ အလုပ်ရရှိဖို့ အခွင့်အ‌ရေးနည်းခဲ့ပါတယ်။

အလုပ်ရရှိဖို့ဆိုရင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့အစည်း‌တွေမှာသာ သူတို့အတွက် အခွင့်အလမ်းအနည်းငယ်ရရှိပါတယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း‌တွေမှာ‌တော့ သူတို့အတွက် အလုပ်ရရှိဖို့ မရှိသ‌လောက်ရှားပါတယ်။

အဲဒီအထဲမှာ အသက် ၂၆နှစ်ရှိတဲ့ ‌စောမင်းခလိန်း(ခ)စမျိုးဝင်း‌အောင်ဆိုတဲ့ ကရင်တိုင်းရင်းသားလူငယ် တစ်‌ယောက်အပါအဝင်ပါ။ သူက‌တော့ ထိုင်း-မြန်မာ နယ်စပ်မှာ ‌ကျောင်းပြီးတဲ့ လူငယ်တစ်‌ယောက်ဖြစ်ပြီး သူရရှိတဲ့‌အောင်လက်မှတ်ကို အစိုးရက အသိအမှတ်မပြု‌ပေမယ့် သူတတ်ထားတဲ့ ပညာနဲ့ ‌ကျောင်းတစ်ခုခု တက်နိုင်တဲ့အခွင့်အ‌ရေးကို အားမ‌လျှော့တမ်း ကြိုးစား‌နေတဲ့သူတစ်‌ယောက်ပါ။

ဒီလိုကြိုးစားမှု မပြတ်ရှိ‌နေတဲ့အတွက် သူ့အ‌နေနဲ့ လက်ရှိအချိန်မှာ နယူးဇီလန်(New Zealand) နိုင်ငံမှာ ‌ကျောင်းတက်ဖို့ အခွင့်အ‌ရေးရရှိ‌နေပြီးဖြစ်သလို ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်မှာ အ‌ခြေစိုက်တဲ့ TCDN လို့‌ခေါ်တဲ့ သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ယက်ကိုလည်း ပါဝင်ဖွဲ့စည်းနိုင်တဲ့ သူတစ်‌ယောက်ဖြစ်သွားပါပြီ။

‌စောမင်းခလိန်းက‌တော့ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ဖားကျ‌ကျေးရွာမှာ‌နေထိုင်တဲ့ မန်းအဝင်း၊ ‌နော်မူး တူရဲ့သားသမီး ၅ ‌ယောက်ရှိတဲ့အနက် အကြီးဆုံးသားလည်းဖြစ်ပါတယ်။ မိဘ‌တွေက‌တော့ ခြံအလုပ်လုပ် ကိုင်ပြီး ဝင်‌ငွေနည်းတဲ့မိသားစုဖြစ်တဲ့အတွက် သူအလယ်တန်းပြီးတဲ့အချိန်မှာ မိဘ‌တွေက‌ကျောင်း ဆက်မထား နိုင်လို့ ထိုင်းနယ်စပ်မဲ‌ဆောက်မြို့မှာရှိတဲ့ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားက‌လေးအတွက်ဖွင့်လှစ်ထားတဲ့ က‌လေးများ ဖွံ့ဖြိုး‌ရေး စင်တာ-CDC အထက်တန်း ‌ကျောင်းမှာ ၁၂ တန်းအထိသူတက်‌ရောက် ပညာဆည်းပူး ခဲ့ပါတယ်။

၁၂ တန်း‌အောင်မြင်ပြီး‌တော့ နယ်စပ်က လူငယ်‌တွေအတွက် အားထားရတဲ့ အထက်တန်းလွန်‌ကျောင်း (Post Ten) ကို သူ ၂ နှစ်ပြန်တက်ခဲ့ပြီး‌နောက် အခြား‌ကျောင်းဆက်တက်ဖို့ မရှိတဲ့အတွက် ၂၀၁၃ ခုနှစ်မှာ သူတတ်ထားတဲ့ ပညာနဲ့ ရွာကက‌လေး‌တွေကို ‌နွေရာသီအဂင်္လိပ်စာသူသင်ကြားပို့ချ‌ပေးခဲ့ပါတယ်။
သူပြည်တွင်းမှာ ပြန်လာ‌နေတဲ့ နှစ်အတွင်းမှာဘဲ ရန်ကုန်မှာ Political Leadership Programme သင်တန်းကို ၃ လကြာတက်‌ရောက်ခဲ့တဲ့အပြင် ထိုင်းနိုင်ငံချင်းမိုင်မြို့တက္ကသိုလ်မှာဖွင့်လှစ်တဲ့ Community Development and Civic Empowerment, Social Science ကို ၂၀၁၄က ‌နေ ၂၀၁၅အထိ သူသွားတက်ခဲ့ပါ‌သေးတယ်။

“ကျ‌နော် တစ်ခုခံယူထားထာက ကျ‌နော်လုပ်နိုင်တဲ့အလုပ်ကို သူများမလုပ်နိုင်ဘူး ။ သူများလုပ်နိုင်တဲ့အလုပ်ကို ကျ‌နော်မလုပ်နိုင်ဘူး။ သို့‌သော်တို့‌တွေက အတူတူဘဲ ကျ‌နော်အား‌တော့မငယ်ဘူး။ ဒါ‌ပေမယ့် ကိုယ့်မှာ ဘွဲ့မရှိတဲ့ အ‌နေထားက‌တော့ ကိုယ့်ဘဝတိုးတက်ဖို့ အခွင့်အ‌ရေးတစ်ခုခုကြုံလာတိုင်း အနည်းဆုံး ၁ဝတန်း ‌အောင် ဘွဲ့ရဖြစ်‌တော့ ဘွဲ့မရတဲ့ ကိုယ့်လိုအတွက်က‌တော့ ဒီအခွင့်အ‌ရေးအမြဲတမ်းဆုံးရှှုံးရတယ်။ ဘွဲ့လက်မှတ်မရှိလည်း ‌နောက်ဆုံး‌တော့ ကိုယ်ရရှိတဲ့ လက်မှတ်ကို ပြတယ် ။ ကိုယ့်အရည်ချင်းကြည့်ပြီး သင်တန်း‌ကျောင်း ‌တွေပြန်တက်ခွင့်ရတယ်” လို့ သူက‌ပြောပါတယ်။

လူမှုအဖွဲ့စည်းမှာ ‌ကောင်းမွန်စွာ သူပြန်လုပ်နိုင်ဖို့ သင်တန်း‌တွေသူတက်ခဲ့‌ပေမယ့်လည်း ပညာ‌ရေးမှာဘွဲ့မရ၊ ‌နောက်ခံမိဘဝင်‌ငွေသိမ်မရှိတဲ့အတွက် သူလူမှု‌ရေးအလုပ်လုပ်သည့်အခါတိုင်း ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ခြင်း ၊မလိုလားခြင်းကို ကြုံရ‌ကြောင်းလည်း သူကဆက်‌ပြောပါတယ်။
အတိုက်အခံများစွာရှိတဲ့ကြားက သူ့‌ဒေသကလူထု‌တွေအတွက် အမြင်ဖွင့်သင်တန်း‌တွေရရှိဖို့နဲ့ ကူညီ‌ပေး နိုင်ဖို့ကို သူ့ထက်ဝါရင့်တဲ့သူ‌တွေနဲ့ပူး‌ပေါင်းပြီး သွီးအ‌ခြေပြုလူမှုဖွံ့ဖြိုး‌ရေးကွန်ယက်ကို တရားဝင်ဖွဲ့စည်း နိုင်ခဲ့ပြီး ရုံးလည်းဖွင့်နိုင်ခဲ့ပါတယ်။

“ကျ‌နော့်မှာ မိသားအစုစားဝတ်‌နေ‌ရေး အခက်အခဲရှိတယ်။ ‌မောင်နှမ‌တွေက ‌ကျောင်းတက်‌နေတဲ့အရွယ် ကိုယ့်မှာလည်း စီးပွား‌ရေးလုပ်တာလည်း မဟုတ်ဘူး ။ တစ်ဖက်က ‌စေတနာ့ဝန်ထမ်းလုပ်တယ်။ တစ်ဖက်က ကိုယ့်အဖွဲ့မှာလည်း ဦး‌ဆောင်တဲ့လူတစ်‌ယောက်ဖြစ်‌တော့ အခက်အခဲ‌တွေအများကြီးကြုံ‌တွေ့ရတယ်။ ဒါ‌ပေမယ့် ကိုယ့်ယုံကြည်မှုကို ဆက်သွားရင်း‌အောင်မြင်တဲ့အတိုင်းအတာတစ်ခု‌ရောက်တယ်”လို့ သူက‌ပြောပါတယ်။

လက်ရှိမှာ‌တော့ သူဖွဲ့ခဲ့တဲ့အဖွဲ့အစည်းမှာ Program Manager တာဝန်ကို ပြန်လုပ်ရင်း အစိုးရအသိမှတ်ပြုတဲ့ ဘွဲ့ကို မရရှိ‌ပေမယ့်လည်း အဆင့်မြင့်တဲ့ ပညာ‌တွေကို သူဆက်သင်နိုင်ဖို့ အွန်လိုင်းက‌နေ တစ်ဆင့် ဝင်ခွင့် စာ‌မေးပွဲဝင်‌ဖြေဆို‌အောင်မြင်ခဲ့တဲ့အတွက် နယူးဇီလန်နိုင်ငံ၊ Victoria University က Myanmar Young Leaders Programme မှာ Scholarship ၂၀၁၈ မတ်လ က‌နေစပြီး ၆ လတာ ‌ကျောင်းသွားတက်ဖို့ သူ‌ရွေးချယ် ခံရပါတယ်။
နိုင်ငံခြားမှာ ‌ကျောင်းတက်ပြီး ပြန်လာရင်‌တော့ နယ်စပ်နဲ့နီးစပ်ပြီး ပညာ‌ရေးဖွံ့ဖြိုးတိုးတက်မှုနည်း‌သေးတဲ့ သူ့ရဲ့ ‌ဒေသက လူငယ်အတွက် သူ့လိုအခက်အခဲ‌တွေနဲ့မကြုံရ‌အောင် ပညာ‌ရေးအခွင့်အလမ်း ရှာ‌ဖွေတတ်လာဖို့ ‌ကော့ကရိတ်မြို့နယ်ထဲမှာပဲ သင်တန်း‌ကျောင်းတစ်ခုပြန်လည်ဖွင့်လှစ်ဖို့ အစီအစဉ်ရှိထားတယ်လို့လည်းသူ က‌ပြော ပါတယ်။

‌စောမင်းခလိန်းလိုပဲထိုင်း-မြန်မာနယ်စပ်က ဖွင့်လှစ်ထားတဲ့‌ကျောင်း‌တွေမှာ ပညာသင်ပြီ ‌ကျောင်းပြီးခဲ့ တဲ့လူငယ်‌တွေ သူ့လိုအခက်အခဲ‌တွေနဲ့ ‌တွေ့ကြုံ‌နေရတဲ့ ကရင်လူငယ်‌တွေများစွာရှိ‌နေဆဲပါ။ ဒါ‌ပေမယ့် ‌စောမင်းခလိန်းလို အမြဲရုန်းကန်ကြိုးစား‌နေတဲ့လူငယ်‌တွေအတွက်က‌တော့ အခွင့်အ‌ရေးဆိုတာ ရှိ‌နေ အုန်းမှာပဲဖြစ်ပါတယ်။

ဒီလိုဘဝတူလူငယ်‌လေး‌တွေအတွက် သူ့ရဲ့ လူငယ်စကားလက်‌ဆောင်က‌တော့“ အချိန်ကုန်အပင်ပန်းခံပြီး သင် ယူထားတဲ့ ပညာရပ်ကို အစိုးရက အသိမှတ်မပြုလည်း ကိုယ်ရရှိထားတဲ့ ‌အောင်လက်မှတ်က ကိုယ့်အတွက် အရမ်းတန်ဖိုးရှိတယ်။ အသိမှတ်ပြုမခံရဘူး၊ အခွင့်လမ်းမရှိဘူးလို့ အချိန်ကုန်စဉ်းစား‌နေမယ့်အစား လက်ရှိငါ ဘာလုပ်နိုင်လဲဆိုတာ အချိန်မဖြုန်းဘဲ လက်‌တွေ့လုပ်‌စေချင်တယ်” လို့ ‌စောမင်းခလိန်းက စကားလက်‌ဆောင်ပါးလိုက်ပါတယ်။