Home သတင်း KNU ‌မွေးမြူ‌ရေးဌာန (ဗဟို)မှ ပြုလုပ်သည့်‌မွေးမြူ‌ရေးဆိုင်ရာ သင်တန်းကို ၅ ကြိမ်‌မြောက် ထပ်မံဖွင့်လှစ်

KNU ‌မွေးမြူ‌ရေးဌာန (ဗဟို)မှ ပြုလုပ်သည့်‌မွေးမြူ‌ရေးဆိုင်ရာ သင်တန်းကို ၅ ကြိမ်‌မြောက် ထပ်မံဖွင့်လှစ်

2818

နိုဝင်ဘာ ၁ ရက်။ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

KNU -ကရင်အမျိုးသားအစည်းအရုံး၏ ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန ဗဟို ဦး‌ဆောင်မှုဖြင့် ၅ ကြိမ်‌မြောက်ပြု လုပ်သည့် တစ်လကြာ ‌မွေးမြူ‌ရေးသင်တန်းကို ‌အောက်တိုဘာ ၃ဝ ရက်‌နေ့မှ စတင်ကာ KNU ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်း ဌာန ဗဟို တွင် ထပ်မံဖွင့်လှစ်သင်ကြား‌ပေး‌နေ‌ကြောင်း သိရသည်။

‌အောက်တိုဘာလ ၃ဝ ရက်မှ နိုဝင်ဘာလ ၃ဝရက်‌နေ့အထိပြုလုပ်မည့် ‌မွေးမြူ‌ရေးဆိုင်ရာသင်တန်းမှာ သင် တန်းသားများအ‌နေဖြင့် မိမိတို့သက်ဆိုင်ရာဌာနအတွင်း ‌မွေးမြူ‌ရေး လုပ်ငန်းများကို ‌ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ရန်ဖြစ်‌ကြောင်း ဖားအံခရိုင် ‌မွေးမြူ‌ရေးနှင့်‌ရေလုပ်ငန်း ဌာန တာဝန်ခံ ပဒို‌စောအယ်ထီး‌ကော် က ‌ပြောသည်။

၎င်းက“ မြို့နယ်အလိုက် ခရိုင်အလိုက် ‌မွေးမြူ‌ရေးနဲ့ပတ်သက်ပြီး နည်းစနစ်တကျနဲ့ ပြန်လုပ်ကိုင်သွား နိုင်‌အောင် သင်တန်း‌ပေးတာဖြစ်တယ်။ ‌လော‌လောဆယ် စီးပွားဖြစ်‌တော့ မလုပ်နိုင်‌သေးဘူး။ ဌာန လုပ်ငန်း စဉ် တစ်ခုဘဲလုပ်နိုင်‌သေးတယ်။ ကျ‌နော်တို့ ဖားအံခရိုင်မှာ‌တော့ DKBA ခွဲထွက်နဲ့ BGF ကြား တိုက်ပွဲဖြစ်တဲ့ ‌နေရာနီး‌တော့ ကျ‌နော်တို့ ‌မွေးမြူ‌ရေးလုပ်ငန်းစဉ်ကို ခဏနားထားတယ်။ ဒါ‌ပေမယ့် နည်းနည်း ပါးပါး‌တော့လုပ်‌နေပါပြီး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဖွင့်လှစ်လိုက်သည့်သင်တန်းတွင် ဖားအံ၊ သထုံ၊ ‌ညောင်‌လေးပင်၊ ဘိတ်ထားဝယ်၊ ‌တောင်ငူ၊ ဖာပွန်၊ ဒူးပလာယာစသည့် KNU ခရိုင် (၇)ခု အပြင် ဗဟို‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန၊ ဗဟို သတ္တုတွင်း ဌာနမှ ကိုယ်စားလှယ်များနှင့်အတူ KNU/KNLA-PC မှကိုယ်စားလှယ် အပါအဝင် စုစု‌ပေါင်း ၄၅ ဦးတက်‌ရောက်သည် ဟုသိရသည်။

အဆိုပါ တက်‌ရောက်သည့်သင်တန်းသားများအ‌နေဖြင့် သင်တန်းပြီးပါက သက်ဆိုင်ရာဌာနတွင် ပြန်လည် လုပ်ကိုင် ရမည်ဖြစ်ပြီး သင်တန်းတွင် ‌မွေးမြူ‌ရေး၊ ‌ရောဂါကာကွယ်‌ရေး၊ ကုသ‌ရေး၊ ငါး‌မွေးမြူ‌ရေး၊ ငါးသားထိုးသား‌ဖောက်ခြင်း၊ သဘာဝ‌မြေဩဇာပြုလုပ်ခြင်းစသည့် နည်းပညာများအား စာ‌တွေ့အပြင် ‌မွေးမြူ‌ရေးဇုန်များတွင် ကွင်းဆင်းခြင်း၊ ‌လေ့လာခြင်းအစီအစဉ်များကိုလည်း ပြုလုပ်‌ပေးမည်ဖြစ်သည်။

ထို့အတူ ၅ ကြိမ်‌မြောက်ဖွင့်လှစ်သည့် ‌မွေးမြူ‌ရေးဆိုင်ရာသင်တန်းတွင် KNU ဌာနဆိုင်ရာများအပါအဝင် KNU/KNLA-PC မှသင်တန်းသား ၃ ဦး ပထမဆုံးအကြိမ်ပါဝင်တက်‌ရောက်သည်ဟုသိရပြီး KNU/KNLA-PCအ‌နေဖြင့် ‌မွေးမြူ‌ရေးနှင့် ပတ်သက်သည့် ၎င်းတို့လုပ်‌ဆောင်‌နေသည့် အ‌ခြေအ‌နေများကိုယခုလို‌ပြောသည်။

KNU/KNLA-PC ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး ‌စော‌ကျော်ဝင်းက “ကျ‌နော်တို့ဘက်မှာလည်း ‌မွေးမြူ‌ရေး တို့၊ စိုက်ပျိုး‌ရေးတို့၊ သက်ဆိုင်ရာဌာနရှိတယ်။ ကြက်၊ ဝက်၊ ဆိတ်၊ နွားတို့‌မွေးမြူတာပဲ။ ကြက်က‌တော့ ၆ ရုံ‌လောက်ရှိမယ်။ စီးပွားအဖြစ်‌တော့ လုပ်လို့ရတယ်။ ထို့‌ကော်ကိုးက စာသင်‌ကျောင်းလိုအပ်ချက်၊ တပ်သားမိသားစု လိုအပ်ချက်‌တွေကို ပြန်ကူညီရတာ‌ပေါ့။ နည်းပညာပိုင်း‌တော့ အစိုးရဘက်က လာ‌ပေးတာရှိခဲ့ဖူးတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

KNU အပါအဝင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် ကရင်တိုင်းရင်း သားလက် နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များအ‌နေဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အသီးသီးတွင် ငါး၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား စသည့် ‌မွေးမြူ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေ‌သော်လည်း နည်းပညာ အားနည်းခြင်း‌ကြောင့် ထိ‌ရောက်စွာ လုပ်‌ဆောင်နိုင်မှု မရှိ‌သေး‌ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ထုတ်‌ဖော်‌ပြောပြချက်အရ သိရသည်။

KNU ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာန ဗဟိုဌာနမှ ယခုဖွင့်လှစ်သည့်အလားတူသင်တန်းမျိုးကို တပ်မဟာ (၃)တွင် တစ်ကြိမ်၊ တပ်မဟာ(၆)တွင်တစ်ကြိမ်နှင့် ဗဟိုတွင် ၂ကြိမ် ပြုလုပ်‌နေပြီးဖြစ်ကာ ယခုအပါအဝင် ၅ကြိမ်‌မြောက် ရှိ‌နေပြီဖြစ်သည်။