Home ထိပ်တန်းသတင်း ဝင်း‌ရေးမြို့နယ် ကရင်နှစ်သစ်ကူး‌နေ့တွင် အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ရုပ်ထု စိုက်ထူမည်

ဝင်း‌ရေးမြို့နယ် ကရင်နှစ်သစ်ကူး‌နေ့တွင် အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ရုပ်ထု စိုက်ထူမည်

7001

နိုဝင်ဘာလ ၃ ရက်၊ ၂ဝ၁၇ခုုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် စု‌ပေါင်းကျင်းပမည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင် ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ နှစ် ၈ဝ ပြည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ အခမ်းအနားတွင် ကရင်အမျိုးသား‌ခေါင်း ‌ဆောင် ‌စောဘဦးကြီး၏ ရုပ်ထု ဂုဏ်ပြုစိုက်ထူသွားမည်ဟု ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

“‌စောဘဦးကြီးဟာ နိုင်ငံ‌တော်မှာ အစိုးရဝန်ကြီး တာဝန်ထမ်း‌ဆောင်ခဲ့တယ်။ အမျိုးသား‌ရေးအ‌ပေါ်မှာလည်း စွန့်လွှတ် အနစ်နာခံခဲ့တဲ့ အာဇာနည်တစ်ဦးပါ။ သူ့ရဲ့ထူးချွန်‌ပြောင်‌မြောက်တဲ့ ဂုဏ်‌တွေကို ‌လေးစားဂုဏ်ပြုတဲ့အ‌နေနဲ့ ‌နောင်လာ ‌နောက်သား‌တွေ သူ့လိုအတုယူ ကြိုးစားအားထုတ်နိုင်‌အောင် ရည်ရွယ်ထားရှိခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၁၉ ရက်၊ နှစ် သစ်ကူးကျင်းပမယ့်‌နေရာမှာ ဂုဏ်ပြု စိုက်ထူသွားမှာဖြစ်ပါတယ်။ ” ဟု ကရင်နှစ်သစ်ကူး ကျင်းပ‌ရေး‌ကော်မတီ၏ ယဉ် ‌ကျေးမှုဥက္ကဌ ‌စောသိန်းမြိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌အောက်‌ခြေ ၂၅ ‌ပေ ပတ်လည်၊ အမြင့် ၉ ‌ပေရှိသည့် အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ရုပ်ထုကို သံကူကွန်ကရစ်ဖြင့် ထုလုပ်သွားမည်ဖြစ်ပြီး ကျပ်‌ငွေ ၇၆ သိန်း ကုန်ကျမည်ဟု ယဉ်‌ကျေးမှုဥက္ကဌ ‌စောသိန်းမြိုင်က ဆက်‌ပြောသည်။

ဝင်း‌ရော်‌ဒေသခံ ‌စော‌ယောင့်သာအဲဆန်က “ ‌ဒေသ ၄ ခု‌ပေါင်းပြီး ကရင်နှစ်သစ်ကူး‌နေ့မှာ အထိမ်းအမှတ်အ‌နေနဲ့ ‌စောဘဦး ကြီးရုပ်ထုစိုက်ထူတာက အမျိုးသား‌ရေး အသိတစ်ခုကို ‌ရှေ့ထွက်လုပ်ပြတဲ့အတွက် ဂုဏ်ယူပါတယ်။ ဇာတိ‌သွေး၊ ဇာတိမာန် ပြသတဲ့ အသံမဲ့ရုပ်ပုံတစ်ခုပါ။ နိုင်ငံ‌ခေါင်း‌ဆောင်တာဝန်ကို ထမ်း‌ဆောင်ခဲ့ဖူးသလို ကရင့်‌တော်လှန်‌ရေး‌ခေါင်း ‌ဆောင်ကြီး တစ်ဦးလည်းဖြစ်‌တော့ ရုပ်ထုကို ‌ကောင်းတဲ့ဆရာသမား‌တွေနဲ့ အများ‌လေးစား‌လောက်တဲ့ လက်ရာဖြစ်ဖို့ တိုက်တွန်းချင် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်အ‌နေဖြင့် ဝင်း‌ရော်၊ ဇမိ၊ ဘုရားသုံးဆူနှင့် ‌တောင်ညိုတန်းအ‌နောက်ဘက်‌ရေး‌ဒေသ စသည့် ‌ဒေသ ၄ခုမှ ‌ကျေးရွာအုပ်စု ၄၂ ခုဖြင့် စု‌ပေါင်းကျင်းပသွားမည်ဖြစ်ပြီး ကရင်ရိုးရာယဉ်‌ကျေးမှု သမိုင်းပြခန်း၊ ရိုးရာဖီးဘူး‌ယော်၊ ကရင်ဒုံးအကပြိုင်ပွဲနှင့် ထိုင်း-မြန်မာရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။